ကွတ်ခိုင်မြို့နယ် အမျိုးသား တစ်ဦး ဒဏ်ရာများဖြင့် MNDAA တပ်စခန်းအတွင်း သေဆုံးလျက်တွေ့ရှိ

သျှမ်းပြည် မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်မှ (၃၈) မိုင် မန်ပိန်းကျေးရွာ ဒေသခံ အမျိုးသား တစ်ဦးသည် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့ တပ်စခန်း အတွင်း၌ ဒဏ်ရာများဖြင့် သေဆုံးလျက် အလောင်းပြန်ရကြောင်း စုံစမ်း သိရသည်။

ဒဏ်ရာဖြင့် သေဆုံးသေဆုံးနေသည့် ရုပ်အလောင်း

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်တွင် (၃၈) မိုင် မန်ပိန်းကျေးရွာနေ ဦးတူးလွမ် အမည်ရှိ အသက် (၄၀) ဝန်းကျင် အမျိုးသား အလောင်းကို လာရောက်သယ်ဆောင်ရန် MNDAA မှ အကြောင်းကြားလာသည့် အတွက် ကျေးရွာလူကြီး နှင့် မိသားစုဝင်များက သွားရောက် သယ်ဆောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“ဘယ်လို လုပ်ပြီးတော့ MNDAA တပ်စခန်းထဲကို ရောက်သွားလဲ ဆိုတာတော့ မသိရဘူး၊ အလောင်းကို လာသယ် ပါဆိုလို့ သယ်တဲ့အချိန် ဘယ်လိုဖြစ်လဲ၊ ဘာကြောင့်လဲ ဆိုတာတွေ မေးလည်း သူတို့က အထက်လူကြီး ဖြေလိမ့် မယ်လို့ပဲ ပြောတယ်၊ ဘာမှ မသိရဘူး” ဟု မိသားစုဝင် နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဦးတူးလွမ်သည် လွန်ခဲ့သည့် တစ်ပတ်ခန့်က နေအိမ်တွင် ပျောက်ဆုံးသွားပြီး မိသားစုဝင်များက လူပျောက် ကြေညာပြီး လိုက်လံရှာဖွေနေချိန်တွင် MNDAA ဘက်မှ အလောင်းလာသယ်ရန် အကြောင်းကြားလာခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရုပ်အလောင်းကို သွားရောက်သယ်ဆောင်ချိန်တွင် ရိုက်နှက်ခံထားရသည့် ညိုမဲဒဏ်ရာများလည်း ခန္ဓာကိုယ်အနံ့ တွေ့ရကြောင်း သိရသည်။

“ကျောကုန်းတွေ၊ ရင်ဘတ်တွေ၊ မျက်နှာတွေမှာ ညိုမဲဒဏ်ရာတွေ တွေ့ရတယ်၊ ကြည့်ရတာတော့ အသက်မထွက် ခင်မှာ ရိုက်နှက် နှိပ်စက်ခံထားရတဲ့ ပုံပဲ၊ ပြီးတော့ သူ့အိမ်ကနေလည်း ပျောက်နေတာ ငါးရက် တစ်ပတ်လောက် ရှိပြီ၊ MNDAA တပ်စခန်းထဲ ဘယ်လိုရောက်သွားလဲ ဆိုတာ မိသားစုဝင်တွေတောင် မသိဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ (၃၈) မိုင် မန်ပိန်းကျေးရွာအနီးတွင် စခန်းချ နေထိုင်သည့် MNDAA တပ်စခန်း တစ်ခုလည်း ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ အမျိုးသားတစ်ဦး သေဆုံးရခြင်း နှင့် ပတ်သက်ပြီး MNDAA ဘက်မှ သတင်းထုတ်ပြန် ကြေညာထားခြင်း မလည်း မရှိပေ။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီး နောက်ပိုင်းတွင် သျှမ်းပြည် အပါအဝင် နိုင်ငံ တစ်ဝှမ်းလုံး နိုင်ငံရေး မငြိမ်မသက်မှု ဖြစ်ပေါ်လာပြီး မတရား ဖမ်းဆီးသတ်ဖြတ်မှုများ၊ ခိုးဆိုးလုယက်မှုများလည်း ပေါများလာသည်။

ယင်းကဲ့သို့ အခြေအနေများကြောင့် ဒေသခံ ပြည်သူများက လုံခြုံရေး ကင်းမဲ့နေကြကြောင်းလည်း ပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...