“သူတို့ဘက်ကနေကြည့်ရင် ကျမတို့လုပ်ရပ်က negative ဖြစ်တာပေါ့။ အဲ့ခါကျတော့ အဓိကတော့ ကျမတို့လုံခြုံရေးကို စိုးရိမ်ရတာပေါ့”

အာဏာသိမ်း စစ်ကောင်စီအဖွဲ့ရဲ့ လက်နက်ကိုင်ကျုးကျော်တိုက်ခိုက်မှု၊ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ခံစားရသူတွေထဲမှာ ကရင်နီပြည်နယ်အတွင်းက အပြစ်မဲ့ပြည်သူတွေလည်း ပါဝင်နေပါတယ်။ ဒီလိုဒေသတွင်းက စစ်ရှောင်ပြည်သူတွေ၊ လက်နက်ကြီးလက်နက်ငယ် ထိမှန်သူတွေကို ကူညီကယ်ဆယ်ဖို့ ပရဟိတ ကူညီလုပ်ဆောင်နေသူတွေထဲမှာ အမျိုးသမီးတစ်ဉီးဖြစ်တဲ့ မသဇင်မိုး (အမည်လွှဲ) လည်းပါဝင်ပါတယ်။

မသင်ဇင်မိုးဟာ ပရဟိတကူညီကယ်ဆယ်ရေး အလုပ်တွေကို Mobye Recuse Team မှာ ပါဝင်လှုပ်ရှားနေပြီး စစ်ဘေးရှောင် ပြည်သူတွေကို ကူညီပေးနေပါတယ်။ အမျိုးသမီးဖြစ်တဲ့အလျောက် ကူညီကယ်ဆယ်ရေး လုပ်ငန်းမှာ ဘာအခက်အခဲကြုံနေရလဲ ဘယ်လိုစိန်ခေါ်မှုရှိလဲဆိုတာ သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်လျန်က ဆက်သွယ်မေးမြန်ခဲ့ပါတယ်။

စစ်ရှောင် ကူညီပေးသူ

မေး။ ။ Mobye Rescue Team ကို ဖွဲ့စည်းခဲ့တာ ဘယ်လောက်ကြာရှိပြီလဲ။ မသဇင်မိုးအနေနဲ့ ဒီအဖွဲ့စည်းထဲ ပါဝင်လှုပ်ရှားလာတာ ဘယ်ကတည်းကပါလဲ။

ဖြေ။ ။ အဖွဲ့အစည်းက အာဏာသိမ်းပြီးနောက်ပိုင်းမှပဲ ဖွဲ့စည်းလာခဲ့တာ။ ကျမလုပ်လာတာတော့ ဖွဲ့စည်းကတည်းကပဲ လုပ်လာခဲ့တာ။ ၁ နှစ်ကျော်လောက်တော့ ရှိနေပါပြီ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာပဲ ဒီအဖွဲ့စည်းထဲကို ဝင်ကူညီပေးခဲ့တာပေါ့။

မေး။ အာဏာမသိမ်းခင်တုန်းက ပရဟိတအလုပ်တွေ လုပ်ခဲ့ဖူးလား။

ဖြေ။ အာဏာမသိမ်းခင်တုန်းကတော့ ကျမက ဝန်ထမ်းတစ်ယောက်ပါ။ အာဏာသိမ်းပြီးတော့ CDM လုပ်တယ်။ ပြီးတော့ ပရဟိတ အလုပ်တွေ စလုပ်လာတယ်။

မေး ။ ။ ဘာကြောင့် Mobye Rescue Team ထဲမှာ ဝင်ရောက်လုပ်ကိုင်တာပါလဲ။

ဖြေ။ ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဆန္ဒတွေပြတယ်။ သပိတ်တွေ ထွက်တယ်ပေါ့နော်။ အဲ့ချိန်က မိုးဗြဲ Recuse team က မရှိသေးဘူး။ သပိတ်ကာလလည်း ကုန်လာတော့ တစ်ချို့ သပိတ်လုပ်တဲ့လူငယ်တွေက လက်နက်ကိုင် လမ်းစဉ်ကို ရွေးသွားကြတယ်။ အဲ့ချိန်မှာ ကျန်ခဲ့တဲ့ ကျမတို့က Mobye Recuse Team ဆိုပြီးတော့ အဖွဲ့ကို စတင် ဖွဲ့စည်းခဲ့တာပေါ့။ အဲ့ချိန်မှာ သင်တန်းတွေ တက်တယ်။ သိပ်မကြာဘူး ကျမတို့ဘက်မှာ တိုက်ပွဲဖြစ်တယ်။ အဲ့ဒါနဲ့ ကယ်ဆယ်ရေးပြီးတော့ စတင်လုပ်ခဲ့တာပေါ့နော်။

