တာချီလိတ်မြို့ အိမ်ငှားခန်း ဈေးအဆမတန်မြင့်တက်လာ

သျှမ်းပြည် တာချီလိတ်မြို့တွင် အိမ်ငှားခန်း ဈေးနှုန်း အဆမတန် မြင့်တက်လာနေသောကြောင့် ငှားရမ်း နေထိုင်သူများ အခက်တွေ့နေရကြောင်း စုံစမ်း သိရသည်။

တာချီလိတ် ဆောက်လုပ်စတိုက်

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက် ထိုင်း – မြန်မာ နယ်စပ် ချစ်ကြည်ရေး တံတား အမှတ် (၁) ကို ပြန်လည်ဖွင့်လှစ်လာပြီးနောက် တာချီလိတ်မြို့တွင် ထိုင်း၊ တရုတ် လူမျိုးအများအပြား လာရောက်နေထိုင်ကြပြီး အွန်လိုင်းဂိမ်း ဖွင့်လှစ်သည့်အတွက်ကြောင့် ပုံမှန် အိမ်ငှားခန်း ထိုင်းဘတ် ၃ ထောင်မှ ထိုင်းဘတ် ၈ ထောင် (မြန်မာငွေ ကာလပေါက်စျေး ၆ သိန်းကျော်) ၁ သောင်းဘတ် (မြန်မာငွေ ကာလပေါက်စျေး ၈ သိန်းကျော်) ဈေးနှုန်း မြင့်တက်လာနေကြောင်း အိမ်ငှားရမ်း နေထိုင်သူ ဒေသခံ တစ်ဦးက ပြောသည်။

“အခု တာချီလိတ်မှာ အိမ်ငှားခန်း တစ်ခန်းကို အနည်းဆုံး ထိုင်းဘတ် ၇ ထောင်၊ ၈ ထောင် ရှိတယ်။ ဒါတောင် အဲကွန်း၊ ရေခဲသေတ္တာတောင် မပါသေးဘူး။ အရင်ကဆို တစ်ခန်းကို ဘတ် ၂ ထောင်ကနေ ၃ ထောင်ပဲ ရှိတယ်။ ကျနော်ငှားနေတဲ့အခန်းက တစ်လကို ၁ သောင်း ပေးနေရပြီ။ ဒါတွေက ထိုင်းတွေ၊ တရုတ်တွေ အွန်လိုင်းဂိမ်း လာဖွင့်ပြီး လောင်းကစား လာလုပ်ကြလို့၊ စလော့ဂိမ်း လာလုပ်ကြလို့ပဲ “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ အွန်လိုင်းဂိမ်းများ လာရောက်ဖွင့်လှစ်သူ များပြားလာသည့်အတွက် တာချီလိတ်မြို့အတွင်း လူနေထူထပ်မှု များလာကာ ဆိုင်ကယ်၊ ကား များသည်လည်း ကြပ်တည်းနေကြောင်း သိရသည်။

အွန်လိုင်းဂိမ်းကစားနေသူ

“တာချီလိတ်မြို့မှာ မနက် အလုပ်သွားချိန်ကနေ ညနေ အလုပ်ပြန်တဲ့အချိန်ထိ ကား၊ ဆိုင်ကယ်တွေ ကြပ်တည်း နေတာပဲ။ အခု တာချီလိတ်မှာ လူငယ်တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေ၊ စစ်ဘေးရှောင်တွေ လာနေကြတယ်။ လာပြီး အလုပ်လုပ်ကြတယ်။ အဲ့ကြောင့် အိမ်ခန်းတွေလည်း ဈေးတက်တာ။ မြို့ပြင်မှာဆို တစ်ခန်းကို ဘတ် ၄ ထောင်ကနေ ဘတ် ၅ ထောင်အထိ ရှိတယ် “ ဟု အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ – ထိုင်းနယ်စပ် မြန်မာနိုင်ငံ တာချီလိတ်မြို့အတွင်း တရားမဝင် လောင်းကစားဝိုင်း၊ တရားမဝင် တရုတ်လူမျိုးများ လာရောက်နေထိုင်ပြီး အွန်လိုင်းဂိမ်း လိမ်လည်မှုများ ပြုလုပ်နေကြောင်း သိရသည်။

တာချီလိတ်မြို့သည် လူနေထူထပ်မှု များလာသည့်အတွက်ကြောင့် မကြာခဏ ယာဉ်တိုက်မှု ဖြစ်ပွားနေပြီး အိမ်ခြေမဲ့အဖြစ် နေထိုင်သူများလည်း မကြာခဏ သေဆုံးနေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...