TNLA တပ်သား ရိုက်နှက်သည့် သိန္နီမြို့နယ် ကျေးရွာသူကြီး လျော်ကြေးငွေဖြင့် ကြေအေးရ

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့မှ တပ်သားများ ရိုက်နှက်မှုကြောင့် ဒဏ်ရာ ရသွားသည့် သိန္နီမြို့နယ် ကျေးရွာသူကြီးသည် လျော်ကြေးငွေဖြင့် ကြေအေးပေးခဲ့ရကြောင်း စုံစမ်းသိရသည်။

ရိုက်နှက်ခံထားရသည့် ရွာသူကြီး

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်တွင် သျှမ်းပြည် လားရှိုးခရိုင် ၊ သိန္နီမြို့နယ်ရှိ မိန်းပါးကျေးရွာအုပ်စုမှ ဝမ်မိုင် နမ့်ဟူးပွက် (ဝၢၼ်ႈမႂ်ႇၼမ့်ႁူးပွတ်း) ကျေးရွာမှ ရွာသူကြီးကို TNLA တပ်သားများ ရိုက်နှက်ခြင်း ဖြစ်ပြီး လျော်ကြေးငွေဖြင့် ကြေအေးပေး စေခဲ့ကြောင်း သိရသည်။

“TNLA ဘက်က ရွာသူကြီးကို လာမေးတယ်၊ ဘယ်လိုဖြစ်ချင်လဲပေါ့၊ ရွာလူကြီးကလည်း ဆရာတို့ တရားမျှတမှု ရှိသလို ဆုံးဖြတ်ကြပါဆိုလို့ TNLA ဘက်က သူ့ကို လျော်ကြေးငွေ ပေးလိုက်တယ်၊ ပြီးတော့ ရိုက်နှက်မှုတွေ ဖြစ်တဲ့ နေရာကလည်း ရွာထဲမှာဆိုတော့ ရွာကိုလည်း လျော်ကြေးပေးရတယ်၊ ဘယ်လောက်လဲဆိုတာတော့ အတိအကျ မသိရဘူး” ဟု ဒေသအတွင်းက လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရိုက်နှက်ခံထားရသည့် ရွာသူကြီး

ကျေးရွာအတွင်း ရိုက်နှက်မှု ဖြစ်ပွားသည့် အတွက် ဒေသခံ အများ၏ ဆန္ဒအရ TNLA တပ်ဖွဲ့မှ ကျေးရွာ ဖွံ့ဖြိုးရေး အတွက် ရန်ပုံငွေကို ပေးဆောင်ရကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက် တွင် သိန္နီမြို့နယ်၊ မိန်းပါးကျေးရွာအုပ်စု ၊ ဝမ်မိုင် နမ့်ဟူးပွက် (ဝၢၼ်ႈမႂ်ႇ ၼမ့်ႁူးပွတ်း) ကျေးရွာသို့ TNLA တပ်သား ၃ ဦး ဝင်ရောက်လာပြီး တောထွက်လည်ရန် အတွက် လမ်းပြ ရွာသား (၅) ဦးကို တောင်းရာမှစပြီး ရွာသူကြီးကို ရိုက်နှက်ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများကြောင့် ရွာသူကြီး လုံးဖုန်းသည် ညာဘက်မျက်လုံး ဖွင့်မရ၊ ခေါင်းကွဲဒဏ်ရာ၊ ရင်ဘတ်ညိုမဲဒဏ်ရာ နှင့် အောင့်နေခြင်းနှင့် ခြေလက် နှစ်ဖက်လည်း ထိခိုက်ဒဏ်ရာများ ရသွားကြောင်းသိရသည်။

“လက်ရှိမှာတော့ ဒဏ်ရာတွေက နည်းနည်းခြောက်လာပြီ၊ ဒါပေမဲ့ အတွင်းဒဏ်ရာက ရင်ဘတ်အောင့်တာတွေက ဖြစ်နေသေးတယ်၊ လျော်ကြေးက ဘယ်လောက်ရလိုက်လဲဆိုတာ မသိရဘူး၊ သူတို့ (TNLA) က ပေးမပြောတာ လား မပြောချင်တာလား ဆိုတာတော့ မသိဘူး” ဟု ရွာလူကြီး နှင့် နီးစပ်သူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ရိုက်နှက်ခံရသည့် ရွာသူကြီးသည် လုံးဖုန်း ဟု အမည်ရှိပြီး အသက် ၄၃ နှစ် ဝန်းကျင်ဖြစ်ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ ကိစ္စဖြစ်စဥ်နှင့် ပတ်သက်ပြီး မေးမြန်း သိရှိနိုင်ရန် အတွက် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက် ရေး တပ်မတော် TNLA ၏ ပြန်ကြားရေး ဆက်ဆံရေးရုံးမှ ပြောရေးဆိုခွင့်ထံသို့ ဖုန်းဆက်သွယ် သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...