Wednesday, January 28, 2026

နောင်ချိုမြို့နယ် သေနတ်ထိမှန်သည့် အမျိုးသားတစ်ဦး ဆေးကုသရန် ခက်ခဲနေ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာ အမျိုးသားတစ်ဦး၏ ကားကို စစ်ကောင်စီမှ ချောဆွဲခေါ်သွားချိန် မန္တလေး PDF ဘက်က တစ်ဖက်သတ်ပစ်ခတ်မှုကြောင့် ၎င်းအမျိုးသား ကျည်ထိမှန်ကာ ဆေးကုသရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၂၈ ရက် နေ့လည် ၁ နာရီက စစ်ကောင်စီမှ ဒိုးပင်ကျေးရွာသား၏ ကားကိုချောဆွဲသွားစဥ် လမ်းတွင် မန္တလေး PDF မှ တဖက်သတ်ပစ်ခတ်ခဲ့ပြီး အသက် (၄၅) နှစ်အရွယ်ရှိ ဦးတေဇ ၏ ဗိုက်ကို ကျည်ထိမှန်ခဲ့သည်။

“သူ့ကို စစ်ကောင်စီတွေကို သွားပို့ဖို့ ဆိုပြီးတော့ ချောပို့ခေါ်သွားတာ။ နားကျိုင်းရွာအကျော်မှာ တိုက်ပွဲဖြစ်တော့ သူ့ကို သေနတ်ပစ်မိသွားတာ။ ဗိုက်ကိုထိပြီး နောက်ကျောထိပေါက်သွားတာ။ လက်ရှိမှာ အစာအိမ်ကို ထုတ်ထားရတယ်။ သူအခုတော့ စစ်ဘေးရှောင်စခန်းမှာ ရောက်နေတာ။ သူဆေးကုသဖို့ ခက်ခဲနေတယ်” ဟု စစ်ဘေးရှောင်ကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်နက်ထိမှန်သူ

အဆိုပါ ဦးတေဇ သည် လက်ရှိမှာ ဆေးကုသရန် ခက်ခဲနေပြီး အလှူရှင်မရှိသောကြောင့် အိမ်တွင်းပစ္စည်းများကို ရောင်းချနေရသည်။

“ သူတို့ ဆေးကုသဖို့ ခက်ခဲနေတာ။ သူတို့ အလှူရှင်က မရှိဘူးလေ။ အရင်က ကျေးရွာအတွင်းမှာ အလှူငွေ ကောက်ပေးတာ။ အခုထိမရသေးဘူး။ သူတို့ အခုရှိတာကို ရောင်းပြီးတော့ ဆေးကုသနေရတာ။ ကျွဲ၊နွားတွေ လယ်ကွက်တွေ ရောင်းပြီးတော့ စားဝတ်နေရေးအတွက်နဲ့ ဆေးကုဖို့လုပ်နေကြရတာ” ဟု ၎င်းကပြောသည်။

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ နှင့် မန္တလေး PDF တို့ ဩဂုတ် ၂၄ ရက် က တိုက်ပွဲဖြစ်ပြီး ပြည်သူ (၁၀၀၀) ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...