Tuesday, January 27, 2026

မိုးနဲမြို့လူငယ်(၂)ဦး အကြောင်းမဲ့ရိုက်ခံရ၊ ကျူးလွန်သူများအရေးယူပေးခြင်းမရှိသေး

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် မှ လူငယ် (၂)ဦးကို လူတစ်စုက အကြောင်းမဲ့ဝိုင်းရိုက်နှက်ခဲ့ပြီး ဒဏ်ရာပြင်းထန်ခဲ့ပြီး လက်ရှိအချိန်ထိ ကျူးလွန်ခံရသူများကို အရေးယူမှုမရှိသေးကြောင်း စုံစမ်းသိရသည်။

ရိုက်နှက်ခံရသည့် လူငယ် (၂)ဦး

ဖြစ်စဉ်မှာ ဇူလိုင် ၁၂ ရက်နေ့ (ဝါဝင်ရက်) တွင် လူငယ် (၂) ဦးသည် ဘုန်းကြီးကျောင်းသို့အလှူသွားလုပ်စဉ် လမ်းတစ်ဝက်၌ လူ (၈) ဦးက သံလက်တီး၊ တုတ်တို့ဖြင့် ရိုက်နှက်ပြီးထွက်ပြေးသွားခဲ့သည်။

ထိုသို့ ရိုက်နှက်ခံခဲ့ရသူ လူငယ်တစ်ဦးသည် ဒဏ်ရာပြင်းထန်ကာ ဆေးရုံသို့ဆေးသွားကုသခဲ့ရကြောင်း၊ လက်ရှိအချိန်ထိ ကျူးလွန်ခဲ့သည့် သူများကို အရေးယူပေးခြင်းမရှိသေးကြောင်း လူငယ်(၂)ဦး၏ ဆွေမျိုးများက ပြောကြားသည်။

“ အဲနေ့ကလူငယ် (၂) ယောက်က ဘုန်းကြီးကျောင်းအလှူသွားလုပ်တာ။ လမ်းတစ်ဝက်မှာ သူတို့နဲ့လည်းမသိတဲ့ လူတစ်စုက ဝိုင်းလာရိုက်တာတဲ့။ (၈) ယောက်က လူ (၂) ယောက်ကို ဝိုင်းရိုက်တာ။ သူတို့ရိုက်တာ သံလက်တီးတွေကောပါတယ်။ ဟိုနှစ်ယောက်ကတော့ ဆေးရုံတက်လိုက်ရတယ်” ဟု ရိုက်ခံရသည့် လူငယ် (၂) ဦး၏ ဆွေမျိုးဖြစ်သူ အမျိုးသား က ပြောသည်။

ရိုက်ခံရသည့်လူငယ် ၂ ဦးသည် စိုင်းဟတ်ခေး (၂၇) နှစ် နှင့် စိုင်းလတ် အသက် (၂၇) ရှိနေပြီးဖြစ်ကြသည်။

၎င်းတို့ရိုက်ခံရချိန်တွင် ရဲတွေရောက်ရှိလာခဲ့သော်လည်း ဖမ်းဆီးသွားခြင်းမရှိဘဲ လက်ရှိအချိန်ထိလည်း အရေးယူမှုမရှိသေးပေ။

ထိုရိုက်ခံရသည့် လူငယ် (၂) ဦးသည် ဒဏ်ရာပြင်းထန်ခဲ့ပြီး ဆေးရုံသို့ (၅) ရက်ဆေးကုခဲ့ရကြောင်းသိရသည်။

“ ရိုက်ခံရတဲ့သူကတော့ ဆေးရုံ (၅) ရက်လောက်တက်ရတယ်။ တစ်ယောက်ကတော့ မျက်ရိုးနဲ့ ပါးစပ်ချုပ်လိုက်ရတယ်။ ကျန်တစ်ယောက်တော့ ရိုးရိုးဒဏ်ရာရခဲ့တာ။ သူတို့ရိုက်ခံရတဲ့ချိန် ရဲတွေရောက်လာလည်း အရေးယူတာဖမ်းတာမရှိဘူး။ အခုထိလည်း ဘာမှအရေးယူပေးတာမျိုးမရှိဘူး။ တရားစွဲထားလည်း အခြေနေက မတက်လာဘူး။ အလုပ်မလုပ်ကြဘူး” ဟု အထက်ပါ အမျိုးသားက ပြောသည်။

အဆိုပါ (၈) ဦးသည် ယခင်ကလည်း တစ်ခြားလူငယ်အဖွဲ့ကို သွားရိုက်ဖူးခဲ့ကြောင်းသိရသည်။

ထိုသို့ ရိုက်ခံရသောကြောင့် တရားမျှတမှုကို ဖော်ထုတ်ပေးရန် နှင့် ဥပဒေ အရ အရေးယူသင့်ကြောင်း ရိုက်ခံရသည့် လူငယ်က ပြောသည်။

