ပြည်သူတွေ ထောက်ပံ့မှု ရှိနေသ၍ ဆက်လက်တော်လှန်သွားမည်

နောက်လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့ဆိုရင် အာဏာသိမ်းတာ ၂ နှစ်ပြည့်ပြီး ဖြစ်ပါတယ်။ မြေပြင်မှာလည်း တော်လှန်ရေးသမားတွေ နဲ့ စစ်ကောင်စီ တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ တော်လှန်ရေးခရီးစဉ် ကြာမြင့်လာတဲ့အချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ နိုင်ငံရေးအပေါ် ရပ်တည်ချက်က ဘယ်လို မျိုးဆက်ရှိနေသးလဲ ဆိုတာကို သျှမ်းပြည် ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ခွန်သီဟထူးဇော်ကို သျှမ်းသံတော်ဆင့် ဝိုင်းတော်သား စိုင်းဆိုင်လျန်က ဆက်သွယ်မေးမြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့


မေး။ ။ အစ်ကိုတို့ ပအိုဝ်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကို ဘယ်ချိန်ကစပြီး ဖွဲ့စည်းခဲ့တာလဲ။


ဖြေ။ ။ ကျနော်တို့ PNDF နာမည်နဲ့ ဖွဲ့စည်းခဲ့တာက လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ ၂၉ ရက်နေ့တုန်းက စဖွဲ့ခဲ့တယ်။ ပထမဆုံးကြိမ် စဖွဲ့ခဲ့တာပါ။ ဒါမယ့် ပထမဆုံး ဖွဲ့ခဲ့တဲ့ဟာက ပျက်သွားခဲ့တယ်။ ဘာလို့ ပျက်သွားခဲ့လဲဆိုတော့ ကျနော်တို့ တပ်ရင်းတွေကလည်း အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ခဲ့တယ်။ အဓိကတော့ ထောက်ပံ့မှုပေါ့နော်။ ထောက်ပံ့မှုတွေကလည်း ကျနော်တို့က ပြည်သူတွေနဲ့ လှုပ်ရှားတဲ့ချိန်မှာ လိုအပ်ချက်တော့ အများကြီးရှိတယ်။ ပြီးတော့ အတွင်းရေး သတင်းတွေ ပေါက်ကြားမှုကြောင့် လုံခြုံရေးတွေ မရှိတော့ဘူး။ ကျနော်တို့ ရဲဘော်တွေ ထွက်ပြေးတိမ်းရှောင်ရတယ်။ သိပ်ပြီးတော့ မလုပ်ရဲဘူး။ အကြောင်း အမျိုးမျိုးကြောင့် ကျနော်တို့ ရပ်နားခဲ့ရတယ်။ အခု လက်ရှိ ကျနော်တို့ ဒုတိယအကြိမ် ဖွဲ့ဖြစ်တယ်။ ဒုတိယကြိမ်ကိုတော့ ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့မှာ ပြန်ပြီး ဖွဲ့စည်းတယ်။ ဒုတိယကြိမ် ဖွဲ့စည်းတာတော့ သိပ်မကြာသေးဘူး။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့


မေး ။ ။ လက်ရှိ ထောက်ပံ့မှုတွေက ဘယ်လိုမျိုးရရှိနေကြလဲ။ NUG လက်အောက်မှာ ရှိနေတဲ့တပ်ဖွဲ့လို့ပြောလို့ ရပါသလား။


ဖြေ ။ ။ လက်ရှိအချိန်ထိတော့ အဓိက ပြည်သူထောက်ပံ့မှု နဲ့ ရပ်တည်လို့ရနေတယ်။ အခုချိန်ထိတော့ NUG လက်အောက်က တပ်ရင်းတော့ မဟုတ်သေးဘူးဗျ။ ဒါပေမယ့်တော့ အချိတ်ဆက်တွေ လုပ်နေပါတယ်။ NUG ကနေလည်း ထောက်ပံ့မှု တစ်ချို့တော့ ရတယ်ဗျ။ ပြီးတော့ NUG ရဲ့ တရားဝင် တပ်ရင်းတစ်ခုဖြစ်ဖို့လည်း စာတင်ထားတာရှိတယ်။ ကျနော်တို့က NUG ရဲ့ မူဝါဒတွေ ၊ ရှေ့လုပ်ငန်းစဉ်နဲ့ပဲ ဆက်ပြီးတော့ ရပ်တည်နေတယ်။ အဓိကတော့ ပြည်သူတွေရဲ့ ထောက်ပံ့မှုတွေနဲ့ပဲ ရပ်တည်နေတာပေါ့။


