မိုးမိတ်မြို့ကို ဆိုင်ကယ်ဖြင့်ဝင်လို့ရ သတင်းအမှား

သျှမ်းပြည် မိုးမိတ်မြို့ကို စစ်ကောင်စီတပ်ဖွဲ့မှ ပြန်လည်ထိန်းချုပ်ပြီးနောက် မြို့ထဲသို့ ဆိုင်ကယ်ဖြင့် ဝင်ရောက်၍ရပြီဆိုသည့်  သတင်းအမှားဖြန့်ချိနေသည်။

စစ်ကောင်စီဝါဒဖြန့် တယ်ရီဂရမ်ချယ်နယ်များမှ “မိုးမိတ်မြို့အား စစ်ကောင်စီတပ်ဖွဲ့မှ အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မြို့ထဲသို့ ဆိုင်ကယ်ဖြင့်ဝင်လို့ရသည်” ဟုဆိုကာ ဒေသခံပြည်သူလူထုကို လှည့်ဖြားမှားယွင်းစွာ တင်ဆက်ချက်ဖြင့် ရေးသားဖြန့်ဝေနေသည်။

Archive link- https://archive.ph/YyekL

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသည့် အဖွဲ့အနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးမှု ပြုလုပ်ခဲ့သည်။ ယင်းမှာ သတင်းမှားဖြစ်နေကြောင်း တွေ့ရသည်။

ဇန်နဝါရီလ ၂၇ ရက်မှစပြီး ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နှင့်ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့ ထိန်းချုပ်ထားသည့် မိုးမိတ်မြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ခဲ့သည်။

ထို့နောက် စစ်ကောင်စီသည် ဒေသခံနေအိမ်များကို ဖောက်ထွင်းခြင်း၊ ပြန်လာသည့် ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့်ဖြင့် ကျေးရွာ၁၄ ရွာခန့်ရှိ ဒေသခံများအား ၅ ရက်အတွင်း ရှောင်ပေးကြရန် တော်လှန်ရေးအင်းအားစုများက အသိပေးလိုက်သည်ဟု ဧရာဝတီသတင်းဌာနမှရေးသားဖော်ပြခဲ့သည်။

မူရင်းလင့်- https://www.facebook.com/theirrawaddyburmese/posts/791660816340441

လက်ရှိတွင်လည်း မိုးမိတ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့များက တပ်စွဲနေလျက်ရှိသကဲ့သို့ မြို့အတွင်းသို့ ဝင်ရောက်သူများအား ဖမ်းဆီးမှုဆက်တိုက်လုပ်ဆောင်နေသဖြင့် ဝင်၍မရသေးကြောင်း မိုးမိတ်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုစစ်တပ်က ပြန်ထိန်းချုပ်တာက ဟုတ်တယ်။ အခုထိမြို့ထဲဝင်လို့ မရသေးဘူး။ ဝင်သွားသူတွေကို စစ်တပ်က ဖမ်းပြီး ရွှေကျောင်းဘုန်းကြီးကျောင်းမှာထိန်းသိမ်းထားတယ်။ အခုမြို့ထဲကို ဝင်ဖို့မသင့်သေးပါဘူး ” ဟု ပြောသည်။

လွတ်လပ်ပြီးယုံကြည်ရသော အခြားမီဒီယားများတွင်လည်း မိုးမိတ်မြို့ကို စစ်ကောင်စီတပ်ဖွဲ့များမှ ပြန်လည်ထိန်းချုပ်ပြီးနောက် ဝင်၊ ထွက်သွားလာနိုင်ကြောင်း ရေးသားဖော်ပြခြင်းမရှိပေ။

ထို့အပြင် ရွှေဖာလီနှင့် နမ့်မောင်းချောင်းတံတားတွင်လည်း စစ်ကောင်စီ လက်အောက်ခံ တပ်မ-၉၉နှင့် ပျူစောထီးအဖွဲ့ဝင်များ စောင့်ဆိုင်း၍ စစ်ဘေးရှောင်များထံမှ ပစ္စည်းလုယူနေလျက်ရှိသည်။

ထို့ကြောင့် မိုးမိတ်မြို့ကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် မြို့ထဲသို့ဆိုင်ကယ်ဖြင့်ဝင်ရောက်၍ ရပြီဆိုသည့်သတင်းမှာ သတင်းမှားဖြစ်ပြီး ဒေသခံပြည်သူလူထုကို လှည့်ဖြားမှားယွင်းစွာ တင်ဆက်ချက်ဖြင့် ရေးသားဖြန့်ဝေနေခြင်း ဖြစ်သည်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲစိတ်ချရသော သတင်းမီဒီများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

ထို့အပြင် သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook  Chat Boxမှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Shortပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...