“ ကျနော်တို့တော့ တရားမျှတမှုလိုချင်တယ်။ ဥပဒေ အရအရေးယူခိုင်းစေချင်တယ်။ အခုက ဒီလိုမျိုး အရေးယူ ပေးတာမရှိဘူး။ အခုချိန်ထိ ဖမ်းဆီးတာမျိုးလည်းမရှိသေးဘူး” ဟု ရိုက်ခံရသည့် လူငယ် တစ်ဦးက ပြောသည်။

လက်ရှိရိုက်ခဲ့သည့် လူ (၈) ဦးသည် ၂ ဦးသာ ရဲက ခေါ်ယူထားပြီး ကျန်ရှိသည့် ၆ ယောက်ကို အရေးယူဆောင်ရွက်မှု မရှိသေးပေ။
အလားတူ ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်နေ့လည်း လဲချားမြို့ ရပ်ကွက် (၇) ကျွဲကျောင်းသားတစ်ဦးကို လူငယ်တွေက ဝိုင်းရိုက်ခဲ့မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Mong_Nai_Rice_Harvest

ဆန်စပါးသယ်ယူခွင့် စစ်ကော်မရှင် ကန့်သတ်ထားခြင်းကြောင့် မိုးနဲမြို့ လယ်သမားများ အခက်ကြုံ

0
စစ်ကော်မရှင်က ဆန်စပါး နယ်ကျော်သယ်ယူ ရောင်းချမှုကို ကန့်သတ်ထားခြင်းကြောင့် ယခုနှစ် စပါးပေါ်ချိန်တွင် လယ်သမားများ စပါးရောင်းမထွက်ဘဲ အရှုံးပေါ်နေပြီး မိသားစု စီးပွားရေးများ အခက်အခဲ ကြုံနေရကြောင်း လယ်သမားများက ပြောသည်။

ချစ်သူများနေ့ သွားလည်နေစဉ် အသတ်ခံရသည့် မိုးနဲ အမျိုးသမီးငယ်

0
သျှမ်းပြည် မိုးနဲမြို့ ဥယျာဉ်ရပ်ကွက်တွင် နေထိုင်သော အမျိုးသမီးငယ်တစ်ဦးသည် ချစ်သူများနေ့ (ဖေဖော်ဝါရီ ၁၄ ရက်)၌ သွားလည်နေစဉ် အသတ်ခံရလိုက်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ အဆိုပါ အမျိုးသမီးငယ်၏ ရုပ်အလောင်းကို (ဖေဖော်ဝါရီလ ၁၅ ရက်) နံနက် ၁၀ နာရီဝန်းကျင်တွင် နမ့်စန်မြို့နယ် လွိုင်ဆိုင်းရွာအဝင်ရှိ ဝက်သားဆိုင်အနီး၌...

မိုးနဲတွင် စစ်မှုထမ်းဆင့်ခေါ်ခံရသူများ မဖြစ်မနေ စစ်မှုထမ်းရမည်ဟု အမိန့်ထုတ်၊ ထွက်ပြေးပါက ထိထိရောက်ရောက် အရေးယူခံရမည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် မိုးနဲမြို့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ပြီး စစ်မှုမထမ်းဘဲ ထွက်ပြေးပါက ထိထိရောက်ရောက်အရေးယူခံရမည်ဟု စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးက ဒေသခံများကိုခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။  အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများသည်...

မိုးနဲ ရေကြီ’ စပါးခင်း ဧက ၆ထောင် ထက်မနည်းပျက်စီး

0
သျှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့တွင် (ဩဂုတ်လ ၁၆ ရက်) နေ့မှ စပြီး ရေမြင့်တက်ကာ စပါးခင်း ဧက ၆ထောင) ထက်မနည်းပျက်စီးသွားကြောင်းသတင်းရရှိသည်။ မိုးနဲမြို့နယ်တွင် စပါးခင်း ဧက (၉ထောင်) စိုက်ပျိုးကြပြီး ဩဂုတ်လ ၁၄ ရက်မှ စပြီး မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် မိုးနဲမြို့ပြင်ရှိ နမ့်ဆလိုင်နှင့်...

မိုးနဲမြို့နယ် ဘုန်းကြီးကျောင်းဝန်းအတွင်း ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး လောင်းကစားများဖွင့်လှစ်နေ

0
သျှမ်းပြည် နမ့်စန်ခရိုင် မိုးနဲမြို့နယ် ဆိုင်းဖယ်ရွာအရှေ့ဘက်ရှိ လုံစံဘုန်းကြီးကျောင်းဝန်းအတွင်း ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးမှ ဦးဆောင်၍ လောင်းကစားဝိုင်းများ ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်မှစ၍ ရဲတပ်ဖွဲ့ဝင်ဟောင်း ကိုမြင့်ဇော်ဆိုသူမှ ဦးဆောင်ပြီး အာဏာပိုင်းများထံ ကျပ်ငွေ သိန်းနှင့်ချီအခွန်ဆောင်ကာ ဆိုင်းဖယ်ရွာအရှေ့ဘက်ရှိ လုံစံဘုန်းကြီးကျောင်းဝန်းအတွင်းသို့ လာရောက်လောင်းကစားဖွင့်ထားသည်မှာ ၁ လရှိလာပြီ...