Wednesday, January 28, 2026

လင်းခေး – ဟိုမိန်းမြို့နယ်ခွဲ လမ်းပိုင်းတွင် (SSS) ဂိတ် (၈) နေရာကို အခွန်ပေးရပြီး ကားခဈေးနှုန်းမြင့်တက်

သျှမ်းပြည် လင်းခေးခရိုင် လင်းခေး – ဟိုမိန်းမြို့နယ်ခွဲရှိ လမ်းပိုင်းတွင် နယ်ခြားကာကွယ်ရေးတပ် ( SSS ) ဂိတ် (၈) နေရာကို အခွန်ပေးဆောင်ရသောကြောင့် ကားခ ဈေးနှုန်း ယခင်ထက် မြင့်တက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

သံလွင်မြစ် (တာဆွပ်တိန်း)

လက်ရှိ လင်းခေး – ဟိုမိန်း ကားခသည် ယခင်ထက် ၂ ဆ မြင့်တက်လာကြောင်း သိရသည်။

လင်းခေးမြို့မှ ဟိုမိန်းမြို့သို့ သွားရန်အတွက် ကားခကို လင်းခေးမြို့ ဒေသခံဖြစ်ပါက ၇ သောင်းထိပေးရပြီး ၊ တစ်ခြားမြို့ ဒေသခံဖြစ်ပါက ကားခ ၃ သိန်း အထိပေးရကာ ဝန်ထမ်းဖြစ်ပါက ၂ သောင်းမှ ၃ သောင်းထိသာ ပေးရကြောင်း သိရသည်။

ထိုအပြင် လင်းခေးမြို့ မှ ဟိုမိန်းမြို့အထိ နယ်ခြားကာကွယ်ရေးတပ် (SSS) ကို စစ်ဆေးရေးဂိတ်ကိုလည်း အခွန် (၈) နေရာ ဆောင်ရကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“ကားခတွေကတော့ အရင်ကထက် ပိုများလာတယ်။ အခွန်ဆောင်ရတဲ့ နေရာတွေကလည်း များတယ်လေ။ လင်းခေးကနေ ဟိုမိန်းထိကို SSS ကိုပေးရတာ (၈) ဂိတ်လောက်ရှိတယ်။ ဂိတ်တစ်ဂိတ်ကိုပေးရတာ ထိုင်းငွေ ဘတ် ၁ ထောင်လောက်ရှိတယ်။ ကားခဈေးနှုန်းတွေကလည်း မတူဘူး” ဟု ကားသမားတစ်ဦးက ပြောသည်။

အဆိုပါ ကားခဈေးနှုန်းတွေမြင့်တက်လာသည့်အတွက်ကြောင့် ပြည်သူများ ခရီးသွားလာရန်အတွက် ခက်ခဲမှုရှိကြောင်း သိရသည်။

ထိုကြောင့် လက်ရှိ တည်ဆောက်နေသည့် လင်းခေးမြို့ နှင့် ဟိုမိန်း ကြားရှိ တာဆွပ်တိန်း တံတားကို အမြန်ဆုံးဆောက်ပြီးရန်အတွက် ဒေသခံများ နှင့် ကားသမားများက မျှော်လင့်နေကြသည်။

“ အခု ဘယ်ကုမ္ပဏီဆောက်နေလဲတော့မသိဘူး။ ဝင်သွားကြည့်လို့ မရဘူး။ အဲ့နားမှာ တိုင်တွေတော့ ဆောက်ထားပြီး။ မြစ်အလယ်မှာလည်း တိုင်တွေဆောက်ထားပြီ။ အမြန်ဆုံးပြီးဖို့ မျှော်လင့်တာပေါ့။ ဒါမှ ကျနော်တို့တွေလည်း ခရီးလွတ်လွတ်လပ်လပ် သွားလို့ရမယ်။ ကုန်ဈေးနှုန်းတွေလည်း ပြန်ကျလာမယ်လေ” ဟု လင်းခေးမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ လင်းခေးမြို့မှ ဟိုမိန်းမြို့သို့ သွားရန်အတွက် နမ့်ခုံးမြစ်(သံလွင်မြစ်) ကို လှေဖြင့် ဖြတ်ကူးသွားလာရသည်။

အလားတူ ဟိုမိန်းမြို့သည် ထိုင်း – မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်ပြီး နယ်ခြားကာကွယ်ရေးတပ် SSS က ထိန်းချုပ်ထားသည့် နယ်မြေဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...