Sunday, May 5, 2024

CATEGORY

သတင်း

ဟုန်ပန်းကုမ္ပဏီ တာချီလိတ်လယ်မြေများ အဓမ္မခြံခတ်သိမ်း

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် ဟောင်လိတ် ရပ်ကွက် ဝမ်းဟောင်ရွာ ရှိ ပြည်သူပိုင် လယ်ယာမြေများကို ဟုန်ပန်း ကုမ္ပဏီ ကခြံစည်းရိုးခတ် သိမ်းယူေနကြောင်း သတင်းရရှိသည်။ ဧပြီ ၉ ရက်တွင် ဟုန်ပန်းကုမ္ပဏီသည် စစ်ကောင်စီ အုပ်စုဖြစ်သည့် ရဲတပ်ဖွဲ့ကို အကာအကွယ်ယူပြီး တာချီလိတ် ပြည်သူများ ပိုင်ဆိုင်ပြီး သီးနှံစိုက်ပျိုးသည့်မြေပေါ်...

မိုးမောက်မြို့နယ်ထွေအုပ်ရုံး ဗုံးပေါက်ကွဲ ဝန်ထမ်း (၄)ဦး ဒဏ်ရာရ

ကချင်ပြည် မိုးမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးအတွင်း ဗုံး ပေါက်ကွဲမှုဖြစ်သဖြင့် ဝန်ထမ်း (၄) ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ မေ (၁၄) ရက် မနက် ၁၁ ခန့်တွင် မြို့နယ်ထွေအုပ်ရုံးတွင်း မြို့နယ်စစ်ကောင်စီ နှင့် ရပ်ကျေး အုပ်ချုုပ်ရေးမှူးများ အစည်းဝေးပြီးချင်း၊ အစည်းအဝေး...

စစ်ကောင်စီ စစ်ဆေးမှု ကို လက်မခံသည့် အမျိုးသမီး သေနတ်ပစ်ခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အာဏာသိမ်းစစ်ကောင်စီ မှစစ်ဆေးမှုကိုလက်မခံသဖြင့် အမျိုးသမီး တစ်ဦး သေနတ်ပစ်ခံရကြောင်းသိရသည်။ တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းတွင် မေ (၁၂)ရက် ညနေ (၃)နာရီတွင် စစ်ကောင်စီမှ ကား၊ဆိုင်ကယ်များကို ရပ်တန့်စစ်ဆေးနေစဉ် အမျိုးသမီးသမီး က ဆိုင်ကယ်လှည့်ထွက်သွားသဖြင့် စစ်ကောင်စီမှ သေနတ်ဖြင့် ပစ်လိုက်ကြောင်း၊ အမျိုးသမီး လက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း...

နမ့်ခမ်း ဈေးဆိုင်များထံ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ က ဆက်ကြေးကောက်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ ဈေးဆိုင်များ ထံ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက ဆက်ကြေးလိုက်လံ ကောက်ခံနေကြောင်း သတင်းရရှိသည်။ နမ့်ခမ်းမြို့ရှိ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များ အအေးဆိုင်များ၊ စာရေးကိရိယာဆိုင်များ စသည့် ဆိုင်ဖွင့်ထားသည့် ဈေးသည်များထံ တိုင်းရင်းသားလက်နက်ကိုင်များက စာပို့ပြီး ဆက်ကြေးကောက်နေကြောင်း နမ့်ခမ်းဒေသခံများက ပြောဆိုကြသည်။ “မနေ့ညက ဖုန်းဆက်လာပြီး စားသောက်ဆိုင် တစ်ဆိုင်ကို...

နည်းပညာတက္ကသိုလ်(တောင်ကြီး) စစ်ကောင်စီလုံခြုံရေးယူထားချိန် ပေါက်ကွဲမှုဖြစ်၊ အရပ်သား တစ်ဦးသေ

တောင်ကြီးမြို့ နည်းပညာတက္ကသိုလ်အနီးတွင် ယနေ့ (မေ ၁၄)ရက် မနက် (၁၀)နာရီခွဲကျော်၌ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူတစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ “ တစ်ယောက်သေတယ်။ သေသွားတဲ့ တယောက်က စိတ်သိပ်မမှန်ဘူး။ ကျန်တဲ့တစ်ယောက် ဒဏ်ရာရထားတယ်။ လက်ရှိတော့ဆေးရုံးမှာ။ ခြေနေဘယ်လိုရှိလဲတော့မသိရသေးဘူး။” ဟု တောင်ကြီးမြို့ ဒေသခံတစ်ဦးက...

