Friday, April 19, 2024

နမ့်စန်လေတပ်မှ တပ်ကြပ်အရာရှိတစ်ဦး အဆိပ်သောက်သေဆုံး

Must read

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ အခြေစိုက် စစ်ကောင်စီ လေတပ်စခန်းမှ တပ်ကြပ်အရာရှိတစ်ဦးသည် နေအိမ်၌ အဆိပ်သောက်ကာ သေကြောင်းကြံခဲ့ကြောင်း သတင်းသိရသည်။

သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၃ နာရီ ဝန်းကျင်တွင် ဖြစ်စဥ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြင်းထန်သော ဝေဒနာဖြင့် နမ့်စန်ဆေးရုံသို့ ပို့ဆောင်ပေးစဥ် လက်မခံသဖြင့် အောင်ပန်းမြို့ရှိ ကုတင် ၇၀၀ စစ်ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း တပ်နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်စန်လေတပ်

“အဆိပ်သောက်ပြီး သွေးတွေအန်လာလို့ သူ့ယောက္ခမက တွေ့လိုက်တာ၊ နမ့်စန်ဆေးရုံကိုပို့လိုက်တော့ လက်မခံဘူး၊ အဲ့ကြောင့် အောင်ပန်းက ကုတင် ၇၀၀ ကို ပို့လိုက်တယ်၊ ၄ နာရီဝန်းကျင်မှာ အောင်ပန်းက ဆေးရုံမှာပဲ သေဆုံးသွားတယ်” ဟု တပ်နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သေဆုံးသူ တပ်ကြပ်အရာရှိသည် ချမ်းငြိမ်း နာမည်ဖြစ်ပြီး အသက် ၃၂ နှစ်ရှိ လက်ရှိတွင် ၉ လအရွယ် သမီးလေး နှင့် ဇနီးဖြစ်သူ ကျန်ရစ်ခဲ့ကြောင်း သတင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article