ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာအနီးအထိ တိုက်ပွဲဆက်ဖြစ်

သျှမ်းပြည် ဆီဆိုင်မြို့ရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA၊ ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲသည် ဆိုက်ခေါက်ကျေးရွာအနီးအရှေ့ဘက် လွယ်ပွတ်ကျေးရွာအထိ ဆက်ဖြစ်လာနေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇန်နဝါရီလ ၆ ရက်) တွင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာ၏ အရှေ့ဘက်နေရာ၌ လုံခြုံရေးဆောင်ရွက်နေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA တပ်ဖွဲ့ကို စစ်ကောင်စီတပ်ဖွဲ့များက ချောင်းမြောင်းပစ်ခတ်ခဲ့သောကြောင့် နှစ်ဖက်တပ်ဖွဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း PNLA က ယနေ့ (ဇန်နဝါရီလ ၇ ရက်)တွင် ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့သည် လွယ်ပွတ်ကျေးရွာအတွင်းသို့ ပြေးဝင်ကာ ဒေသခံပြည်သူများ၏ မော်တော်ယာဉ်များကို အဓမ္မယူဆောင်ကာ ထွက်ပြေးသွားသကဲ့သို့ အဆိုပါကျေးရွာအား စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲချသွားကြောင်း ဆိုသည်။

ယင်းကဲ့သို့ ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံအိုးအိမ်စည်းစိမ်းများ ထိခိုက်မှုအချို့ရှိခဲ့ပြီး ပြည်သူ့စစ် ၂ ဦးကိုလည်း အရှင်ဖမ်းဆီးရမိထားကြောင်း ရေးသားဖော်ပြထားသည်။

ဆိုက်ခေါင်ကျေးရွာ ဒေသခံတစ်ဦးက “မနေ့ကဆိုရင် တော်တော်များများ ပြန်ထွက်ပြေးနေကြပြီ။ ၈၀ ရာခိုင်နှုန်းလောက်တော့ ပြန်ပြီးတိမ်းရှောင်သွားကြပြီ။ မနေ့ကလက်နက်ကြီး အဆက်မပြတ်ပစ်တဲ့ အသံတွေကြောင့် လူကြီးလူအိုတွေ၊ ကလေးလူငယ်တွေအတွက် အရမ်းရှော့ရစေလို့လေ။ အခုတိုက်ပွဲက ဆိုက်ခေါင်ကျေးရွာနဲ့ နီးလာပြီလို့ ပြောရမယ်” ဟု ပြောသည်။

ဆိုက်ခေါင်ကျေးရွာသည် ဆီဆိုင်မြို့နှင့် ၁၂ မိုင်ကျော် ကွာဝေးပြီး လွယ်ပွတ်ကျေးရွာနှင့် ၈ မိုင်ခန့် ကွာဝေးသည်။

အဆိုပါ လက်နက်ကြီးများသည် (ဖေဖော်ဝါရီလ ၅ ရက်)မှစပြီး ဆိုက်ခေါင်-လွယ်ပွတ် လမ်းကြားမှ လာရောက်တပ်စွဲထားသော စစ်ကောင်စီ၏ အမြှောက်တပ်မှနေ၍ ပစ်ခတ်ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဆိုက်ခေါင်ကျေးရွာ၏ အရှေ့နှင့်အနောက်ဘက်တွင် စစ်ကောင်စီတပ်ဖွဲ့များမှ လာရောက်တပ်စွဲထားသော အမြှောက်တပ်နှစ်ခုရှိကြောင်း၊ ထိုအမြှောက်တပ်များမှ ပစ်ခတ်လိုက်သော လက်နက်ကြီးများကြောင့် သက်ကြီးရွယ်အို အမျိုသမီးတစ်ဦး ထိတ်လန့်ပြီး သေဆုံးသွားခဲ့သည့်ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ဆက်ပြောသည်။

“အရင်ကဆိုက်ခေါင်မှာ ဘာအမြှောက်တပ်မှမရှိပါဘူး။ တိုက်ပွဲဖြစ်မှသူတို့တပ်တွေ လာစွဲထားတာ။ တစ်ခုက အောင်သုခရပ်ကွက်က ဘောလုံးကွင်းထဲမှာစွဲထားပြီး အခုနောက်တစ်ခုက ဆိုက်ခေါင်-လွယ်ပွတ် လမ်းကြားမှာ ထပ်လာစွဲထားတာပါ။ တစ်လောကတုန်းကလည်း သူတို့ပစ်လိုက်တဲ့လက်နက်ကြီးအသံကြောင့် သက်ကြီးရွယ်အို အမျိုးသမီးတစ်ယောက် နှလုံးရပ်ပြီးသေသွားတာ” ဟု ပြောသည်။

အလားတူ ဆီဆိုင်မြို့ မြောက်ဘက်တစ်နေရာတွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားပြီး အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ အလောင်း ၆ လောင်းနှင့် လက်နက် ၅ လက် သိမ်းဆည်းရကြောင်း PNLA ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

ဆီဆိုင်မြို့ပေါ်တိုက်ပွဲသည် လက်ရှိတွင် ဆိုက်ခေါင်ကျေးရွာအထိ ကူးစပ်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် အွန်လိုင်းပေါ်မှ သတင်းမှားများကို မယုံကြရန်၊ မြေပြင်နှင့်ဆက်သွယ်ပြီး တိမ်းရှောင်ကြရန် အသက် ၃၀ ၄၀ ကျော်အရွယ် ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

“တိုက်ပွဲတိုင်းမှာ ဗျူဟာဆိုတာ ရှိတယ်။ လူတွေမှာ မာယာရှိသလိုပဲ တိုက်ပွဲတွေမှာလည်း ဗျူဟာရှိပါတယ်။ အဲ့ဒါကြောင့်မို့ တိုက်ပွဲက လွယ်လွယ်နဲ့ဖြစ်လာတာ မဟုတ်တဲ့အတွက်ကြောင့် လွယ်လွယ်နဲ့ ပြီးသွားမှာ မဟုတ်ဘူး။ အဲ့တော့ လေလိုင်းပေါ်က သတင်းအမှားတွေ မယုံကြည်ကြဖို့၊ ကိုယ်ကိုယ်တိုင်မြေပြင်ကလူနဲ့ ဆက်သွယ်ပြီးတော့မှ အမှား၊ အမှန်ခွဲခြားသုံးသပ်ပြီး ဘေးလွှတ်ရာ နေကြဖို့ပြောချင်ပါတယ်” ဟု အသက် ၄၀ ကျော်အရွယ် ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

ထို့အပြင် ယမန်နေ့ (ဖေဖော်ဝါရီလ ၆ ရက်)တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခမရ (၄၂၃) စခန်းအနီးတွင် ရေဆင်းခပ်ရာ ၎င်းတို့ကိုယ်တိုင်ထောင်ထားသည့် မိုင်းကိုပြန်နင်းမိပြိး ၂ ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...