CATEGORY

သတင်း

သိန္နီမြို့သို့ နေရပ်ပြန် စစ်ရှောင်များ အိမ်ခြံဝန်းထဲ စစ်သားအလောင်းများတွေ့

သျှမ်းပြည်သိန္နီမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁၆အနီးရှိ နေအိမ်များတွင် စစ်သားအလောင်းများတွေ့ရှိကြောင်း စုံစမ်းသိရသည်။ လက်ရှိ သိန္နီမြို့နယ်တွင် တိုက်ပွဲများငြိမ်သက်နေသဖြင့် စစ်ဘေးရှောင်များသည် မိမိနေအိမ်သို့ ပြန်သွားကြည့်ချိန် နေအိမ်ခြံဝန်းအတွင်း စစ်သားအလောင်းများအား တွေ့ရှိပြီး ပြန်လည်တူးဖော်ကာ အခြားနေရာသို့သွားမြုပ်ပေးနေရကြောင်း သိန္နီမြို့ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ အဆိုပါ စစ်သားအလောင်းများသည် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း တိုက်ပွဲကြောင့် ကျဆုံးသွားသည့်...

ဆီဆိုင်မြို့နယ် နေရပ်ပြန် စစ်ရှောင်များ စားဝတ်နေရေး အခက်တွေ့

ဆီဆိုင်မြို့နယ်မှ လွိုင်လင်လေးသို့နေရပ်ပြန်သွားသော စစ်ရှောင်များ စားဝတ်နေရေး အခက်အခဲကြုံတွေ့နေ ကြောင်း သိရသည်။ သျှမ်း-ကရင်နီနယ်စပ်တကြောရှိ တိုက်ပွဲများကြောင့် ဆီဆိုင်မြို့နယ်ထဲသို့ ထွက်ပြေးတိမ်းရှောင်လာသူများသည် လွိုင်လင်လေးမြို့ကို နေရပ်ပြန်သွားခဲ့ကြပြီး စိုးရိမ်မှုများနှင့် စားဝတ်နေရေးအတွက် အခက်အခဲများ ကြုံတွေ့ နေရကြောင်း စစ်ရှောင်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ခုက တခြားနေရာ တွေထပ်ပြေးဖို့က အခက်အခဲရှိလို့ ကိုယ်နေရပ်ကိုပြန်ခဲ့တာပေါ့။တိုက်ပွဲတွေကငြိမ်နေပါတယ်ဆိုပေမယ့် စားဝတ်နေရေး...

မိုးမိတ်မြို့ကို ဆိုင်ကယ်ဖြင့်ဝင်လို့ရ သတင်းအမှား

သျှမ်းပြည် မိုးမိတ်မြို့ကို စစ်ကောင်စီတပ်ဖွဲ့မှ ပြန်လည်ထိန်းချုပ်ပြီးနောက် မြို့ထဲသို့ ဆိုင်ကယ်ဖြင့် ဝင်ရောက်၍ရပြီဆိုသည့်  သတင်းအမှားဖြန့်ချိနေသည်။

ဆိုက်ခေါင် ဇောတိကရာမကျောင်းတိုက်အတွင်း စစ်ကောင်စီတပ်စွဲနေထိုင်

သျှမ်းပြည် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာရှိ ဇောတိကရာမကျောင်းဝန်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။ ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်းမှစပြီး လူအင်အား ၃၀၀ ကျော်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သားများသည် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာရှိ ဇောတိကရာမကျောင်းဝန်းအတွင်း လာရောက်တပ်စွဲထားကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အခုဆိုင်ခေါင်...

တာချီလိတ်မြို့ နှဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် ပျံလွန်

သျှမ်းပြည် တာချီလိတ်မြို့ရှိ နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဓမ္မသီရိသည် ယနေ့ (ဖေဖော်ဝါရီလ ၈ ရက်) နံနက်ခင်းတွင် ပျံလွန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မြို့မှ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော် ‌ဒေါက်တာဘဒ္ဒန္တ ဓမ္မသီရိသည် သျှမ်းထေရ်ကြီးဝါကြီး ဆရာတော်တစ်ပါးဖြစ်ပြီး သက်တော် ၉၇ နှစ်၊ ဝါတော်...

လားရှိုးမြို့ ၁၀ ရက်အတွင်း ၃ ကြိမ် ဗုံးပေါက်ကွဲမှုဖြစ်

သျှမ်းပြည် လားရှိုးမြို့တွင် ၁၀ ရက် အတွင်း ဗုံးပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိ နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည် လားရှိုးမြို့တွင် ညဈေး၊စန်းရွှင်ဟိုတယ်အနီး ယမန်နေ့ (ဖေဖော်ဝါရီလ ၇ ရက်) ညနေ ၄ နာရီခွဲဝန်းကျင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၈ ဦးထိခိုက်ခဲ့ပြီး...

စစ်ရေးပြင်းထန်နေသည့်ကြားက ကျင်းပခဲ့သည့် (၇၇)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့

သျှမ်းပြည်တဝှမ်းတွင် စစ်ရေးပြင်းထန်နေသည့်ကြားက (၇၇)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ကို မြို့နယ်အချို့တွင် ကျင်းပခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၇ ရက်)တွင် ကျရောက်သည့် (၇၇)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ညီနောင်မဟာမိတ်တပ်များ၏ ဝိုင်းရံပိတ်ဆို့ခြင်း ခံထားရသည့် မူဆယ်မြို့တွင် လူငယ်အဖွဲ့များမှ ဦးဆောင်ပြီး လူငယ်နှင့် ကလေးများအတွက် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း...

TNLA တပ်ဖွဲ့ သိမ်းပိုက်ရရှိထားသည့် မြို့များတွင်ကျင့်သုံးမည့် စစ်မှုထမ်းမူဝါဒ ထုတ်ပြန်

သျှမ်းပြည်မြောက်ပိုင်းရှိ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က သိမ်းပိုက်ထားသည့် မြို့များတွင် ကျင့်သုံးမည့် စစ်မှုထမ်းဆိုင်ရာ မူဝါဒကို ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ “၁၀၂၇ စစ်ဆင်ရေး”အတွင်း တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က သိမ်းပိုက်ရရှိထားသည့် နယ်မြေများ၌ ကျင့်သုံးမည့် စစ်မှုထမ်းဆိုင်ရာ မူဝါဒတွင် အသက်(၁၆)နှစ်အထက်...

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာအနီးအထိ တိုက်ပွဲဆက်ဖြစ်

သျှမ်းပြည် ဆီဆိုင်မြို့ရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA၊ ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲသည် ဆိုက်ခေါက်ကျေးရွာအနီးအရှေ့ဘက် လွယ်ပွတ်ကျေးရွာအထိ ဆက်ဖြစ်လာနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၆ ရက်) တွင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာ၏ အရှေ့ဘက်နေရာ၌ လုံခြုံရေးဆောင်ရွက်နေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA တပ်ဖွဲ့ကို စစ်ကောင်စီတပ်ဖွဲ့များက...

မူဆယ်မြို့တွင်း ဓားပြတိုက်မှု ထပ်မံဖြစ်ပွား

သျှမ်းပြည်မူဆယ်မြို့ စျေးရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် အမည်မသိ အမျိုးသား‌လေးဦး ဝင်ရောက် ဓားပြ တိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့ ဈေးရပ်ကွက်တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၆ ရက်) ညနေ ၇ နာရီဝန်းကျင် ကား Crown အဖြူရောင်တစ်စီးဖြင့် အမျိူးသား ၄ ဦးသည် လက်နက်ကိုယ်စီကိုင်ဆောင်ပြီး...

Latest news