SSPP ဌာနချုပ် ဝမ်ဟိုင်းကို စစ်ကောင်စီ ဂျက်ဖိုက်တာ ပျံဝဲ

သျှမ်းပြည် လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် ဝမ်ဟိုင်းမြို့ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်ကို အာဏာသိမ်းစစ်ကောင်စီမှ ဂျက်ဖိုက်တာ လာရောက် ပျံဝဲခဲ့ကြောင်း သတင်းသိရသည်။

စစ်ကောင်စီ စစ်ရဟတ်ယာဥ် ပျံဝဲနေစဥ်

ယနေ့ (ဇန်နဝါရီ ၂၄) ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် Yak -130 အမျိုးအစား စစ်ကောင်စီ ဂျက်ဖိုက်တာသည် အမြင့်ပေ ၃၀၀ ကျော်ဖြင့် ဝမ်ဟိုင်းဌာနချုပ်ပေါ်၌ လာရောက်ပျံဝဲခဲ့ကြောင်း SSPP/SSA ၏ ပြောရေးဆိုခွင့် ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆုက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဘာမှ ကြိုတင်အကြောင်းကြားမှု မရှိဘဲ ဌာနချုပ်ကို ဂျက်ဖိုက်တာနဲ့ ကျနော်တို့ ဌာနချုပ်ကို ပျံဝဲတယ်။ နှစ်ပတ် ပတ်ခဲ့တယ်၊ ပထမ တစ်ပတ်က အမြင့် မီတာ ၅၀၀ ဝန်းကျင် နဲ့ ဒုတိယ တစ်ပတ်မှာတော့ အမြင့် ၃၀၀ မီတာကျော်ကျော်နဲ့ ပျံခဲ့တယ်၊ အခု နေပြည်တော်ဘက်ကို ကျနော်တို့ အကြောင်းရင်းမေးမြန်းထားပေမဲ့ ဘာမှ အကြောင်းပြန်ကြားမှု မရှိဘူး” ဟု ဒု – ဗိုလ်မှူးကြီး စိုင်းဆုက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ ရဟတ်ယာဥ် လာရောက်ပျံဝဲမှုနှင့် ပတ်သက်ပြီး SSPP မှ စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ (NSPNC) ထံသို့ မေးမြန်းသော်လည်း အကြောင်းပြန်မှု မရှိသေးကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီဘက်မှ ကြိုတင်အကြောင်းကြားမှု မရှိ၊ ထိတွေ့တိုက်ပွဲ မရှိချိန် စစ်ကောင်စီဘက်မှ စစ်ရဟတ်ယာဥ်ဖြင့် လာရောက်ပျံဝဲခြင်းသည် ခြိမ်းခြောက်မှုမြှောက်သည့်အပြင် ယုံကြည်မှုကို ပျက်ပြယ် စေကြောင်းလည်း ဒု – ဗိုလ်မှူးကြီး စိုင်းဆုက ပြောသည်။

“ကျနော်တို့ ဆွေးနွေးထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ပါတဲ့ အချက်တွေကိုမှ မထောက် အခုလို ဂျက်ဖိုက်တာ လာပျံတာကတော့ ခြိမ်းခြောက်ရာလည်းရောက်တယ်။ ပြီးတော့ ယုံကြည်မှုလည်း ပျက်စေတယ်၊ နောက်တစ်ခုက သူတို့ဘက် ငြိမ်းချမ်းရေး တကယ်လိုလားတာ မဟုတ်တာကို ပေါ်လွင်စေတယ်၊ ကျနော်တို့ တပ်သားတွေ အဲ့လေယာဥ်ကို ပစ်ချလိုက်ရင်လည်း သူတို့ပဲ အထိနာမှာ” ဟု ဒုဗိုလ်မှူးကြီး စိုင်းဆုက ပြောသည်။

ကြိုတင်အကြောင်းကြားမှုမရှိဘဲ ဂျက်ဖိုက်တာဖြင့် လာရောက်ပျံဝဲပါက SSPP/SSA အနေဖြင့် သက်ညှာတော့မည် မဟုတ်ကြောင်းလည်း SSPP/SSA ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

“ကြိုတင် အကြောင်းကြားမှုမရှိဘဲ ထပ်ရောက်လာရင်တော့ ပစ်ချမှာ အမှန်ပဲ၊ အဲ့ဒီအချိန်မှာ ကျနော်တို့ဘက် လွန်တယ်လို့ မပြောပါနဲ့လို့ ပြောချင်ပါတယ်” ဟု SSPP/SSA ပြောရေးဆိုခွင့် ဒု- ဗိုလ်မှူးကြီး စိုင်းဆုက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်းမှာလည်း စစ်ကောင်စီ တပ်ဖွဲ့မှ ဝမ်ဟိုင်းဌာနချုပ်ကို စစ်ရဟတ်ယာဥ်ဖြင့် အကြိမ်ကြိမ် ပျံသန်းနေသောကြောင့် SSPP/SSA လုံခြုံရေးတပ်သားများက ရဟတ်ယာဥ်ကို ပစ်ချရာ လေယာဥ်ပေါ်ပါ အရာရှိတစ်ဦးကို ကျည်ထိမှန်ခဲ့သည့် ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။

ယင်းကဲ့သို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့အပြီး SSPP/SSA အနေဖြင့်လည်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် NSPNC နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆွေးနွေး ဆောင်ရွက်မှု ၂ ကြိမ် ထက်မနည်း ရှိခဲ့ချိန် စစ်ကောင်စီဘက်မှ ရဟတ်ယာဥ်ဖြင့် ထပ်မံလာရောက်ပျံဝဲခြင်းဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေပြီး ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

လဲချားမြို့နယ်တွင် သုံးနှစ်ခန့် လည်ပတ်ခဲ့သည့် ကျားဖြန့်များထဲမှ ၃၄ ဦးသာ ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ၂၀၂၄ ခုနှစ်ဝန်းကျင်ကတည်းက လည်ပတ်နေသည့် အွန်လိုင်းလိမ်လည်လောင်းကစား ကျားဖြန့်လုပ်ငန်းမှ တရုတ်နိုင်ငံသား ၃၄ ဦးကို (ဩဂုတ်လ ၁၀ ရက်)တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ လဲချားမြို့နယ် ဆီးဆောကျေးရွာအနီး တောတွင်းရှိ မိုးကာတဲများအတွင်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၃၄...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...