စစ်အုပ်စုအား ထိတ်လန့်စေသော ပန်းသပိတ်လှုပ်ရှားမှု
SHAN -
နိဒါန်း ဇွန်လ ၁၉ ရက်၊ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုကြရင်း အာဏာသိမ်းစစ်အုပ်စုအား ဆန့်ကျင် တော်လှန်ရေးလှုပ်ရှားမှုတရပ်အဖြစ် “ပန်းသပိတ်”ကို နွေဦးတော်လှန်ရေး အင်အားစုများနှင့် အတူ ပြည်သူလူထုက လိုက်ပါလှုပ်ရှားခဲ့ကြသည်။ ဇွန်လ ၁၅ ရက် စတင်ပြီး “ပန်းသပိတ်”အတွက် အကြိုဆော်သြမှုများ ဖြစ်သည့် “ဗေဒါပျံ အံကိုခဲ၊...
ဆီဆိုင်မြို့နယ် စစ်ရှောင်များ စားနပ်ရိက္ခာပြတ်လပ်မှု အခြေအနေနဲ့ ကြုံတွေ့နေရဆဲ
သျှမ်းပြည် ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်များသည် အလှူရှင် မရှိသောကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှု အခြေအနေ နှင့် ကြုံတွေ့နေရဆဲ စုံစမ်း သိရသည်။ ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှစ၍ ၃ လကြာ ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်များသည် ပုံမှန်လစဉ် ကူညီထောက်ပံ့ ပေးနေသည့် အလှူရှင်များမှ ထောက်ပံ့မှု ရပ်တန့်သွားသောကြောင့် စစ်ရှောင်များက...
ပင်လုံမြို့ စည်ပင်သာယာရေးက အမှိုက်ခွန်ကောက်ပြီး အမှိုက်ရှင်းလင်းပေးမှုမရှိ
သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့အတွင်း စည်ပင်သာယာရေးက လစဥ် အမှိုက်ခွန်ကို ကောက်ယူနေပြီး မြို့တွင်း နှင့် မြို့ပြင်ရှိ အမှိုက်ကို ရှင်လင်းပေးခြင်းမရှိကြောင်း သတင်းရရှိသည်။ ထိုအပြင် စည်ပင်သာယာရေးကလည်း ပုံမှန် အမှိုက်လာကောက်ယူမှုမရှိပဲ အခွန်ကောက်ယူမှုရှိကြောင်း သိရသည်။ “ပင်လုံမှာ အရင်တုန်းက တစ်မြို့လုံး စွန့်ပစ်လို့ရတဲ့ အမှိုက်ကျင်းရှိတယ်။ အခုက မရှိတော့ဘူး။...
ကွတ်ခိုင်မြို့နယ် အမျိုးသား တစ်ဦး ဒဏ်ရာများဖြင့် MNDAA တပ်စခန်းအတွင်း သေဆုံးလျက်တွေ့ရှိ
သျှမ်းပြည် မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်မှ (၃၈) မိုင် မန်ပိန်းကျေးရွာ ဒေသခံ အမျိုးသား တစ်ဦးသည် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့ တပ်စခန်း အတွင်း၌ ဒဏ်ရာများဖြင့် သေဆုံးလျက် အလောင်းပြန်ရကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၁...
သျှမ်း – ကရင်နီ စစ်ဘေးရှောင် ကလေးများအတွက် ပညာရေး သင်ထောက်ကူ ပစ္စည်းများလိုအပ်နေ
သျှမ်း - ကရင်နီ နယ်စပ်အတွင်းရှိ စစ်ဘေးရှောင် ကလေးများအတွက် ပညာရေး သင်ထောက်ကူပစ္စည်းများ လိုအပ်နေကြောင်း သတင်းရရှိသည်။ ကရင်နီပြည်အတွင်း လက်ရှိ စစ်ဘေးရှောင်ကလေးများအတွက် စာသင်ကြားရန် သင်ထောက်ကူပစ္စည်းများ လိုအပ်နေပြီး အလှူရှင် နည်းပါးနေသောကြောင့် စာသင်ရန်အတွက် ခက်ခဲနေကြောင်း သိရသည်။ အဆိုပါ သင်ထောက်ကူပစ္စည်းများအတွက် တောင်ကြီးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့က ဦးဆောင်ပြီး...
