UWSA ဝတ်စုံဖြင့် ဓားပြတိုက်သည့် လူ ၅ ဦးကို တန့်ယန်းမြို့ဒေသခံများ ဝိုင်းဝန်းဖမ်းဆီး

သျှမ်းပြည် လားရှိုးခရိုင် တန့်ယန်းမြို့နယ်အတွင်း “ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် UWSA တံဆိပ်ပါ ဝတ်စုံ ဝတ်ဆင်ပြီး ဓားပြတိုက်သည့် အမျိုးသား လူငယ် (၅) ဦးကို ဒေသခံများက ဝိုင်းဝန်း ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဓားပြတိုက်သူနှစ်ဦးကို လက်နက်နှင့် အတူ ဖမ်းဆီးရမိ

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့တွင် တန့်ယန်းမြို့ အမှတ် (၆) ရပ်ကွက်၊ လုံလိတ်ကျေးရွာအတွင်းသို့ UWSA ဝတ်စုံ ဖြင့် ဓားပြလာတိုက်သည့် အမျိုးသား လူငယ် ၅ ဦးကို ဒေသခံများက ဝိုင်းဝန်းဖမ်းဆီးလိုက်ကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တစ်ယောက်က ကားပေါ်စောင့်ပြီး ၄ ယောက်က အိမ်ထဲ ဝင်ဓားပြတိုက်တာ၊ သူတို့မှာ ဓားရှည် နဲ့ ပစ္စတိုတွေ ကိုင်ထားကြတယ်။ ပြီးတော့ အိမ်ရှင်ကို ဖမ်းချုပ်ပြီး ငွေတွေကို ဖမ်းထုတ်ခိုင်းတာ၊ တရုတ်ငွေ နဲ့ မြန်မာငွေ စုစုပေါင်း ကျပ်သိန်း ၁၀၀ ကျော်ပေါ့၊ ဒါပေမဲ့ သူတို့ကို အရပ်ထဲက ဝိုင်းဖမ်းနိုင်ခဲ့တယ်” ဟု တန့်ယန်းမြို့နေ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဓားပြတိုက် လူငယ် ၅ ယောက်ကို ဓားရှည် နှစ်လက်၊ ပစ္စတို သေနတ် တစ်လက်၊ UWSA တံဆိပ်ပါ စစ်စိမ်းရောင် အင်္ကျီတစ်ထည်တို့နှင့် အတူ ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

အဆိုပါ ဓားပြဝင်တိုက်ခံရသည့် လုံလိတ်ကျေးရွာသည် တန့်ယန်းမြို့ပေါ် ရပ်ကွက်အတွင်း ရှိသော်လည်း အိမ်ခြေ ၂၀ ကျော်သာ ရှိနေသည့်အတွက် မြို့စွန်ကျ နေရာဖြစ်ကြောင်းလည်း ဒေသခံများက ဆက်ပြောသည်။

ထို့အပြင် ဓားပြတိုက် လူငယ်အုပ်စုသည် အဖွဲ့လိုက်ရှိနေခြင်းဖြစ်ပြီး အဖွဲ့ဝင် စုစုပေါင်း ၂၀ ဝန်းကျင်နီးပါး ရှိနေကြောင်းလည်း သိရသည်။

“သူတို့က အုပ်စုလိုက် လှုပ်ရှားတာ၊ တစ်အုပ်စုကို ၅ ယောက် ၇ ယောက် အဲ့လိုတွေနဲ့ သွားလာကြတာတဲ့၊ တစ်ဖွဲ့လုံးဆိုရင် စုစုပေါင်း ၂၀ လောက်ရှိတယ်၊ အခုတော့ ၅ ယောက်ဖမ်းထားလိုက်ပြီ၊ ကျန်တဲ့ အဖွဲ့ဝင်တွေ ကိုလည်း လိုက်ဖမ်းမယ်လို့ သိရတယ်” ဟု အထက်ပါ ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် အဆိုပါ ဓားပြတိုက်သည့် လူငယ် ၅ ဦးကို ဒေသခံများမှ တစ်ဆင့် တန့်ယန်းမြို့နယ် ဒေသတွင်း အာဏာပိုင်များသို့ လွဲပြောင်း ပေးအပ်လိုက်ကြောင်း သိရသည်။

ယင်းကဲ့သို့ UWSA တံဆိပ်ပါ ဝတ်စုံဖြင့် ဓားပြဝင်တိုက်သည့် လူငယ်များကို ဖမ်းဆီးရမိခြင်း နှင့် ပတ်သက်ပြီး UWSA တပ်ဖွဲ့၏ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကို မေးမြန်းရန်အတွက် ဖုန်းဆက်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်သူများ၏ စီးပွားရေး ကျဆင်းလာပြီး လောင်းကစားဝိုင်းများ၊ ခိုးဆိုးလုယက် ဓားပြတိုက်မှုများလည်း ပေါများလာပြီး ပြည်သူများက လုံခြုံရေး ကင်းမဲ့နေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...