နောင်ချိုမြို့နယ် သေနတ်ထိမှန်သည့် အမျိုးသားတစ်ဦး ဆေးကုသရန် ခက်ခဲနေ
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာ အမျိုးသားတစ်ဦး၏ ကားကို စစ်ကောင်စီမှ ချောဆွဲခေါ်သွားချိန် မန္တလေး PDF ဘက်က တစ်ဖက်သတ်ပစ်ခတ်မှုကြောင့် ၎င်းအမျိုးသား ကျည်ထိမှန်ကာ ဆေးကုသရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇူလိုင်လ ၂၈ ရက် နေ့လည် ၁ နာရီက စစ်ကောင်စီမှ...
ကျေးသီးမြို့နယ် စစ်ကောင်စီက ပြည်သူပိုင်နွားကို သေနတ်ပစ်ပြီး ပိုင်ရှင်ကို ဓားဖြင့်ခုတ်
SHAN -
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနင်းကျေးရွာအုပ်စု နောင်ယုန်းကျေးရွာထဲတွင် စစ်ကောင်စီက ပြည်သူပိုင်နွားကို လာရောက်ပစ်ခတ်ပြီး ပိုင်ရှင်ကိုလည်း ဓားဖြင့် ပြန်လည်ခုတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( ဩဂုတ် ၃၁) ရက် နေ့လည် (၁) နာရီ ဝန်းကျင်တွင် စစ်ကောင်စီက ပြည်သူပိုင်နွားကို သေနတ်ဖြင့် ပစ်နေသည်ကို ပိုင်ရှင်ကတွေ့ရှိပြီး...
နမ့်စန် – ခိုလမ်လမ်းပိုင်း လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ လိုင်းကားများ အခွန်ပိုကောက်ခံနေ
သျှမ်းပြည်တောင်ပိုင်း နမ့်စန်- ခိုလမ် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ လိုင်းကားများကို လမ်းအခွန် ပိုမိုကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။ ယခု ကာလတွင် စက်သုံးဆီ အဆမတန် မြင့်တက်နေသဖြင့် လိုင်းကားပြေးဆွဲသော ကားသမားများသည် စက်သုံးဆီကုန်ကျစရိတ်မှာ ယခင်ကထက် ပိုကုန်ကျလာကြောင်း နမ့်စန်-ခိုလမ်ကြားရှိ လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုက လမ်းအခွန်များကို ပိုမိုကောက်ခံနေသဖြင့်...
မြန်မာငွေဈေးနှုန်းကျဆင်း ကုန်ဈေးနှုန်းမြင့်တက်လာ ဆိုင်တစ်ချို့ပိတ်သိမ်းရ
လက်ရှိ မြန်မာငွေဈေးနှုန်းအလွန်ကျဆင်းလာသဖြင့် ပြည်တွင်း ကုန်ဈေးနှုန်း မြင့်တက်လာပြီး သျှမ်းပြည်အတွင်းရှိ ဆိုင်တစ်ချို့က ပိတ်သိမ်းလိုက်ရကြောင်း စုံစမ်းသိရှိရသည်။ ယခု ရက်ပိုင်းတွင် ထိုင်းငွေ ၁၂၀၀ ဘတ်ကို မြန်မာငွေ ၁ သိန်းကျပ်ရနေပြီး၊ တရုတ်ငွေ ယွမ် ၁၀၀ ကို မြန်မာငွေ ၄၅,၀၀၀ ထိဈေးပေါက်နေပြီး...
နမ့်စန်လေတပ်မှ တပ်ကြပ်အရာရှိတစ်ဦး အဆိပ်သောက်သေဆုံး
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ အခြေစိုက် စစ်ကောင်စီ လေတပ်စခန်းမှ တပ်ကြပ်အရာရှိတစ်ဦးသည် နေအိမ်၌ အဆိပ်သောက်ကာ သေကြောင်းကြံခဲ့ကြောင်း သတင်းသိရသည်။ သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၃ နာရီ ဝန်းကျင်တွင် ဖြစ်စဥ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြင်းထန်သော ဝေဒနာဖြင့် နမ့်စန်ဆေးရုံသို့ ပို့ဆောင်ပေးစဥ် လက်မခံသဖြင့် အောင်ပန်းမြို့ရှိ...