စစ်ရှောင်များကို ကူညီပေးတဲ့ Mobye Rescue Team

မေး။ ။ အဖွဲ့စည်းက ဘယ်လိုလူတွေကို အဓိကထား ကူညီပေးနေတာပါလဲ။

ဖြေ။ ။ ကျမတို့က အဓိကတော့ ဒီစစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့တယ်။ တိုက်ပွဲအတွင်းမှာ ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူတွေကို ကူညီကယ်ဆယ်ပေးတယ်။ အဓိကတော့ အဲဒါတွေ လုပ်ပါတယ်။ အခုတလောတော့ စစ်ဘေးရှောင်တွေကို ကူညီပေးနေပါတယ်။

မေး။ ။ Mobye Recuse Team ထဲမှာ အမျိုးသမီးအဖွဲ့ဝင်ရော ရှိပါလား။

ဖြေ။ ။ စစ်ဘေးရှောင်တွေကို ကူညီပေးရင်တော့ ကျမတို့က အဖွဲ့စည်းတွေ အနေနဲ့ပဲ အကုန်ကူညီပေးနေတာ။ အဖွဲ့ထဲမှာ အမျိုးသမီးက ၅ ဦးလောက်ရှိပါတယ်။ လူကတော့ များပါတယ်။ အများစုကတော့ မိုးဗြဲဒေသခံ တွေဖြစ်တယ်။

မေး။ ။ အမျိုးသမီးတစ်ယောက်အနေနဲ့ စစ်ဘေးရှောင်တွေကို ကူညီပေးနေရာမှာ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံရပါလဲ။

ဖြေ ။ ။ ကျမတို့ကတော့ ဒီအတိုင်း စစ်ဘေးရှောင်တွေကို ကူညီပေးနေတာပေါ့။ ဒါပေမယ့် စစ်ကောင်စီအတွက်က မကောင်းတဲ့သူတွေ ဖြစ်တာပေါ့။ သူတို့ဘက်ကနေကြည့်ရင် ကျမတို့လုပ်ရပ်က negative ဖြစ်တာပေါ့။ အဲ့ခါကျတော့ အဓိကတော့ ကျမတို့ လုံခြုံရေးကို စိုးရိမ်ရတာပေါ့။ ကျမတို့က ရှောင်တိမ်းပြီးနေရတယ်။ ရှောင်တိမ်းပြီးတော့ စစ်ရှာင်တွေကို ကူညီပေးနေရတာပေါ့။ တောတောင်ထဲမှာ နေရတာ။ အိမ်မှာလည်း မအိပ်ရဲဘူး။ လုံခြုံရေး မရှိသလို ခံစားရတယ်။ အိမ်မှာ မနေရဘူး။ အခက်ခဲကတော့ တော်တော်များများရှိတယ်။ မိန်းကလေးတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် သွားလာမှုလည်း ကြောက်ရတယ်။ ယောက်ျားလေးလို အဆင်မပြေဘူး။ ပြီးတော့ ဒီအဖွဲ့က ပရဟိတအဖွဲ့လည်းဖြစ်တော့ မိန်းကလေးအတွက်က ပိုပြီးခက်ခဲမှုတွေ ရှိတာပေါ့။

စစ်ရှောင်များကို ကူညီပေးတဲ့ Mobye Rescue Team

မေး။ ။ လမ်းခရီးမှာ စစ်ကောင်စီရဲ့စစ်ဆေးတာရော ကြုံရဖူးလား။ လတ်တလော ဘာတွေ အခက်အခဲ ရှိနေပါသလဲ။