ဒလန်ကြောင့် စစ်ကောင်စီ အုပ်စု ပြည်သူများနေအိမ် ဖျက်ဆီးဝင်ရောက် ပစ္စည်းယူ

တောင်ကြီးမြို့ ဒလန်များသတင်းပေးမှုကြောင့် စစ်ကောင်စီ အုပ်စုသည် ပြည်သူနေအိမ်များကို သော့ဖျက်ဝင်ရောက်ပြီး နေအိမ်ထဲရှိ ဆိုင်ကယ်နှင့် တခြားပစ္စည်းများ ယူဆောင်သွားကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့ ရွှေသူဌေးကုန်ရပ်ကွက်တွင် မေလ ၁၂ ရက် ညနေ (၄ )နာရီ အချိန်တွင် စစ်ကောင်စီ အုပ်စုမှ လူမနေသည့် နေအိမ်ကို ဝင်ရောက်မွှေနှောက်ပြီး...

မူဆယ်မြို့ လင်မယား စကားများရာမှ အမျိုးသမီး ခေါင်းဖြတ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ဟိုမွန်ရပ်ကွက်တွင်းရှိ နေအိမ်တစ်အိမ် တွင် ယမန်နေ့( မေ ၁၃)ရက် ည ( ၇ )နာရီ ဝန်းကျင် ၌ အမျိုးသမီး တစ်ဦးခေါင်းသတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ည (၇) နာရီ ဝန်းကျင်ခန့်က လင်မယား (၂) ဦး...

မူဆယ် လူငယ် (၂)ဦး လက်နက်နှင့် အတူဖမ်းဆီးရမိ စစ်ကောင်စီ လုပ်ကြံသတင်းလွှင့်

မူဆယ်မြို့ တွင် အသက်မပြည့်သည့် ကလေးအပါအဝင် လူငယ်(၂)ဦး ကို လက်နက်နှင့် အတူဖမ်းဆီးရမိဟု စစ်ကောင်စီမှ လုပ်ကြံသတင်း ကြေညာခဲ့သည်။ ထိုသတင်း ကြေညာပြီးနောက် မူဆယ်ပြည်သူအားလုံးကို တုန်လှုပ်စေခဲ့သည်။ မေ ၁၁ရက် မနက် (၉ )နာရီ ဝန်းကျင်တွင် ထို လူငယ် (၂)ဦးဖြစ်သည် အသက် (၁၇)နှစ်အရွယ်...

ပင်လုံမြို့ စစ်ကောင်စီ အုပ်စု မှ လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး ငွေကျပ် ၃သိန်း တောင်း

သျှမ်းပြည် တောင်ပိုင်း ပင်လုံမြို့ တွင် စစ်ကောင်စီ အုပ်စုမှ လိုင်းစင်မဲ့ မော်တော်ယာဉ်တစ်စီးလျှင် ငွေကျပ် ၃သိန်း တောင်းနေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း သျှမ်းပြည်အတွင်း လိုင်းစင်မဲ့ မော်တော်ယာဉ်များကို လိုက်လံစစ်ဆေးနေပြီး၊ လိုင်စင်မရှိသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို တစ်စီးလျှင် ကျပ်ငွေ ၃သိန်း ပေးဆောင်ခဲ့ရကြောင်း ပင်လုံမြို့...

မိုးမောက် စစ်ဘေးရှောင်များအတွက် အမိုးအကာနှင့် ထင်းများလိုအပ်နေ

ကချင်ပြည် မိုးမောက်မြို့နယ်တွင် စစ်ကောင်စီ နှင့် ကချင်တပ်မတော်(KIA) တို့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်များအတွက် အမိုးအကာများ ချက်ပြုတ်ရန်အတွက် ထင်းများ လိုအပ်လာကြောင်း စုံစမ်းသိရှိရသည်။ ထိုတိုက်ပွဲကြောင့် စစ်ဘေးရှောင် (၄၈၀၀) ကျော် ရှိပြီး ၎င်းတို့အထဲတွင် သျှမ်းလူမျိုးများ နေထိုင်သည့် ကျေးရွာ (၅၀) ကျော် ရွာလုံးကျွတ်သည်...

Latest news