Friday, January 30, 2026

TNLA တပ်ဖွဲ့ သိမ်းပိုက်ရရှိထားသည့် မြို့များတွင်ကျင့်သုံးမည့် စစ်မှုထမ်းမူဝါဒ ထုတ်ပြန်

သျှမ်းပြည်မြောက်ပိုင်းရှိ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က သိမ်းပိုက်ထားသည့် မြို့များတွင် ကျင့်သုံးမည့် စစ်မှုထမ်းဆိုင်ရာ မူဝါဒကို ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က သိမ်းပိုက်ရရှိထားသည့် နယ်မြေများ၌ ကျင့်သုံးမည့် စစ်မှုထမ်းဆိုင်ရာ မူဝါဒတွင် အသက်(၁၆)နှစ်အထက် ကျန်းမာရေးကောင်းမွန်သည့် တအာင်း(ပလောင်) အမျိုးသားများ၊ မိသားစုအတွင်း သားယောကျ်ား ၂ ဦးနှင့်အထက် ရှိပါက မဖြစ်မနေ စစ်မှုထမ်းရမည်ဟု ရုပ်သံထုတ်ပြန်ချက်အရ သိရှိရသည်။

“အသက်ပြည့်ပြီးသူ ၁၈ နှစ်မှ ၃၅ နှစ်အထိ တအာင်းလူမျိုး”များကို စစ်မှုထမ်းဆိုင်ရာ မူဝါဒအရ တပ်သားစုဆောင်း ခေါ်ယူနေကြောင်း TNLA တပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က ထိန်းချုပ်ထားသည့် နမ့်ဆန်၊ မန်တုံ၊ နမ္မတူနှင့် နမ့်ခမ်းမြို့နယ်များတွင် စစ်မှုထမ်းရန် လူငယ်များကို တပ်သားသစ်စုဆောင်းမှုများ လုပ်ဆောင်နေကြောင်း သိရပြီး ၎င်းတို့အထဲတွင် ကျောင်းနေအရွယ် ကလေးများလည်း ပါဝင်နေကြောင်း ဒေသခံများက ပြောသည်။

၎င်းကိစ္စနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ TNLA တပ်ဖွဲ့ထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “အသက်မပြည့်ရင် ခေါ်ယူခြင်း မရှိပါဘူး”ဟု TNLA တပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ယခုထုတ်ပြန်လာသည့် TNLA တပ်ဖွဲ့၏ စစ်မှုထမ်းဆိုင်ရာ မူဝါဒတွင် မိသားစုအတွင်း သားယောကျ်ား ၂ ဦးရှိသော်လည်း တစ်ဦးမှာ သာသနာ့ဘောင် ဝင်ရောက်နေသူ၊ ကျန်းမာရေး ချို့ယွင်းချက်ရှိသူနှင့် ကိုယ်လက်အင်္ဂါ မသန်စွမ်းသူ ဖြစ်ပါက စစ်မှုထမ်းကင်းလွတ်ခွင့် ရမည်ဟု ဆိုသည်။

ထို့အပြင် မိသားစုအတွင်း သမီးမိန်းကလေး ၃ ဦးနှင့်အထက် ရှိပါက အနည်းဆုံး ၁ ဦး စစ်မှုထမ်းရမည်ဖြစ်ပြီး ၎င်းတို့အထဲမှ တစ်ဦးသည် အရပ်ဘက်အဖွဲ့အစည်းများတွင် ဗဟိုကော်မတီအဆင့် တာဝန်ထမ်းဆောင်နေမှသာ စစ်မှုထမ်း ကင်းလွတ်ခွင့်ရမည်ဟု သိရသည်။

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA သည် စစ်ဒေသအဖြစ် တပ်မဟာ (၇) ခု ဖွဲ့စည်းထားပြီး တပ်မဟာ တစ်ခုလျှင် တပ်ရင်း ၅ ရင်း ရှိကာ အုပ်ချုပ်ရေးနယ်မြေအဖြစ် ခရိုင် (၅) ခု သတ်မှတ်ထားသည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့တို့ကို TNLA တပ်ဖွဲ့မှ သိမ်းပိုက်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းများ လည်ပတ်နိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

၎င်းမြို့များသို့ TNLA တပ်ဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်များက သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒေသခံ ပြည်သူလူထုနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

0
သျှမ်း - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်မှ နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မိုးဗြဲမြို့အခြေစိုက် စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း ခမရ - ၄၂၂ ဘက်မှ...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...