မေး ။ ။ မကြာခင်မှာလည်း အာဏာသိမ်းတာလည်း ၂ နှစ် ပြည့်ပြီဆိုတော့ အကိုတို့ အနေနဲ့ကော ရှေ့ဆက် တော်လှန်ရေးအပေါ် ဘယ်လိုမျှော်လင့်ထားလဲ။


ဖြေ ။ ။ ကျနော်တို့ကတော့ ရှင်းရှင်းလေးပါပဲ။ အဓိက ဒီတော်လှန်ရေးကလည်း ပြည်သူတွေကြောင့် မောင်းနှင်နေတာပေါ့။ ပြည်သူတွေရဲ့ ထောက်ပံ့မှုတွေနဲ့ပဲပေါ့နော်။ ပြည်ပကနေ ထောက်ပံ့မှုလည်းရှိသလို ၊ ပြည်တွင်းက နေလည်း ထောက်ပံ့မှုလည်းရှိတယ်။ ထောက်ပံ့နေလို့ပဲ ကျနော်တို့လည်း အခုထိ တော်လှန်ရေးကို ဆက်လုပ်နိုင်သေးတာပေါ့။ ကျနော်တို့ကတော့ စစ်အာဏာရှင် မကျဆုံးသေးသ၍တော့ ကျနော်တို့လုပ်သွားမယ်။ ဒါပေမယ့် ပြည်သူတွေက ထောက်ခံမှုမရှိ၊ ထောက်ပံ့မှု မရှိတော့ဘူးဆိုရင်တော့ ကျနော်တို့လည်း ဆက်ပြီးလှုပ်ရှားဖို့ အားတွေမရှိတော့ဘူးပေါ့။ ကျနော်တို့ကလည်း ပြည်သူတွေ ထောက်ခံမှုနဲ့ပဲ ရပ်တည်နေတယ်လေ။ ပြည်သူတွေက ထောက်ပံ့မှုရှိနေသေးရင် ကျနော်တို့လည်း ဒီတော်လှန်ရေးကို ပိုပြီးလုပ်ဆောင်သွားမှာပါ။


မေး ။ ။ ဒီနှစ်ထဲမှာ စစ်ကောင်စီက ပြုလုပ်ပေးမယ့် ရွေးကောက်ပွဲကို လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုပြောချင်လဲ။ ဘယ်လိုမြင်ပါသလဲ။


ဖြေ။ ။ ကျနော်တို့ကတော့ ၂၀၂၀ ရွေးကောက်ပွဲကိုပဲ အသိမှတ်ပြုထားတယ်။ တရားဝင်လည်း ဖြစ်ထားပြီးသား။ အဲ့တာကို ကျူးလွန်ပြီးတော့ ဒီ ၂၀၂၃ မှာ ရွေးကောက်ပွဲမှာ ထက်လုပ်ရင်တော့ လက်ခံနိုင်ခြင်းမရှိဘူး။ ကျနော်တို့မှာ တရားဝင် ရွေးချယ်ထားပြီးတာ အစိုးရက ရှိပြီးတာ။ လက်ရှိ အစိုးရလည်းရှိနေတယ်။ အဲ့လိုပဲ ဖမ်းဆီးခံထားရတဲ့ ကျနော်တို့ရဲ့ သမ္မတ နဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ကလည်း ထောင်ထဲကိုရောက်နေတာပေါ့နော်။ ဆိုတော့လေ ဒီရွေးကောက်ပွဲကလည်း ကျနော်တို့ တရားမဝင် ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့် ရှိကို မရှိသင့်ဘူးပေါ့။ ရှိပြီးသား မဲကိုတောင် သူတို့က တရားမဝင်ဘူးလို့လုပ်ထားတာ။ အခုချိန်မှာ သူတို့က ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ်ဆိုတာက နိုင်ငံတကာက ဖိအားကို ဖြေလျော့ချင်တဲ့ သဘောနဲ့ပဲ လုပ်တာပေါ့။ တကယ်လို့ ဒီရွေးကောက်ပွဲလုပ်ဖြစ်ရင်လည်း စစ်ကောင်စီကလည်း တာဝန်ယူမှုရှိမှပဲ ဖြစ်တယ်လေ။ ကျနော်တို့ကတော့ ဒီရွေးကောက်ပွဲကို မကြိုဆိုဘူး။ ကျနော်တို့လည်း ရတဲ့နည်းနဲ့ NUG ရဲ့ လမ်းညွှန်မှုနဲ့ NUG ကလည်း တရားဝင်ပြောထားပြီးတာ ။ လုပ်သင့်တဲ့ဟာကို လုပ်သွားမှာပေါ့နော်။ ကျနော်တို့ကတော့ NUG ရဲ့ လမ်းညွှန်မှုနောက်ကိုပဲ လိုက်သွားမှာပေ့ါ။ ဘယ်လိုပုံစံ နဲ့ လုပ်သွားမလဲဆိုတာကိုတော့ ပြောလို့ မရသေးဘူးပေါ့နော်။ စစ်ရေးအရ နဲ့ ရွေးကောက်ပွဲကို လုပ်လို့မရအောင် ဖျက်သိမ်းမလား ။ နိုင်ငံရေးအရ လုပ်မလားဆိုတာတော့ ကျနော်တို့ NUG အစိုးရပေါ်မှာပဲ မူတည်တယ်ဗျ။


