အင်းလေး အမျိုးသားတစ်ဦး လူမှုကွန်ရက် စာမျက်နှာပေါ် နှင်းဆီပန်းပုံတင်မှုကြောင့် ဖမ်းခံရ

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရွာမကျေးရွာ နေထိုင်သူ အမျိုးသားတစ်ဦးသည် လူမှုကွန်ရက်စာမျက်နှာပေါ်၌ နှင်းဆီပန်း ပုံတင်သောကြောင့် ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။

အင်းလေး

ယမန်နေ့ ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် ပြည်တွင်း၊ ပြည်ပ ပြည်သူလူထုမှ မွေးနေ့အတွက် ဆုတောင်းစကားပေးခြင်း၊ ပန်း ပန်ဆင်ခြင်း ပြုလုပ်ခဲ့ကြရာ အင်းလေးရွာမ မှ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးကလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ် နှင်းဆီပန်း ပုံတင်သောကြောင့် စစ်ကောင်စီက အိမ်တွင်းလာရောက်ဖမ်းဆီးခဲ့ကြောင်း အမည်မဖော်လို ဒေသခံတစ်ဦးက ပြောသည်။

“ဖမ်းခံရတဲ့သူက အမျိုးသားပါဗျ။ အသက်က ၆၀ လောက်ရှိပြီ။ လူမှုကွန်ရက်ပေါ်မှာ နှင်းဆီပန်း ပုံတင်လို့ ဖမ်းခံရတယ်လို့ ပြောတယ်။ နေ့လယ် ၁၂ နာရီ လောက်က မော်တော်စက်လှေ နှစ်စီး နဲ့ လာပြီး ညနေ ၃ နာရီလောက်ကျ နန်းပန်စခန်းကို ခေါ်သွားတယ်။ စစ်ဝတ်နဲ့တော့ မဟုတ်ဘူး။ အရပ်ဝတ်နဲ့လာဖမ်းတာ “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူသည် အသက် ၆၀ နှစ် အရွယ်ရှိ ဦးစိုးမြင့်ဦး ဖြစ်ပြီး လက်ရှိမှာ နန်းပန်ရဲစခန်းတွင် ချုပ်နှောင်ခံထားရကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲအတွက် ပန်း ပန်ဆင်သူ၊ ပန်း ပုံတင်ထားသူများကို လိုက်လံ ဖမ်းဆီးခြင်း နှင့် ပတ်သက်ပြီး လူမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ၎င်း အမည်မဖော်လို ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။

“အခုလို လုပ်တာတော့ လူမဆန်တဲ့ လုပ်ရပ်လို့ မြင်ပါတယ်။ ဒီလို ပန်းပုံတင်တာတောင်မှ ဖမ်းတယ်ဆိုတော့ သူတို့ပြောတဲ့ ဖက်ဒရယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလို့ ခံစားမိတယ်။ တရားမျှတမှုဆိုတာ မရှိသရွှေ့ စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာလည်း မဖြစ်နိုင်ပါဘူး“ ဟု ၎င်းက မှတ်ချက်ပြုသည်။

အလားတူ ကလေးမြို့ မြို့မဈေးအတွင်း ပန်းရောင်းသည့် ဈေးသည်အပါအဝင် ပန်းပန်သူ (၂၀) ကျော်နှင့် ပန်းပဲတန်းမြို့နယ်ရှိ သမာဓိရွှေဆိုင်မှ အမျိုးသမီးဝန်းထမ်း ၁၃ ဦးကို ပန်းသပိတ်ပြုလုပ်မှုကြောင့် ဆိုကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ဘေးကင်းနေကြောင်း သက်သေပြရန် အာဆီယံလွှတ်တော်အမတ်များ တောင်းဆို

0
ဖိလစ်ပိုင်နိုင်ငံတွင် အစည်းအဝေး တက်ရောက်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရောက်နေချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ဘေးကင်းနေကြောင်း သက်သေပြရန် စစ်အစိုးရအား ဖိအားပေးရေး အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)က အာဆီယံခေါင်းဆောင်များကို စာပေးပို့ တိုက်တွန်းလိုက်သည်။ ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) ရက်စွဲဖြင့် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနှင့်...

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပြုရန် ထိုင်းတောင်းဆို၊ မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကူညီရန် ကမ်းလှမ်း

0
ထိန်းသိမ်းခံထားရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေကို အာဆီယံအထူးသံတမန် လူကိုယ်တိုင်သွားရောက်စစ်ဆေးရန် တောင်းဆိုလိုက်ပြီး၊ မြန်မာ့ပဋိပက္ခကို ဖြေရှင်းရန် ဖြစ်လာနိုင်ခြေရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပရန်နှင့် ကူညီဆောင်ရွက်ရန် ကမ်းလှမ်းလိုက်သည်။ အဆိုပါ ကမ်းလှမ်းချက်သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် နှင့် အာဆီယံအထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...