နမ့်စန် – ခိုလမ်လမ်းပိုင်း လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ လိုင်းကားများ အခွန်ပိုကောက်ခံနေ

သျှမ်းပြည်တောင်ပိုင်း နမ့်စန်- ခိုလမ် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ လိုင်းကားများကို လမ်းအခွန် ပိုမိုကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။

ယခု ကာလတွင် စက်သုံးဆီ အဆမတန် မြင့်တက်နေသဖြင့် လိုင်းကားပြေးဆွဲသော ကားသမားများသည် စက်သုံးဆီကုန်ကျစရိတ်မှာ ယခင်ကထက် ပိုကုန်ကျလာကြောင်း နမ့်စန်-ခိုလမ်ကြားရှိ လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုက လမ်းအခွန်များကို ပိုမိုကောက်ခံနေသဖြင့် လိုင်းကားပြေးဆွဲသူများအတွက် ခက်ခဲနေကြောင်း သိရသည်။

လိုင်းကားဂိတ်

“တောင်ကြီးမှာ ဓာတ်ဆီတစ်လီတာ (၃,၀၀၀) ကျော်တယ်။ အခု တောင်ကြီး – တာချီလိတ် အသွားအပြန် တစ်ခေါက်ကို စက်သုံးဆီစားရိတ် (၁၂) သိန်းကျော်အထိကုန်တယ်။ အခုက နမ့်စန် နဲ့ ခိုလမ်ကြားမှာ အခွန်ကောက်တာလည်း သိန်းဂဏန်းထိကောက်နေတယ်။ လိုင်းကားပြေးဆွဲရတာ အဆင်မပြေတော့ဘူး“ ဟု ယာဥ်ငယ်လိုင်းကားပြေးဆွဲနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

ယခင်တွင် တောင်ကြီး – တာချီလိတ် လိုင်းကားပြေးဆွဲရာ အသွားအပြန် တစ်ခေါက်တွင် စက်သုံးဆီကုန်ကျစရိတ် မှာ ကျပ်ငွေ (၉) သိန်းကျော်အထိသာ ကုန်ကျပြီး ယခုကာလတွင် စက်သုံးဆီဈေးနှုန်း မြင့်တက်လာသဖြင့် စက်သုံးဆီ ကုန်ကျစရိတ်မှာ (၁၂) သိန်းကျော် အထိကုန်ကျနေကြောင်း သိရသည်။

အဆိုပါ ယာဉ် လိုင်းကား ပြေးဆွဲသူများသည် ဈေးနှုန်းမြင့်တက်မှု နှင့် အခွန်များကို ပိုမိုပေးဆောင်ရသဖြင့် လိုင်းကားများ ရပ်တန့်ရမည့် အနေအခြေရောက်ရှိနိုင်ကြောင်း ၎င်းအထက်ပုဂ္ဂိုလ်တစ်ဦးက ထပ်လောင်း ပြောသည်။

“ဆီဈေးနှုန်း မြင့်တက်လို့ လိုင်းကား တော်တော်များများက နားသွားပြီ။ အခု ဆီဈေးနှုန်း မြင့်တက်တာရယ်၊ အခွန်ဆောင်ရတာရယ် နောက်ဆိုရင် ကျနော်တို့ လိုင်းကားတွေလည်း ရပ်တန့်ရမယ့်အနေအထား ရောက်သွားနိုင်တယ်“ ဟု ယာဥ်မောင်းတစ်ဦးက ဆိုပြန်သည်။

ထို့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့အဝင်ဂိတ်တွင် စစ်ကောင်စီတပ်များလည်း ပိုက်ဆံကောက်ခံနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခိုလမ်မြို့နယ် နွား ၁၁ ကောင် မိုးကြိုးစက်ကွင်းထိပြီး သေဆုံး

0
သျှမ်းပြည် တောင်ပိုင်း ခိုလမ်မြို့နယ်တွင်း နွား ၁၁ ကောင် သည် မိုးကြိုးစက်ကွင်း ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါဖြစ်စဉ်သည် ဇူလိုင်လ ၂၂ ရက် နေ့လည်ပိုင်း ခိုလမ်မြို့နယ် ဟိုနောင်ကျေးရွာတွင် ဖြစ်ပွားခဲ့ပြီး မိုးရွာသွန်းနေချိန် နွားများ သစ်ပင်အောက်တွင် ခိုနားနေစဉ် မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်စန် မတ်ကျန်းပြည်သူ့စစ်နယ်မြေ KBZ ဘဏ်ခွဲ ဦးအောင်ကိုဝင်း ကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့

0
သျှမ်းပြည် နမ့်စန်မြို့နယ် ပန်လျန်းဆိုင်ဒေသရှိ မတ်ကျန်းပြည်သူ့စစ် ထိန်းချုပ်နယ်မြေထဲ KBZ Bank ကမ္ဘောဇဘဏ်ခွဲတစ်ခုကို ဦးအောင်ကိုဝင်း ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၀ ရက်) နံနက်ပိုင်းတွင် နမ့်စန်မြို့နယ်ရှိ မတ်ကျန်းဌာနေပြည်သူ့စစ် ထိန်းချုပ်ရာ ပန်လျန်းဆိုင်ဒေသ ပန်လင်းကျေးရွာ၌ ကမ္ဘောဇဘဏ်လီမိတက်မှ KBZ Bank...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...