မေး ။ ။ ရွေးကောက်ပွဲ လုပ်ဖြစ်ရင် မဲပေးတဲ့ချိန်မှာ လုံခြုံမှုရှိမယ်လို့ ထင်လား။


ဖြေ ။ ။ သူတို့ ထိန်းချုပ်နိုင်တဲ့ နေရာ မြို့ကြီးတွေမှာတော့ ရွေးကောက်ပွဲကိုတော့ လုပ်နိုင်လိမ့်မယ်လို့ထင်တယ်။ ဒါပေမယ့် မဲသွားပေးတဲ့ ပြည်သူတွေရဲ့ လုံခြုံမှုတွေရှိနိုင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ တော်လှန်ရေးလုပ်နေတဲ့ရဲဘော်တွေက မြို့တိုင်း မှာက ရှိနေတယ်။ ပြီးတော့ မြို့တိုင်း ရွာတိုင်းမှာလည်း ကျနော်တို့ ရဲဘော် ကွန်ယက်တွေကလည်း ရှိနေတယ်။ လက်နက်လည်း ရှိထားတယ်။ ဒါကြောင့် လုံခြုံမှုမရှိနိုင်ဘူး။ ပြောရရင်တော့ ကျနော်တို့တော့ ဒီရွေးကောက်ပွဲကို မထောက်ခံဘူး။ ရအောင်တော့ ဖျက်ရမှာပေါ့။ သူကတော့ နိုင်ငံတကာ ဖိအားကြောင့် ပြီးပြီးရောဆိုပြီး လုပ်သွားမှာပဲ။ တရားဝင်တဲ့ ရွေးကောက်ပွဲလည်း ဖြစ်လာမှာ မဟုတ်တဲ့အတွက် ရတဲ့နည်းနဲ့တော့ လုပ်သွားမှာပဲ။ အဲ့ကြောင့် မဲသွားပေးမဲ့ ပြည်သူတွေကလည်း သတိထားပေါ့နော်။ စစ်ကောင်စီကလည်း လုံခြုံမှုကို ဘယ်လောက်ပေးနိုင်မလဲဆိုတာ သူတို့ပေါ်တော့ မူတည်တာပေါ့။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့


မေး ။ လူငယ်တစ်ယောက်အနေနဲ့ လက်ရှိ နိုင်ငံရေး၊ တော်လှန်ရေး အခြေအနေပေါ် ဘယ်လို မြင်ပါသလဲ။


ဖြေ။ ။ အာဏာသိမ်းတာက ကျနော်တို့အတွက်က ပထမဆုံး အတွေ့ကြုံလည်းဖြစ်တယ်။ လက်နက်ကိုင်လမ်းစဉ် ကိုလည်း ကျနော်တို့ ပထမဆုံး ရွေးချယ်ခဲ့တာလည်းမဟုတ်ဘူး။ ကျနော်တို့ကလည်း ကျောင်းသားတွေဖြစ်တယ်။ ကျနော်တို့လည်း ဒီမိုကရေစီ နည်းလမ်းကျကျနဲ့ တောင်းဆိုခဲ့တာပဲ။ အဲ့ဒါကို အကြမ်းဖက် ဖြိုခွင်းတာတွေ ရှိလာတယ်။ လက်နက်ရှိတဲ့သူကို ကျနော်တို့ ပြန်ပြီးခုခံဖို့ဆိုလည်း လက်နက်ရှိဖို့လိုတယ်လေ။ ကျနော်လည်း ပအိုဝ်းတိုင်းရင်းသားတစ်ယောက်လည်း ဖြစ်တယ်လေ။ ဒါပေမယ့် ကျနော်တို့က ပအိုဝ်းတိုင်းရင်းသားအတွက်ပဲ လုပ်မှာမဟုတ်ဘူး။ ဒါတော့ ကျနော်ရဲ့ ရပ်တည်ချက်ပေါ့နော်။ ကျနော်ရဲ့ နိုင်ငံရေး ရပ်တည်ချက်ကတော့ ကျနော်လည်း ပြည်သူထဲက ပြည်သူဖြစ်တယ်ဗျ။ တိုင်းရင်းသားတိုင်းက လွတ်မြောက်ဖို့ဆိုရင် လူမျိုးတိုင်း ၊ တိုင်းရင်းသား နဲ့ ဆိုင်တယ်။ လက်ရှိမှာ ကျနော်တို့က လူမျိုးကို ခနမေ့ ထားတာပေါ့။ ကျနော်လည်း လူသားဖြစ်တဲ့အတွက်ကြောင့် လူထုရဲ့ အရေးကို ဆက်လုပ်သွားမယ်။ နိုင်ငံအရေးတွေလည်း ဆက်လုပ်သွားမယ်။


