မြန်မာ – ထိုင်း နယ်စပ်မျဥ်းပေါ်ရှိ UWSA တပ်စခန်း (၅) ခု ဆုတ်ခွာပေးရန် ထိုင်းအာဏာပိုင် တောင်းဆို

မြန်မာ – ထိုင်း နယ်စပ်မျဥ်းတလျောက်တွင် အခြေစိုက်ထားသည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) စခန်း (၅) ခုကို ဆုတ်ခွာပေးရန် ထိုင်းအာဏာပိုင်များက တောင်းဆိုလိုက်သည်။

နှစ်နိုင်ငံရှိ အာဏာပိုင်များ တွေ့ဆုံဆွေးနွေး

အဆိုပါ တောင်းဆိုချက်သည် ယ​မန်နေ့ (ဇွန် ၁၉) ရက်တွင် တာချီလိတ်မြို့ရှိ 1G1 ဟိုတယ်တွင် ပြုလုပ်သည့် မြန်မာ – ထိုင်း နယ်စပ်ကော်မတီ မြို့နယ်အဆင့် Thai – Myanmar Township Border Committee (TBC) အစည်းအဝေး တွင် ထိုင်းအာဏာပိုင်များက မြန်မာအာဏပိုင်များထံ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးချက်မှာ ထိုင်းအာဏာပိုင်မှ မြန်မာနိုင်ငံဘက်ရှိ UWSA တပ်စခန်း (၅) ခု ဆုတ်ခွာပေးဖို့ ဆွေးနွေးချက် အပါအဝင် ထိုင်းနိုင်ငံဘက်သို့ တရားမဝင် သွားရောက်နေထိုင်သူ၊ စည်းကမ်းဖောက်ပျက်ပြီး ထိုင်းနိုင်ငံသို့ တိမ်းရှောင်သူ နှင့် အမှုပြေးများကို ကူညီဖမ်းဆီးပေးရန်လည်း ထိုင်းအာဏာပိုင်များကို မြန်မာအာဏာပိုင်များက တောင်းဆိုသည်။

နှစ်နိုင်ငံရှိ အာဏာပိုင်များ တွေ့ဆုံစဥ်

ထို့အပြင် နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ တရားဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ မယ်ဆိုင်ချောင်းရေအား ပူးတွဲအသုံးပြုရေး ကိစ္စရပ်များ၊ မယ်ဆိုင်ချောင်း ရေကြီး ၊ ရေလျှံ ရာတွင် ကြိုတင်သိရှိနိုင်ရေးအတွက် အချက်ပေး ကိရိယာ တပ်ဆင်ခြင်းဆိုင်ရာ ကိစ္စရပ်များ စသည့်အချက်များကို နှစ်နိုင်ငံမှ ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး မီးရှို့ခြင်း နှင့် မီးခိုးမြူငွေ့ဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသ ယှဉ်တွဲကျေးရွာတောင့်တင်းခိုင်မာ စီမံချက်အနေ နှင့် နှစ်နိုင်ငံ နယ်စပ်ရှိ ကျေးရွာများအား ပညာရေး၊ ကျန်းမာရေး၊ အားကစား ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေးများလည်း ဆွေးနွေးခဲ့ကြသည်။

တာချီလိတ်ခရိုင် နှင့် ချင်းရိုင်းခရိုင်ကြား မူးယစ်ဆေးဝါးများ တရားမဝင်လမ်းကြောင်းမှ တင်ပို့နေမှုများ၊ လက်နက်ခဲယမ်းများ တရားမဝင် သယ်ဆောင်သည့် ကိစ္စရပ်များ စသည့် ကိစ္စရပ်များအား ကဏ္ဍအလိုက် နှစ်ဖက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာ – ထိုင်း နယ်စပ်တစ်လျှောက်ရှိ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်စခန်းကို ဆုတ်ခွာပေးရန်အတွက် ထိုင်းဘက်က တောင်းဆိုခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ

0
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...