ဖြေ။ ။ လောလောဆယ်တော့ မကြုံခဲ့ရသေးပါဘူး။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ စစ်ဘေးရှောင်တွေကို ကူညီပေး နေရတာပေါ့။ အခုနောက်ပိုင်းကတော့ အကုန်လုံးက ခက်ခဲတာပေါ့။ သွားလာဖို့ကအစ ခက်ခဲတယ်။ ကုန်ဈေးနှုန်းတွေကလည်း တက်လာတယ်။ ဆေးဝါးကအစ ဈေးတက်လာတယ်။ ပြီးတော့ ကျမတို့ကလည်း စစ်ရှောင်တွေကို ဆေးသွားကုပေးတယ်။ စစ်ရှောင်တွေနေတဲ့ ကမ့်(camp) တွေ အထိ ဆေးသွားကုပေးတယ်။ အဲ့လိုခါကျတော့ သွားလာဖို့နဲ့ ဆေးဝါးတွေ ခက်ခဲလာတယ်။ ဆေးတွေလည်း အခမဲ့ ကုပေးတယ်။ အဲ့ကျတော့ အကုန်ခက်ခဲတယ်။ အခက်ခဲတွေလည်း အများကြီးပါပဲ။

မေး ။ စစ်မြေပြင်ကိုရော ကွင်းဆင်းပြီး သွားကယ်ဆယ်ဖူးတာမျိုးရှိလား။

ဖြေ။ ကွင်းဆင်းပြီးတော့ သွားကူပေးတယ်။ စစ်မြေပြင်မှာ ပိတ်မိနေတဲ့သူတွေကိုလည်း သွားကူညီပေးခဲ့ရတယ်။ လက်နက်ကြီး ထိမှန်တဲ့ သူတွေကိုလည်း စစ်မြေပြင်မှာ သွားကူညီပေးခဲ့တယ်။ တစ်ချို့က စစ်မြေပြင်မှာပဲ ပိတ်မိနေလို့ သွားခေါ်လာရတာပေါ့။ ပြီးရင် ဘေးလွတ်တဲ့နေရာမှာ နေရာတွေ ချပေးတယ်။ ကိုယ်လည်း အသက်တစ်ချောင်းပဲလေနော် အသက်စွန့်ပြီးတော့ သွားရတာပေါ့။ စိုးရိမ်တာတော့ စိုးရိမ်တာပေါ့။

စစ်ရှောင်များကို ကူညီပေးတဲ့ Mobye Rescue Team

မေး။ ။ လက်ရှိမှာ ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာတယ်။ ပြီးတော့ မြန်မာငွေဈေးနှုန်းလည်း ကျလာတော့ အခုတလော စစ်ရှောင်တွေအတွက်ရော အလှူရှင်ရှိနေသေးရဲ့လား။

ဖြေ။ ။ အခုက လာလှူတဲ့သူတွေလည်း မရှိသလောက် နည်းလာတယ်။ အရမ်းကိုလည်း ခက်ခဲနေကြတဲ့ အချိန်လည်း ဖြစ်နေပြီလေ။ အလှူရှင်တွေလည်း သိပ်မရှိဘူး ဖြစ်နေတာပေါ့နော်။ အခုက ဆေးဝါးတွေလည်း အရမ်းခက်ခဲနေတယ်။ အစားသောက်တွေလည်း ခက်ခဲတယ်။ သွားလာဖို့လည်း အရမ်းကို စိုးရိမ်ရတယ်။

မေး။ ။ အလှူရှင်တွေနဲ့ ထောက်ပံ့ကူညီပေးနေသူတွေကို ဘယ်လိုအမှာစကားပါးချင်တာရှိပါလဲ။

ဖြေ ။ ။ ဒီကရင်နီ မိုးဗြဲဘက်မှာ စစ်ရှောင်တွေလည်း အရမ်းခက်ခဲတာပေါ့နော်။ ဆေးဝါးတွေ၊ စားနပ်ရိက္ခာကစ အားလုံးခက်ခဲတယ်။ ကျမတို့ သွားလာရလည်း ခက်ခဲတယ်။ စစ်ရှောင်တွေ နေဖို့ကလည်း ရှိသေးတယ်။ သူတို့ကို ကူညီဖို့ဆိုရင် အလှူငွေရှိမှပဲ အဆင်ပြေမှာပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ ကျမတို့ အသင်းကိုလည်း အလှူငွေ ထည့်ပေးပါအုံးလို့ ပြောချင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...