Sunday, May 5, 2024

မဲဆောက်မြို့နယ်ရှိ တရားမဝင် (၁၀) နှစ်ကတ် ကိုင်ဆောင်ထားသူကို ပြန်လည်ဖျက်သိမ်းမည်

Must read

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ မြန်မာနိုင်ငံသား (၇၀၀) ကျော် (၁၀) နှစ်ကတ် လုပ်ထားပေးမှုကို ပြန်လည် ဖျက်သိမ်းသွားမည်ဟု ထိုင်းသတင်းဌာနများ ရေးသားချက်အရ သိရသည်။

Photo – District add Maesot

အဆိုပါ မဲဆောက်မြို့နယ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ (၁၀) နှစ်ကတ် လုပ်ပေးသည့် အရာရှိ (၃) ဦးကို ဇွန် (၁၈) ရက်နေ့က နေရာ ပြောင်းရွှေ့ပြီး ယမန်နေ့ ဇွန် (၁၉) ရက်နေ့မှာ ထပ်မံပြီး အရာရှိ (၁) ဦး ပြောင်းရွှေ့ခဲ့ကြောင်း ထိုင်းသတင်းမီဒီယာ Thai PBS က ဖော်ပြထားသည်။

အဆိုပါ ပြောင်းရွှေ့ခံရခြင်းအကြောင်းမှာ မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် မှတ်ပုံတင်လုပ်ရန်အတွက် လူစည်ကားနေပြီး ၊ တာဝန်ရှိသူများက မြန်မာနိုင်ငံသားများကို လျှို့ဝှက်စွာဖြင့် ကတ်လုပ်ပေးနေကြောင်း၊ ထိုင်းနိုင်ငံသားများက တန်းစီစောင့်ဆိုင်းရကာ အချိန်ကြာမြင့်နေသည့် အကြောင်းကို တတ့်(ခ်)ခရိုင် အုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့သည်။

၁၀ နှစ်ကတ်

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူး မှ မြန်မာနိုင်ငံသားများကို (၁၀) နှစ် ကတ် ပြုလုပ်ပေးပြီး (၃) လ နီးပါးအတွင်း ပြည်သူပေါင်း (၇၀၀) ကျော် ပြုလုပ်ပေးခဲ့ကြောင်း AEC อาเซียน News သတင်းက ထုတ်ပြန်ထားသည်။

(၁၀) နှစ်ကတ် ကို တစ်ဦးလျှင် (၄) သောင်းဘတ် မှ ဘတ် (၁) သိန်း အထိ စျေးနှုန်းရှိခဲ့ပြီး၊ (၃) လ နီးပါးအတွင်း ပြည်သူပေါင်း (၇၀၀) ကျော် လုပ်ပြီးသွားပြီး စုစုပေါင်း ကျသင့်ငွေဘတ် (၂၈) သန်း မှ ဘတ် သန်း (၃၀) အထိ တာဝန်ရှိသူတွေ ရထားသည်ဟုလည်း AEC อาเซียน News တွင် သိရသည်။

ထိုင်း (၁၀) နှစ်ကတ် ကိုင်ဆောင်ထားသည့် သူများသည် တောင်ပေါ်ဒေသတွင် နေထိုင်သည့် သူများ နှင့် ကျေးလက်ဒေသတွင် နှစ်ပေါင်းကြာရှည်နေထိုင်ပြီး ဘာအထောက်အထားမှ မရှိသည့် ပြည်သူတွေကို ထိုင်းအစိုးရမှ (၁၀) နှစ်ကတ် ကိုင်ဆောင်ခွင့်ပေးခြင်း ဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article