နောင်ချိုမြို့နယ် စစ်ရှောင် အမျိုးသမီး နှင့် ကလေးငယ်များ ဆေးဝါးလိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် စစ်ဘေးရှောင်များအတွက် ကျန်းမာရေးအတွက် ဆေးဝါး လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိ မိုးရာသီဖြစ်သည့်အတွက်ကြောင့် မိခင်နှင့်အမျိုးသမီး၊ ကလေးသူငယ်များအတွက် ဆေးဝါး လိုအပ်နေကြောင်း သိရသည်။

“အခုက ဆေးဝါးတွေ ပိုလိုအပ်တယ်။ စားဝတ်နေရေးလည်း ခက်ခဲတာပေါ့။ အမျိုးသမီးတွေအတွက်ဆို လစဉ်သုံးတွေက လိုတယ်။ ကိုယ်ဝန်ဆောင် မိခင် နဲ့ ကလေးတွေ အတွက်က ဆေးတွေလိုနေတယ်။ အခုက ရာသီတုပ်ကွေးလည်း ဖြစ်တယ်လေ။ ကလေးတွေလည်း နေသိပ်မကောင်းကြဘူး” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးက ပြောသည်။

အဆိုပါ ဒိုးပင်ကျေးရွာမှာ ရောက်နေသည့် စစ်ရှောင်ထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး ၉ ဦးရှိနေပြီး ယခုလအတွင်း (၃) ဦး မွေးဖွားရန်ရှိသဖြင့် မွေးဖွားစားရိတ်လိုအပ်နေသည်။

နောင်ချိုမြို့နယ်တွင်းရှိ စစ်ရှောင်

ထိုအပြင် ဟိုခိုကျေးရွာတွင် ရောက်နေသည့် စစ်ရှောင်များတွက်က သောက်ရေသန့်တွေလိုအပ်နေကြောင်း သိရသည်။

“ ဒီဒိုးပင်မှာက ကိုယ်ဝန်ဆောင် (၉) ယောက်ထဲမှာ ဒီလ ၃ ယောက်မွေးမှာ။ သူတို့အတွက် မွေးစားရိတ်တွေ လိုအပ်နေတယ်။ ဟိုခိုကျေးရွာမှာဆိုရင်လည်း သောက်ရေသန့်တွေကို ဝယ်သောက်နေရတယ်။ မိုးရွာတော့ ချောင်းရေတွေလည်း သောက်လို့ အဆင်မပြေဘူးလေ” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် သူက ပြောသည်။

နောင်ချိုမြို့နယ်တွင် စစ်ဘေးရှောင်စုစုပေါင်း (၂၅၀) အိမ်ထောင်စုရှိပြီး လူဦးရေ (၁၀၀၀) ဝန်းကျင်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဒိုးပင်ကျေးရွာဘုန်းကြီးကျောင်းမှာ ၆၀၀ နီးပါးရှိပြီး၊ ဟိုခိုကျောင်းတိုက်တွင် ၁၁၀ ဦး နှင့် ကလားကွဲဘုန်းကြီးကျောင်းတွင် ၁၅၀ ကျော်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...