Tuesday, January 27, 2026

နောင်ချိုမြို့နယ် စစ်ရှောင် အမျိုးသမီး နှင့် ကလေးငယ်များ ဆေးဝါးလိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် စစ်ဘေးရှောင်များအတွက် ကျန်းမာရေးအတွက် ဆေးဝါး လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိ မိုးရာသီဖြစ်သည့်အတွက်ကြောင့် မိခင်နှင့်အမျိုးသမီး၊ ကလေးသူငယ်များအတွက် ဆေးဝါး လိုအပ်နေကြောင်း သိရသည်။

“အခုက ဆေးဝါးတွေ ပိုလိုအပ်တယ်။ စားဝတ်နေရေးလည်း ခက်ခဲတာပေါ့။ အမျိုးသမီးတွေအတွက်ဆို လစဉ်သုံးတွေက လိုတယ်။ ကိုယ်ဝန်ဆောင် မိခင် နဲ့ ကလေးတွေ အတွက်က ဆေးတွေလိုနေတယ်။ အခုက ရာသီတုပ်ကွေးလည်း ဖြစ်တယ်လေ။ ကလေးတွေလည်း နေသိပ်မကောင်းကြဘူး” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးက ပြောသည်။

အဆိုပါ ဒိုးပင်ကျေးရွာမှာ ရောက်နေသည့် စစ်ရှောင်ထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး ၉ ဦးရှိနေပြီး ယခုလအတွင်း (၃) ဦး မွေးဖွားရန်ရှိသဖြင့် မွေးဖွားစားရိတ်လိုအပ်နေသည်။

နောင်ချိုမြို့နယ်တွင်းရှိ စစ်ရှောင်

ထိုအပြင် ဟိုခိုကျေးရွာတွင် ရောက်နေသည့် စစ်ရှောင်များတွက်က သောက်ရေသန့်တွေလိုအပ်နေကြောင်း သိရသည်။

“ ဒီဒိုးပင်မှာက ကိုယ်ဝန်ဆောင် (၉) ယောက်ထဲမှာ ဒီလ ၃ ယောက်မွေးမှာ။ သူတို့အတွက် မွေးစားရိတ်တွေ လိုအပ်နေတယ်။ ဟိုခိုကျေးရွာမှာဆိုရင်လည်း သောက်ရေသန့်တွေကို ဝယ်သောက်နေရတယ်။ မိုးရွာတော့ ချောင်းရေတွေလည်း သောက်လို့ အဆင်မပြေဘူးလေ” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် သူက ပြောသည်။

နောင်ချိုမြို့နယ်တွင် စစ်ဘေးရှောင်စုစုပေါင်း (၂၅၀) အိမ်ထောင်စုရှိပြီး လူဦးရေ (၁၀၀၀) ဝန်းကျင်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဒိုးပင်ကျေးရွာဘုန်းကြီးကျောင်းမှာ ၆၀၀ နီးပါးရှိပြီး၊ ဟိုခိုကျောင်းတိုက်တွင် ၁၁၀ ဦး နှင့် ကလားကွဲဘုန်းကြီးကျောင်းတွင် ၁၅၀ ကျော်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...