သျှမ်းပုရပိုက်စာ စာဆိုတော် သျှမ်းလူငယ်
SHAN -
လန်ဒန်မြို့ ဗြိတိသျှ စာကြည့်တိုက်မှာ သုတေသနပြုလုပ်ဖို့ အတွက်သွားရောက်လေ့လာဖို့ Chevening ပညာသင်ဆုရခဲ့တဲ့ စိုင်းဆိုင်လှိုင်း (ခ) မျိုးသန့်လင်းကို သျှမ်းသံတော်ဆင့် မြန်မာပိုင်း အယ်ဒီတာ နန်းဆိုင်နွမ်က ဆက်သွယ်မေးမြန်းထားပါတယ်။ စိုင်းဆိုင်လှိုင်း ကတော့ လူငယ်တစ်ယောက်ဖြစ်ပေမယ့် သျှမ်းပုရပိုက်တွေကို ကောင်းမွန်စွာ ရွတ်ဖတ်နိုင်တဲ့သူဖြစ်သလို သျှမ်းပုရပိုက်တွေကို ရေးသားပြုစုနေတဲ့ လူငယ်တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့်...
လောက်ကိုင်မြို့အတွင်း ပစ်ခတ်မှုဖြစ်ပွား၊ ထိခိုက်သေဆုံးမှုများ ရှိနေ
သျှမ်းပြည် လောက်ကိုင်မြို့ အတွင်းတွင် လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီး ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း စုံစမ်း သိရသည်။ ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် လောက်ကိုင်မြို့လယ် ကျင်ဟိုင်ဟိုတယ် အနီး၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသား တစ်ဦးက...
မူဆယ်မြို့က မူလတန်းကျောင်းရှေ့မှာ လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်ခံရ
သျှမ်းပြည် မူဆယ်မြို့မှ မူလတန်းကျောင်း ရှေ့တွင် လုံခြုံရေး နေရာယူထားသည့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ပြည်သူ့စစ်တပ်ဖွဲ့တို့သည် အမည်မသိ လူတစ်စု ဝင်ရောက်ပစ်ခတ်မှုကို ခံရကြောင်း စုံစမ်း သိရသည်။ ယမန်နေ့ ဇွန်လ ၂၂ ရက် ညနေပိုင်း ၆ နာရီခွဲ ဝန်းကျင်တွင်...
တာချီလိတ်မြို့ စစ်ကောင်စီတပ်သားတစ်ဦး၏ သေနတ်မောင်းလွတ် ကျောင်းသားတစ်ဦးထိမှန်
သျှမ်းပြည် တာချီလိတ်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းအတွင်း စောင့်ကြပ်နေသည့် စစ်ကောင်စီ တပ်သား၏ သေနတ်ကို ကျောင်းသားတစ်ဦးကို ပေးကိုင်ရာမှ ကျည်ထွက်သွားပြီး ကျောင်းသား၏ ခြေထောက်ကျည်ထိမှန်သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၂) ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းအတွင်း...
TNLA တပ်သား ရိုက်နှက်သည့် သိန္နီမြို့နယ် ကျေးရွာသူကြီး လျော်ကြေးငွေဖြင့် ကြေအေးရ
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့မှ တပ်သားများ ရိုက်နှက်မှုကြောင့် ဒဏ်ရာ ရသွားသည့် သိန္နီမြို့နယ် ကျေးရွာသူကြီးသည် လျော်ကြေးငွေဖြင့် ကြေအေးပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်တွင် သျှမ်းပြည် လားရှိုးခရိုင် ၊ သိန္နီမြို့နယ်ရှိ မိန်းပါးကျေးရွာအုပ်စုမှ ဝမ်မိုင်...





