TNLA တပ်ဖွဲ့ သိမ်းပိုက်ရရှိထားသည့် မြို့များတွင်ကျင့်သုံးမည့် စစ်မှုထမ်းမူဝါဒ ထုတ်ပြန်

သျှမ်းပြည်မြောက်ပိုင်းရှိ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က သိမ်းပိုက်ထားသည့် မြို့များတွင် ကျင့်သုံးမည့် စစ်မှုထမ်းဆိုင်ရာ မူဝါဒကို ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က သိမ်းပိုက်ရရှိထားသည့် နယ်မြေများ၌ ကျင့်သုံးမည့် စစ်မှုထမ်းဆိုင်ရာ မူဝါဒတွင် အသက်(၁၆)နှစ်အထက် ကျန်းမာရေးကောင်းမွန်သည့် တအာင်း(ပလောင်) အမျိုးသားများ၊ မိသားစုအတွင်း သားယောကျ်ား ၂ ဦးနှင့်အထက် ရှိပါက မဖြစ်မနေ စစ်မှုထမ်းရမည်ဟု ရုပ်သံထုတ်ပြန်ချက်အရ သိရှိရသည်။

“အသက်ပြည့်ပြီးသူ ၁၈ နှစ်မှ ၃၅ နှစ်အထိ တအာင်းလူမျိုး”များကို စစ်မှုထမ်းဆိုင်ရာ မူဝါဒအရ တပ်သားစုဆောင်း ခေါ်ယူနေကြောင်း TNLA တပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က ထိန်းချုပ်ထားသည့် နမ့်ဆန်၊ မန်တုံ၊ နမ္မတူနှင့် နမ့်ခမ်းမြို့နယ်များတွင် စစ်မှုထမ်းရန် လူငယ်များကို တပ်သားသစ်စုဆောင်းမှုများ လုပ်ဆောင်နေကြောင်း သိရပြီး ၎င်းတို့အထဲတွင် ကျောင်းနေအရွယ် ကလေးများလည်း ပါဝင်နေကြောင်း ဒေသခံများက ပြောသည်။

၎င်းကိစ္စနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ TNLA တပ်ဖွဲ့ထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “အသက်မပြည့်ရင် ခေါ်ယူခြင်း မရှိပါဘူး”ဟု TNLA တပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ယခုထုတ်ပြန်လာသည့် TNLA တပ်ဖွဲ့၏ စစ်မှုထမ်းဆိုင်ရာ မူဝါဒတွင် မိသားစုအတွင်း သားယောကျ်ား ၂ ဦးရှိသော်လည်း တစ်ဦးမှာ သာသနာ့ဘောင် ဝင်ရောက်နေသူ၊ ကျန်းမာရေး ချို့ယွင်းချက်ရှိသူနှင့် ကိုယ်လက်အင်္ဂါ မသန်စွမ်းသူ ဖြစ်ပါက စစ်မှုထမ်းကင်းလွတ်ခွင့် ရမည်ဟု ဆိုသည်။

ထို့အပြင် မိသားစုအတွင်း သမီးမိန်းကလေး ၃ ဦးနှင့်အထက် ရှိပါက အနည်းဆုံး ၁ ဦး စစ်မှုထမ်းရမည်ဖြစ်ပြီး ၎င်းတို့အထဲမှ တစ်ဦးသည် အရပ်ဘက်အဖွဲ့အစည်းများတွင် ဗဟိုကော်မတီအဆင့် တာဝန်ထမ်းဆောင်နေမှသာ စစ်မှုထမ်း ကင်းလွတ်ခွင့်ရမည်ဟု သိရသည်။

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA သည် စစ်ဒေသအဖြစ် တပ်မဟာ (၇) ခု ဖွဲ့စည်းထားပြီး တပ်မဟာ တစ်ခုလျှင် တပ်ရင်း ၅ ရင်း ရှိကာ အုပ်ချုပ်ရေးနယ်မြေအဖြစ် ခရိုင် (၅) ခု သတ်မှတ်ထားသည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့တို့ကို TNLA တပ်ဖွဲ့မှ သိမ်းပိုက်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းများ လည်ပတ်နိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

၎င်းမြို့များသို့ TNLA တပ်ဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်များက သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒေသခံ ပြည်သူလူထုနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...