တာချီလိတ်မြို့ အိမ်ငှားခန်း ဈေးအဆမတန်မြင့်တက်လာ
သျှမ်းပြည် တာချီလိတ်မြို့တွင် အိမ်ငှားခန်း ဈေးနှုန်း အဆမတန် မြင့်တက်လာနေသောကြောင့် ငှားရမ်း နေထိုင်သူများ အခက်တွေ့နေရကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက် ထိုင်း - မြန်မာ နယ်စပ် ချစ်ကြည်ရေး တံတား အမှတ် (၁) ကို ပြန်လည်ဖွင့်လှစ်လာပြီးနောက်...
ကွမ်းလုံ – ချင်းရွှေဟော် သွားသည့် လမ်းကြောင်း၌ ကုန်တင် ကားသမားများ ပျောက်ဆုံးနေ
သျှမ်းပြည် လားရှိုးခရိုင်၊ ကွမ်းလုံမြို့ (ဝဵင်းၵုၼ်လူင်) နှင့် မြန်မာ - တရုတ် နယ်စပ်ဂိတ် ချင်းရွှေဟော်တို့ သွားသည့် လမ်းကြောင်း ၌ ကုန်တင်ကားသမားများ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၆ နှင့် ၁၇ ရက်တို့တွင် ကွမ်းလုံမြို့နယ်၊ ဟိုလီကျေးရွာအုပ်စု ဖာဆန်ကျေးရွာ...
သျှမ်းပြည် လင်းခေးခရိုင် လင်းခေး - ဟိုမိန်းမြို့နယ်ခွဲရှိ လမ်းပိုင်းတွင် နယ်ခြားကာကွယ်ရေးတပ် ( SSS ) ဂိတ် (၈) နေရာကို အခွန်ပေးဆောင်ရသောကြောင့် ကားခ ဈေးနှုန်း ယခင်ထက် မြင့်တက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိ လင်းခေး - ဟိုမိန်း ကားခသည် ယခင်ထက်...
အင်းလေး အမျိုးသားတစ်ဦး လူမှုကွန်ရက် စာမျက်နှာပေါ် နှင်းဆီပန်းပုံတင်မှုကြောင့် ဖမ်းခံရ
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရွာမကျေးရွာ နေထိုင်သူ အမျိုးသားတစ်ဦးသည် လူမှုကွန်ရက်စာမျက်နှာပေါ်၌ နှင်းဆီပန်း ပုံတင်သောကြောင့် ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် ပြည်တွင်း၊ ပြည်ပ ပြည်သူလူထုမှ မွေးနေ့အတွက် ဆုတောင်းစကားပေးခြင်း၊ ပန်း ပန်ဆင်ခြင်း ပြုလုပ်ခဲ့ကြရာ...
မိုးဗြဲမြို့ပေါ် စွန့်ပြီးထွက်ပြေးနေရသည့်စစ်ရှောင်များ စားနပ်ရိက္ခာ နှင့် မိုးကာအရေးပေါ်လိုအပ်
သျှမ်းပြည် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ အထူးစစ်ဆင်ရေး ပြုလုပ်မည်ဟုဆိုသောကြောင့် မြို့ပေါ်ရှိ ပြည်သူများအား မြို့ကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေပေးရန် ကြေညာခဲ့ပြီးနောက် သောင်းနှင့်ချီ ပြည်သူဦးရေများ အလုံးအရင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်တွင် ထွက်ပြေးတိမ်းရှောင်ရသည့် ပြည်သူဦးရေ ၃ သောင်း ဝန်းကျင်အနက် အချို့မှာ...
UWSA ဝတ်စုံဖြင့် ဓားပြတိုက်သည့် လူ ၅ ဦးကို တန့်ယန်းမြို့ဒေသခံများ ဝိုင်းဝန်းဖမ်းဆီး
သျှမ်းပြည် လားရှိုးခရိုင် တန့်ယန်းမြို့နယ်အတွင်း “ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် UWSA တံဆိပ်ပါ ဝတ်စုံ ဝတ်ဆင်ပြီး ဓားပြတိုက်သည့် အမျိုးသား လူငယ် (၅) ဦးကို ဒေသခံများက ဝိုင်းဝန်း ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ဓားပြတိုက်သူနှစ်ဦးကို လက်နက်နှင့် အတူ ဖမ်းဆီးရမိ ပြီးခဲ့သည့် ဇွန်လ ၁၆...
မဲဆောက်မြို့နယ်ရှိ တရားမဝင် (၁၀) နှစ်ကတ် ကိုင်ဆောင်ထားသူကို ပြန်လည်ဖျက်သိမ်းမည်
SHAN -
ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ မြန်မာနိုင်ငံသား (၇၀၀) ကျော် (၁၀) နှစ်ကတ် လုပ်ထားပေးမှုကို ပြန်လည် ဖျက်သိမ်းသွားမည်ဟု ထိုင်းသတင်းဌာနများ ရေးသားချက်အရ သိရသည်။ အဆိုပါ မဲဆောက်မြို့နယ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ (၁၀) နှစ်ကတ် လုပ်ပေးသည့် အရာရှိ (၃) ဦးကို ဇွန် (၁၈)...
မြန်မာ – ထိုင်း နယ်စပ်မျဥ်းပေါ်ရှိ UWSA တပ်စခန်း (၅) ခု ဆုတ်ခွာပေးရန် ထိုင်းအာဏာပိုင် တောင်းဆို
SHAN -
မြန်မာ - ထိုင်း နယ်စပ်မျဥ်းတလျောက်တွင် အခြေစိုက်ထားသည့် "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) စခန်း (၅) ခုကို ဆုတ်ခွာပေးရန် ထိုင်းအာဏာပိုင်များက တောင်းဆိုလိုက်သည်။ အဆိုပါ တောင်းဆိုချက်သည် ယမန်နေ့ (ဇွန် ၁၉) ရက်တွင် တာချီလိတ်မြို့ရှိ 1G1 ဟိုတယ်တွင် ပြုလုပ်သည့် မြန်မာ...
အရက်အတူသောက်လူငယ် နှစ်ဦး အချင်းချင်းရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွား
သျှမ်းပြည် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်း အရက်အတူတူ သောက်နေကြသည့် အမျိုးသားလူငယ် နှစ်ဦးသည် အချင်းချင်း စကားများပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇွန်လ ၁၈) ရက်နေ့ ညပိုင်း ၇ နာရီတွင် တာချီလိတ်မြို့၊ ပန်ဟက်ကျေးရွာနေ လူငယ်တစ်ဦး နှင့် သီရိငေါကျေးရွာနေ လူငယ်တစ်ဦး...
တောင်ကြီးမြို့နယ် လယ်ယာမြေပေါ် ဆောက်လုပ်ထားသည့်နေအိမ်များ ဖယ်ရှားရန် စစ်တပ်က ထပ်မံစာစောင်ပို့
သျှမ်းပြည် တောင်ကြီးမြို့နယ် ဖာမွန်းကျေးရွာအုပ်စု ကံကြီးရပ်ကွက်အနီးရှိ မြွေပွေးတောင်ကုန်းပေါ်တွင် အခွင့်အမိန့်မရှိဘဲ နေအိမ်ဆောက်လုပ်ထားသဖြင့် ၁၅ ရက်အတွင်း ဖယ်ရှားရန် စစ်တပ်က ထပ်မံပြီး အိမ်တိုင်ရာရောက် စာပို့ ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်တွင် စစ်ကောင်စီ လက်အောက်ခံ တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး...





