လင်းခေး – ဟိုမိန်းမြို့နယ်ခွဲ လမ်းပိုင်းတွင် (SSS) ဂိတ် (၈) နေရာကို အခွန်ပေးရပြီး ကားခဈေးနှုန်းမြင့်တက်

သျှမ်းပြည် လင်းခေးခရိုင် လင်းခေး – ဟိုမိန်းမြို့နယ်ခွဲရှိ လမ်းပိုင်းတွင် နယ်ခြားကာကွယ်ရေးတပ် ( SSS ) ဂိတ် (၈) နေရာကို အခွန်ပေးဆောင်ရသောကြောင့် ကားခ ဈေးနှုန်း ယခင်ထက် မြင့်တက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

သံလွင်မြစ် (တာဆွပ်တိန်း)

လက်ရှိ လင်းခေး – ဟိုမိန်း ကားခသည် ယခင်ထက် ၂ ဆ မြင့်တက်လာကြောင်း သိရသည်။

လင်းခေးမြို့မှ ဟိုမိန်းမြို့သို့ သွားရန်အတွက် ကားခကို လင်းခေးမြို့ ဒေသခံဖြစ်ပါက ၇ သောင်းထိပေးရပြီး ၊ တစ်ခြားမြို့ ဒေသခံဖြစ်ပါက ကားခ ၃ သိန်း အထိပေးရကာ ဝန်ထမ်းဖြစ်ပါက ၂ သောင်းမှ ၃ သောင်းထိသာ ပေးရကြောင်း သိရသည်။

ထိုအပြင် လင်းခေးမြို့ မှ ဟိုမိန်းမြို့အထိ နယ်ခြားကာကွယ်ရေးတပ် (SSS) ကို စစ်ဆေးရေးဂိတ်ကိုလည်း အခွန် (၈) နေရာ ဆောင်ရကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“ကားခတွေကတော့ အရင်ကထက် ပိုများလာတယ်။ အခွန်ဆောင်ရတဲ့ နေရာတွေကလည်း များတယ်လေ။ လင်းခေးကနေ ဟိုမိန်းထိကို SSS ကိုပေးရတာ (၈) ဂိတ်လောက်ရှိတယ်။ ဂိတ်တစ်ဂိတ်ကိုပေးရတာ ထိုင်းငွေ ဘတ် ၁ ထောင်လောက်ရှိတယ်။ ကားခဈေးနှုန်းတွေကလည်း မတူဘူး” ဟု ကားသမားတစ်ဦးက ပြောသည်။

အဆိုပါ ကားခဈေးနှုန်းတွေမြင့်တက်လာသည့်အတွက်ကြောင့် ပြည်သူများ ခရီးသွားလာရန်အတွက် ခက်ခဲမှုရှိကြောင်း သိရသည်။

ထိုကြောင့် လက်ရှိ တည်ဆောက်နေသည့် လင်းခေးမြို့ နှင့် ဟိုမိန်း ကြားရှိ တာဆွပ်တိန်း တံတားကို အမြန်ဆုံးဆောက်ပြီးရန်အတွက် ဒေသခံများ နှင့် ကားသမားများက မျှော်လင့်နေကြသည်။

“ အခု ဘယ်ကုမ္ပဏီဆောက်နေလဲတော့မသိဘူး။ ဝင်သွားကြည့်လို့ မရဘူး။ အဲ့နားမှာ တိုင်တွေတော့ ဆောက်ထားပြီး။ မြစ်အလယ်မှာလည်း တိုင်တွေဆောက်ထားပြီ။ အမြန်ဆုံးပြီးဖို့ မျှော်လင့်တာပေါ့။ ဒါမှ ကျနော်တို့တွေလည်း ခရီးလွတ်လွတ်လပ်လပ် သွားလို့ရမယ်။ ကုန်ဈေးနှုန်းတွေလည်း ပြန်ကျလာမယ်လေ” ဟု လင်းခေးမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ လင်းခေးမြို့မှ ဟိုမိန်းမြို့သို့ သွားရန်အတွက် နမ့်ခုံးမြစ်(သံလွင်မြစ်) ကို လှေဖြင့် ဖြတ်ကူးသွားလာရသည်။

အလားတူ ဟိုမိန်းမြို့သည် ထိုင်း – မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်ပြီး နယ်ခြားကာကွယ်ရေးတပ် SSS က ထိန်းချုပ်ထားသည့် နယ်မြေဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စိုက်ပျိုးစရိတ်မြင့်တက်မှုကြောင့် လင်းခေး ကြံနှင့် နှမ်းစိုက်ပျိူးသူများ လျော့နည်းလာ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးမြို့နယ်တွင် စိုက်ပျိုးစရိတ်များမြင့်တက်လာပြီး သီးနှံဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် ကြံ နှင့် နှမ်းစိုက်ပျိုးမှု လျော့နည်းလာကြောင်း စုံစမ်းသိရသည်။ ယခုနှစ် အတွင်း ကုန်စျေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာသည့်အပြင် စိုက်ပျိုးရေး သုံးပစ္စည်းများ၏ စျေးနှုန်းများလည်း မြင့်တက်လာကာ သီးနှံစျေးနှုန်းများ ကျဆင်းနေသည့်အတွက် တောင်သူများအကြား ကြံနှင့် နှမ်းစိုက်ပျိုးမှု လျော့နည်းလာနေကြောင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...