တောင်ကြီးမြို့နယ် လယ်ယာမြေပေါ် ဆောက်လုပ်ထားသည့်နေအိမ်များ ဖယ်ရှားရန် စစ်တပ်က ထပ်မံစာစောင်ပို့

သျှမ်းပြည် တောင်ကြီးမြို့နယ် ဖာမွန်းကျေးရွာအုပ်စု ကံကြီးရပ်ကွက်အနီးရှိ မြွေပွေးတောင်ကုန်းပေါ်တွင် အခွင့်အမိန့်မရှိဘဲ နေအိမ်ဆောက်လုပ်ထားသဖြင့် ၁၅ ရက်အတွင်း ဖယ်ရှားရန် စစ်တပ်က ထပ်မံပြီး အိမ်တိုင်ရာရောက် စာပို့ ခဲ့ကြောင်း စုံစမ်းသိရသည်။

တောင်ကြီးမြို့နယ်အတွင်း မြေကွက်ရိုက် ရောင်းချထားသည့် တစ်နေရာ

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်တွင် စစ်ကောင်စီ လက်အောက်ခံ တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြွေပွေးတောင်ကုန်းပေါ်ရှိ မြေဧက စုစုပေါင်း (၁၄,၂၃၈) ပေါ်တွင် မြေကွက်များဖော်ထုတ်ပြီး အဆောက်အဦး ဆောက်လုပ်ခြင်း၊ အုတ်တံတိုင်းများ ကာရံခြင်း၊ ကျောက်တိုင်များ စိုက်ထူထားခြင်းအပေါ် စီစစ်ခဲ့ရာ မြေ ဧက (၅၀.၁) ပေါ် အခွင့်အမိန့်မရှိဘဲ တရားမဝင် နေအိမ် ဆောက်လုပ်ထားခြင်း တွေ့ရကြောင်း ရေးသားထားသည်။

အဆိုပါ အခွင့်အမိန့်မရှိဘဲ တရားမဝင် နေအိမ်ဆောက်လုပ်ထားသဖြင့် ၁၅ ရက်အတွင်း ဖယ်ရှားပေးပြီး ရွှေ့ပြောင်းပေးရန် မလိုက်နာပါက အထက်မြန်မာနိုင်ငံ မြေ နှင့်အခွန် စည်းမျဉ်း ဉပဒေ၊ နည်းဉပဒေဖြင့် အရေးယူမည် ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည်။

တောင်ကြီးမြို့နယ်အတွင်း မြေကွက်ရိုက် ရောင်းချထားသည့် တစ်နေရာ

“အဲ့မြေတွေ ကျနော်ကြားတာတော့ စရောင်းတာက PNO ဗိုလ်မှူးဆိုသူ လက်ညိုးထိုးရောင်းတာ။ နောက်အဆင့်ဆင့် လက်တွဲရောင်းလာတော့ နောက်ဆုံးလူလက်ထဲမှာ ခံရတာပေါ့။ အိမ်ကြီး၊ အိမ်ကောင်းတွေပါတယ်။ ဖျက်မလား၊ မဖျက်ဘူးလာတော့ မပြောတတ်ဘူး။ ဒီကောင်တွေ လက်ထက် လုပ်ချင်ရာ လုပ်နေကြတာ။ ရန်ကုန်၊ မန္တလေး ဂရန်ရှိတဲ့ နေရာတွေတောင် လုပ်သေးတာ၊ ဒီမှာမလုပ်ဘူးလို့ မပြောနိုင်ဘူး “ ဟု တောင်ကြီးမြို့ ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ဇွန်လ ၂ ရက် စစ်ကောင်စီ လက်အောက်ခံ ဖာမွန်းကျေးရွာ လယ်ယာမြေစီမံခွန့်ခွဲမှုအဖွဲ့မှ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အဆောက်အဦး ဆောက်လုပ်ခြင်း နှင့် အုတ်တံတိုင်း ကာရံခြင်းကို ဇွန်လ ၉ ရက်မှစပြီး အပြီးဖယ်ရှားရမည်ဟု အိမ်တိုင်ရာရောက် စာပို့အကြောင်းကြားခဲ့သည်။

ဖယ်ရှားရမည့် အိမ်ခြေ ၂၀၀ ကျော်အနက် အချို့မှာ အခိုင်အခန့် ဆောက်လုပ်ထားသည့် အိမ်ကြီးများ၊ ဆောက်လုပ်စ နေအိမ်များ နှင့် မြေဝယ်ယူပြီး ခြံစည်းရိုးခတ်ထားသည့် လယ်ယာမြေများ ပါဝင်ပြီး အမှန်တကယ် ဖယ်ရှားရမည်ဆိုပါက ၎င်းတို့သည် နစ်နာဆုံးရှုံးမှု နှင့် အခက်ခဲများစွာ ကြုံတွေ့နိုင်ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက် တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက်တွင် တပ်ပိုင်ဈေးဆိုင်ခန်း နှင့် ဆိုင်ခန်းများကို စစ်ကောင်စီ လက်အောက်ခံ တပ်သား၊ ရဲများက ဘူဒိုဇာဖြင့် ဖြိုဖျက်မည်ဟု ကြေညာထားစဉ် ဆိုင်ခန်းထဲရှိ ပစ္စည်းသိမ်းယူနေသည့် အသက် ၂၀ ကျော် အမျိုးသားတစ်ဦး အုတ်တံတိုင်းပိပြီး သေဆုံးသွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အေးသာယာတွင် စစ်မှုထမ်းဥပဒေ အကြောင်းပြ ငွေကြေးနှစ်ထပ်ကောက်ခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့နယ် အေးသာယာမြို့သစ်တွင် စစ်မှုထမ်းဥပဒေအတွက်ဟုဆိုကာ ငွေကြေးကော်ခံရာ၌ အိမ်ထောင်ခွဲသွားသူများကို နှစ်နေရာခွဲ၍ ငွေတောင်းခံနေသဖြင့် ဒေသခံများ အခက်တွေ့နေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ အေးသယာမြို့ရှိ ရပ်ကွက်အချို့တွင် အိမ်ထောင်စုရင်းဝင် သားသမီးများ အိမ်ထောင်ခွဲသွားသော်လည်း မူလမိဘနေအိမ်တွင် တစ်ကြိမ်၊ အိမ်ထောင်ကျရာ ရပ်ကွက်/ ကျေးရွာတွင် တစ်ကြိမ် စုစုပေါင်း နှစ်နေရာအတွက်...