Wednesday, January 28, 2026

အင်းလေး အမျိုးသားတစ်ဦး လူမှုကွန်ရက် စာမျက်နှာပေါ် နှင်းဆီပန်းပုံတင်မှုကြောင့် ဖမ်းခံရ

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရွာမကျေးရွာ နေထိုင်သူ အမျိုးသားတစ်ဦးသည် လူမှုကွန်ရက်စာမျက်နှာပေါ်၌ နှင်းဆီပန်း ပုံတင်သောကြောင့် ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။

အင်းလေး

ယမန်နေ့ ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် ပြည်တွင်း၊ ပြည်ပ ပြည်သူလူထုမှ မွေးနေ့အတွက် ဆုတောင်းစကားပေးခြင်း၊ ပန်း ပန်ဆင်ခြင်း ပြုလုပ်ခဲ့ကြရာ အင်းလေးရွာမ မှ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးကလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ် နှင်းဆီပန်း ပုံတင်သောကြောင့် စစ်ကောင်စီက အိမ်တွင်းလာရောက်ဖမ်းဆီးခဲ့ကြောင်း အမည်မဖော်လို ဒေသခံတစ်ဦးက ပြောသည်။

“ဖမ်းခံရတဲ့သူက အမျိုးသားပါဗျ။ အသက်က ၆၀ လောက်ရှိပြီ။ လူမှုကွန်ရက်ပေါ်မှာ နှင်းဆီပန်း ပုံတင်လို့ ဖမ်းခံရတယ်လို့ ပြောတယ်။ နေ့လယ် ၁၂ နာရီ လောက်က မော်တော်စက်လှေ နှစ်စီး နဲ့ လာပြီး ညနေ ၃ နာရီလောက်ကျ နန်းပန်စခန်းကို ခေါ်သွားတယ်။ စစ်ဝတ်နဲ့တော့ မဟုတ်ဘူး။ အရပ်ဝတ်နဲ့လာဖမ်းတာ “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူသည် အသက် ၆၀ နှစ် အရွယ်ရှိ ဦးစိုးမြင့်ဦး ဖြစ်ပြီး လက်ရှိမှာ နန်းပန်ရဲစခန်းတွင် ချုပ်နှောင်ခံထားရကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲအတွက် ပန်း ပန်ဆင်သူ၊ ပန်း ပုံတင်ထားသူများကို လိုက်လံ ဖမ်းဆီးခြင်း နှင့် ပတ်သက်ပြီး လူမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ၎င်း အမည်မဖော်လို ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။

“အခုလို လုပ်တာတော့ လူမဆန်တဲ့ လုပ်ရပ်လို့ မြင်ပါတယ်။ ဒီလို ပန်းပုံတင်တာတောင်မှ ဖမ်းတယ်ဆိုတော့ သူတို့ပြောတဲ့ ဖက်ဒရယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလို့ ခံစားမိတယ်။ တရားမျှတမှုဆိုတာ မရှိသရွှေ့ စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာလည်း မဖြစ်နိုင်ပါဘူး“ ဟု ၎င်းက မှတ်ချက်ပြုသည်။

အလားတူ ကလေးမြို့ မြို့မဈေးအတွင်း ပန်းရောင်းသည့် ဈေးသည်အပါအဝင် ပန်းပန်သူ (၂၀) ကျော်နှင့် ပန်းပဲတန်းမြို့နယ်ရှိ သမာဓိရွှေဆိုင်မှ အမျိုးသမီးဝန်းထမ်း ၁၃ ဦးကို ပန်းသပိတ်ပြုလုပ်မှုကြောင့် ဆိုကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...