Thursday, April 25, 2024

CATEGORY

သတင်း

နမ့်စန်မြို့ အစိုးရ ဌာနများရှိသည့်နေရာ ဗုံးလန့်မှုဖြစ်

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိ အစိုးရ ဌာနဆိုင်ရာ ရုံးများရှိရာ နေရာများတွင် ယနေ့ (မေ ၄)ရက် မနက် ၉ နာရီဝန်းကျင်တွင် ဗုံးရှိသည်ဟု စာတန်းပါရှိသော ပါဆယ်ထုပ် တွေ့ရှိသဖြင့် လမ်းများပိတ်ထားကြောင်း သတင်းရရှိသည်။ “ရုံးတက်နေတဲ့သူတွေကို သတိပေးတဲ့ ပုံစံဖြစ်မယ်ထင်တယ်။ ခုထိတော့ စစ်ဆေးနေတုန်းပဲလို့ သိရတယ်။ လမ်းတော့...

နမ္မတူမြို့နယ် မန်လီကျေးရွာ နေအိမ်များ ပြာကျသည့်အထိ မီးရှို့ခံရ

သျှမ်းပြည်တောင်ပိုင်း နမ္မတူမြို့နယ် မန်လီကျေးရွာအတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှု အနီးတွင် အရပ်သား နေအိမ် (၄၀)ကျော် မီးရှို့ဖျက်ဆီးခံရကြောင်း သတင်းရရှိသည်။ နမ္မတူမြို့နယ် မန်လီကျေးရွာ တွင် မေလ (၂) ရက် ညနေပိုင်းအထိ ဒေသခံနေအိမ် (၄၄) အိမ် မီးရှို့ခံရကြောင်း၊ မီးရှို့ခံရချိန်တွင် မန်လီဒေသခံများ စစ်ဘေးရှောင်နေရသည့်အချိန်ဖြစ်နေကြောင်း...

ဟိုပုံးမြို့နယ် နေအိမ်ခဏပြန်လာသည့် NLD ကိုယ်စားလှယ်လောင်း တဦး ဖမ်းဆီးခံရ

သျှမ်းပြည် တောင်ပိုင်း ဟိုပုံးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်ကျော်အေး ကို ယမန်နေ့ (မေ ၃)ရက် ည ၁၀နာရီကျော် တွင် အကြမ်းဖက်စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သတင်းရရှိသည်။ ဦးခွန်ကျော်အေးသည် စစ်တပ်မှ နိုင်ငံတော် အာဏာကို သိမ်းယူပြီးနောက်ပိုင်း ရှောင်ပုန်းနေထိုင်ခဲ့ရာမှ ၎င်း၏...

CDM ပြုလုပ်သည့် ပညာရေးဝန်ထမ်းများ လုပ်ငန်းခွင်သို့ ပြန်မဝင်ပါက ၅၀၅ (က)ဖြင့်ဖမ်းဆီးမည်ဟု ခြိမ်းခြောက်

သျှမ်းပြည်အတွင်း စစ်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုပြုလုပ်နေသည့် ပညာရေးဝန်ထမ်းများကို ရာဇာသတ်ကြီး ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုနေသဖြင့် တချို့ ပညာရေးဝန်ထမ်းများ စိုးရိမ်စိတ်များဖြင့် လုပ်ငန်းခွင် ပြန်ဝင်နေရကြောင်း စုံစမ်းသိရသည်။ အကြမ်းဖက် စစ်ကောင်စီ မှ ကျောင်းများ ပြန်လည်ဝင်ရန် နည်းမျိုးစုံ ကြိုးစားနေပြီး၊...

မိုးမောက်မြို့နယ် စစ်ကောင်စီ ရဟတ်ယာဉ်ကို KIA မှ ပစ်ချ၊ တိုက်ပွဲပြင်းထန် အရပ်သားသေဆုံးမှုရှိ

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောကျေးရွာအနီးတွင် ယနေ့ (မေ ၃)ရက် မနက်ပိုင်း တိုက်ပွဲအတွင်းပြင်းထန်ကာ အကြမ်းဖက် စစ်ကောင်စီမှ တိုက်ခိုက်ရေး ရဟတ်ယာဉ် ကို KIA မှ ပစ်ချလိုက်သဖြင့် ပျက်ကျခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ မနက်ပိုင်း အကြမ်းဖက် စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် တရစပ် လေကြောင်း...

“ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦး တော်လှန်ရေးနေ့” သျှမ်းပြည်တွင် (၂)ဦးကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများပြား

ဒုတိယအကြိမ် “ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့” မတ် (၂)ရက်တွင် တွင် သျှမ်းပြည်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသည့် ပြည်သူ (၂ ) ဦးကျဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ မတ်လ (၂) ရက်တွင် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့တွင် မြန်မာပြည်တဝှမ်း လမ်းပေါ်ထွက် ဆန္ဒပြမှု ပြုလုပ်ခဲ့ရာ ဆန္ဒပြသူ...

တောင်ကြီးလူငယ် တဦးကို အကြမ်းဖက် စစ်ကောင်စီ ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ကံအောက်ရပ်ကွက်တွင် ယမန် ( ဧပြီ ၂၉ ) ညနေ့ ၃နာရီ အချိန်၌ အကြမ်းဖက် စစ်ကောင်စီ မှ လူငယ် တဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့ ကံအောက်ရပ်ကွက် ရွှေနှင်းဆီဝက်သားချဉ်ဆိုင်းအနီး အိမ်စီးကားဖြင့် လာရောက်ပြီး လူငယ် (၂)ဦး...

တာချီလိတ်မြို့ ကုန်ပစ္စည်းများ အလုယက်ဝယ်ယူ၊ ကုန်ဈေးနှုန်းမြင့်တက်

မြန်မာ-ထိုင်း နယ်စပ် သျှမ်းရှေ့ တာချီလိတ်မြို့တွင် ကုန်ပစ္စည်းကို အလုယက် ဝယ်ယူနေသဖြင့် ကုန်ဈေးနှုန်း မြင့်တက်နေကြောင်း စုံစမ်းသိရှိရသည်။ အကြမ်းဖက် စစ်ကောင်စီမှ မေလ ၁ ရက်နေ့မှ စတင်ပြီး ထိုင်းကုန်ပစ္စည်း ၅ မျိုးကို တင်းသွင်းခွင့် ပိတ်ထားလိုက်မည်ဟု ကြေညာပြီးနောက် ကုန်ပစ္စည်းများ ပြတ်လပ်မည်ကို စိုးရိမ်သဖြင့်...

ဖားကန့်တွင် စစ်ကောင်စီမှ ဆန်နှင့်ဆီ တင်သွင်းမှုပိတ် ကုန်ဈေးနှုန်းစတင်မြင့်တက်လာ

ကချင်ပြည် ဖားကန့်မြို့တွင်း အကြမ်းဖက် စစ်ကောင်စီမှ ဆန် နှင့် စက်သုံးဆီများ တင်သွင်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်ဈေးနှုန်းများလည်း မြင့်တက်လာကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း ဖားကန့်မြို့တွင် ဆန် နှင့် ဆီများကို အလုအယက်ဝယ်ယူ သိုလှောင်မှုကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာကြောင်း ဖားကန့်ဒေသတွင် အလုပ်လုပ်နေသည့် သျှမ်းအသိုင်းအဝန်းများက သျှမ်းသံတော်ဆင့်ကို...

မူဆယ်မြို့ CDM ပညာရေးဝန်ထမ်းများ နည်းမျိုးစုံ ဖိအားပေး ခြိမ်းခြောက်ခံနေရ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် စစ်အာဏာရှင် စနစ်ကို အာဏာဖီဆန်မှုလှုပ်ရှားရာတွင် ပါဝင်သည့် ( CDM) ပညာရေးဝန်ထမ်းများကို လစာကိုယ်တိုင်လာထုတ်မှသာပေးမည်ဟု ဖိအားပေး၊ ခြိမ်းခြောက်ခံနေကြောင်း သတင်းရရှိသည်။ အဆိုပါ CDM ပါဝင်လှုပ်ရှားနေသည့် ပညာရေး ဝန်ထမ်းများကို လက်မှတ်ထိုးခိုင်းပြီး၊ လစာကိုယ်တိုင် လာထုတ်ယူခိုင်း ကြောင်း နှင့် မေ...

Latest news