မြန်မာငွေဈေးနှုန်းကျဆင်း ကုန်ဈေးနှုန်းမြင့်တက်လာ ဆိုင်တစ်ချို့ပိတ်သိမ်းရ

လက်ရှိ မြန်မာငွေဈေးနှုန်းအလွန်ကျဆင်းလာသဖြင့် ပြည်တွင်း ကုန်ဈေးနှုန်း မြင့်တက်လာပြီး သျှမ်းပြည်အတွင်းရှိ ဆိုင်တစ်ချို့က ပိတ်သိမ်းလိုက်ရကြောင်း စုံစမ်းသိရှိရသည်။

ယခု ရက်ပိုင်းတွင် ထိုင်းငွေ ၁၂၀၀ ဘတ်ကို မြန်မာငွေ ၁ သိန်းကျပ်ရနေပြီး၊ တရုတ်ငွေ ယွမ် ၁၀၀ ကို မြန်မာငွေ ၄၅,၀၀၀ ထိဈေးပေါက်နေပြီး ပြည်တွင်းက ကုန်ဈေးနှုန်း မတည်ငြိမ်သဖြင့် ဆိုင်များပိတ်သိမ်းခဲ့ရကြောင်း သျှမ်းပြည်တောင်ပိုင်း လဲချားမြို့ ကုန်ဆုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“ရောင်းရင်လည်း မမြတ်ဘူးလေ။ အမြတ်ထဲကတောင် ပြန်စိုက်ထုတ်ပြီးရောင်းနေရတာ။ အရင်လည်း ပြုတ်တယ်လေ။ အဲ့ကြောင့်မလို့ ပိတ်ထားလိုက်တာ။ ငွေဈေးတည်ငြိမ်မှပဲ ပြန်ဖွင့်တော့မယ်” ဟု ၎င်းက ပြောသည်။

အလားတူ ကုန်စုံကြီးများလည်း ကုန်ပစ္စည်းတွေကို အများကြီး မတင်ထားရဲတော့ပဲ နေ့စဉ် စားသောက်ကုန်များကိုသာ တင်ပြီး ရောင်းချနေရကြောင်းသိရသည်။

လဲချားမြို့

“ကျမတို့လည်း ကုန်ပစ္စည်းတွေကို အများကြီးမတင်ရောင်းထားတော့ဘူး။ နေ့တိုင်းရောင်းရတာပဲတင်ရောင်းတော့တယ်။ ဆန်၊ ဆီ၊ ဆားတွေပဲ တင်ထားတော့တယ်။ တစ်ချို့ကုန်တွေဆို သိပ်မတင်ရောင်းတော့ဘူး။ ဆန်တွေကိုတောင် အများကြီးမတင်ထားဘူး” ဟု တာချီလိတ်မြို့ ကုန်သည်ဆိုင်ကြီး တစ်ဦးက ပြောသည်။

ထိုအပြင် လက်ရှိ ကုန်သည်များသည်လည်း ရောင်းဝယ်ရေးအတွက် ခက်ခဲနေပြီး နေ့စဉ်အလိုက် ကုန်ပစ္စည်းကို ဈေးမြင့်တင်ပြီးရောင်းချနေရကြောင်း အဆိုပါ တာချီလိတ်ကုန်သည်ကြီးက ထပ်လောင်းပြောသည်။

ထိုသို့ ဈေးမြင့်တင် ရောင်းချတာကြောင့် ဝယ်ယူသုံးစွဲသူများအနေဖြင့်လည်း ချင့်ချိန်ပြီး ဈေးဝယ်သုံးစွဲနေရကြောင်း ကုန်ဈေးနှုန်းမြင့်တက်လာတာကြောင့် တစ်ရက်သာ လုပ်အားခနှင့်လည်း ကုန်ဈေးနှုန်းဝယ်ယူမှု မကိုက်ညီကြောင်း ကျောက်မဲမြို့ ဒေသခံ အမျိုးသမီးက ပြောသည်။

“ကျမတို့က နေ့စားခ လိုက်တာလေ။ တစ်ရက်ဆို အများဆုံး ၅ ထောင်ပဲရတာ။ တစ်ချို့ရက် ကုန်ဈေးနှုန်းမြင့်တက်လာတော့ ကျမတို့ဝယ်ယူဖို့က ခက်လာတယ်။ တစ်ချို့ရက်ဆို ကိုယ့်ရဲ့ လုပ်အားခနဲ့တောင် မတန်ဘူး။ မစားတော့လည်း မရတော့ ဝယ်နေရတယ်။ ပိုက်ဆံတွေလည်း မစုမိနိုင်တော့ဘူး” ဟု ကျောက်မဲမြို့ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခင်က ထိုင်း- မြန်မာ ငွေလဲလှယ်မှုနှုန်း မြန်မာကျပ်ငွေ ၁ သိန်းကို ထိုင်းဘတ်ငွေ ၂၂၅၀ ရရှိပြီး လက်ရှိမှာ မြန်မာငွေ ၁ သိန်းကို ထိုင်းဘတ်ငွေ ၁၀၀၀ ဝန်းကျင်သာရရှိတော့ကြောင်းသိရသည်။
လက်ရှိမှာလည်း ပြည်သူတွေစားဝတ်နေရေး ယခင်ကထက် ပိုခက်ခဲလာနေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...