အာဏာသိမ်း စစ်ကောင်စီအဖွဲ့ရဲ့ လက်နက်ကိုင်ကျုးကျော်တိုက်ခိုက်မှု၊ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ခံစားရသူတွေထဲမှာ ကရင်နီပြည်နယ်အတွင်းက အပြစ်မဲ့ပြည်သူတွေလည်း ပါဝင်နေပါတယ်။ ဒီလိုဒေသတွင်းက စစ်ရှောင်ပြည်သူတွေ၊ လက်နက်ကြီးလက်နက်ငယ် ထိမှန်သူတွေကို ကူညီကယ်ဆယ်ဖို့ ပရဟိတ ကူညီလုပ်ဆောင်နေသူတွေထဲမှာ အမျိုးသမီးတစ်ဉီးဖြစ်တဲ့ မသဇင်မိုး (အမည်လွှဲ) လည်းပါဝင်ပါတယ်။ မသင်ဇင်မိုးဟာ ပရဟိတကူညီကယ်ဆယ်ရေး အလုပ်တွေကို Mobye Recuse...
ဇွပ်အောင်စစ်ရှောင် ပြည်သူ နှင့် ရွာသား တစ်ဦးကို MNDAA ရိုက်နှက်ပြီး တာဝန်ယူဖြေရှင်းပေးခြင်းမရှိ
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ ဇွပ်အောင်ကျေးရွာမှ ပြည်သူတစ်ဦးနှင့် တခြားရွာသား တစ်ဦးကို ကိုးကန့်တပ်မတော် (MNDAA) တပ်သားများ ရိုက်နှက်ပြီး လက်ရှိအချိန်ထိ တာဝန်ယူဖြေရှင်းပေးခြင်းမရှိကြောင်း သတင်း သိရသည်။ ဩဂုတ် ၁၇ ရက် ည ၁၀ နာရီဝန်းကျင်တွင် MNDAA တပ်သား ၁၀ ဦးခန့်သည်...
နောင်ချိုမြို့နယ် စစ်ရှောင် အမျိုးသမီး နှင့် ကလေးငယ်များ ဆေးဝါးလိုအပ်နေ
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် စစ်ဘေးရှောင်များအတွက် ကျန်းမာရေးအတွက် ဆေးဝါး လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိ မိုးရာသီဖြစ်သည့်အတွက်ကြောင့် မိခင်နှင့်အမျိုးသမီး၊ ကလေးသူငယ်များအတွက် ဆေးဝါး လိုအပ်နေကြောင်း သိရသည်။ “အခုက ဆေးဝါးတွေ ပိုလိုအပ်တယ်။ စားဝတ်နေရေးလည်း ခက်ခဲတာပေါ့။ အမျိုးသမီးတွေအတွက်ဆို လစဉ်သုံးတွေက လိုတယ်။ ကိုယ်ဝန်ဆောင် မိခင် နဲ့...
မိုင်းဆတ် မူးယစ်ဆေးဝါးသုံးစွဲသူများ သောင်းကျန်းနေ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူများ သောင်းကျန်းနေကြောင်း စုံစမ်းသိရသည်။ လက်ရှိ မိုင်းဆတ်မြို့လယ်ခေါင်တွင် မူးယစ်ဆေးများကို ပေါ်တင်သုံးစွဲလာပြီး နေ့လည်ပိုင်းအချိန်၌ အုတ်တံတိုင်းကျော်ကာ ပစ္စည်းများ ပေါ်တင်ဝင်ရောက်ခိုးယူနေကြောင်း မိုင်းဆတ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “မြို့လယ်ခေါင်မှာလည်း မူးယစ်ဆေးဝါးတွေ သုံးနေတာ။ မြို့ထဲမှာ ပေါ်တင်သုံးနေတာ။ ပြီးတော့ နေ့လည်အချိန်မှာတောင် အုတ်တံတိုင်း...
ပင်းတယမြို့နယ် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်တွင် အမျိုးသားတစ်ဦးသည် ကြိုးဆွဲချကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း သတင်းသိရသည်။ သြဂုတ်လ ၂၇ ရက်တွင် ပင်းတယမြို့ ကသာကျေးရွာနေ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦး သည် ရွာထိပ်နားရှိ ရေထွက်နားတွင် ပုဆိုးကွင်းဖြင့် ကြိုးလုပ်ကာ ကြိုးဆွဲချသေဆုံးကြောင်း ဒေသခံအမျိုးသမီး တစ်ဦးက...