မေး ။ ။ တစ်ဖက်မှာလည်း စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO တပ်ဖွဲ့ကိုကော ပအိုဝ်းလူငယ်တစ်ယောက်အနေနဲ့ ဘာပြောချင်ပါသလဲ။


ဖြေ ။ ။ အရင်ကတော့ ကျနော်တို့က တွေးဖူးတယ်။ သူသည် သျှမ်းတောင် ပအိုဝ်းဒေသတွေဖြစ်တဲ့ ပင်လောင်း၊ ဟိုးပုံး ၊ ဆီဆိုင်မြို့နယ်ဘက်တွေဆိုရင် သူတို့က ကျနော်တို့ ပြည်သူဘက် နည်းနည်းပါဝင်လာခဲ့ရင် ဒီတော်လှန်ရေး အတွက် အများကြီး အထောက်ကူပြုတယ်။ လက်ရှိမှာက စစ်ကောင်စီဘက်ကို အများကြီး ယိမ်းတယ်။ စစ်ကောင်စီရဲ့ အလိုတော်ကျ သူတို့လုပ်နေတယ်ပေါ့နော်။ လမ်းပြပေးတယ်။ လိုက်သွားတယ် ပေါ့နော်။ တစ်ခြားနေရာတွေမှာဆိုရင် စစ်ကောင်စီက သူတို့နေရာမှာ လွတ်ထားပေးတာရှိတယ်။ ပြီးတော့ PNO က သူတို့ တပ်သားတွေကို ကရင်နီ တိုက်ပွဲမှာလည်း တပ်သားတွေ လွတ်ပြီး တိုက်ခိုက်ခိုင်းတာလည်းရှိတယ်။ ဒီအနေထားမှာတော့ သူတို့ကို ကျနော်တို့ရဲ့ ရန်သူအဖြစ်လို့ပဲ သတ်မှတ်ထားတာ။ ကျနော်တို့တပ်ဖွဲ့ရဲ့ ရပ်တည်ချက်ထဲမှာလည်း ပါတယ်ဗျ။ စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေအားလုံးက ရန်သူအဖြစ်လို့ပဲ သတ်မှတ်ထားတယ်။ တိုက်ခိုက်ချေမှုန်းမယ်လို့ ကြေညာထားပြီးပြီ။ PNO အနေနဲ့ စစ်ကောင်စီနဲ့ ပါလာရင်တော့ ကျနော်တို့ တိုက်ခိုက်ရမှာပဲ။ ထပ်တစ်ခုက ကျနော်တို့ လုပ်မယ့် လမ်းစဉ်မှာ သူတို့က ရှေ့ကနေ ဟန့်တားတာ လာလုပ်ရင်တော့ တိုက်ခိုက်မှုကတော့ ရှိလာနိုင်တယ်ဗျ။ အတတ်နိုင်ဆုံးတော့ သူတို့နဲ့ လူမျိုးရေး ပဋိပက္ခ မဖြစ်အောင်တော့ သူတို့ကို ရှောင်တယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ဘာများထပ်ပြီးတော့ ဖြည့်စွက်ပြောချင်ပါသလဲ။


ဖြေ။ ။ ဟုတ်ကဲ့ပါ။ မရှိတော့ပါဘူး။


အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျား။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဟန်ပြ မြစ်ရေထိန်းသိမ်းမှုအောက်က အဆိပ်သင့် နယ်စပ်ဖြတ်ကျော်မြစ်ရေ

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း၌ အာဏာသိမ်းသမ္မတနှင့် ထိုင်းအစိုးရ တာဝန်ရှိသူများသည် ပြုံးရယ်လျက် လက်မှတ်ရေးထိုးနေကြသည်။ နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေး၊ အလုပ်သမားရေးရာနှင့် နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှု ထိန်းသိမ်းရေး အပါအဝင် သဘောတူညီချက် (၄) ခုကို နှစ်ဉီးသား...

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...