စစ်ရေးပြင်းထန်နေသည့်ကြားက ကျင်းပခဲ့သည့် (၇၇)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့

သျှမ်းပြည်တဝှမ်းတွင် စစ်ရေးပြင်းထန်နေသည့်ကြားက (၇၇)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ကို မြို့နယ်အချို့တွင် ကျင်းပခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၇ ရက်)တွင် ကျရောက်သည့် (၇၇)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ညီနောင်မဟာမိတ်တပ်များ၏ ဝိုင်းရံပိတ်ဆို့ခြင်း ခံထားရသည့် မူဆယ်မြို့တွင် လူငယ်အဖွဲ့များမှ ဦးဆောင်ပြီး လူငယ်နှင့် ကလေးများအတွက် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

“သျှမ်းအမျိုးသားနေ့ အထိမ်းအမှတ် အနေနဲ့ မူဆယ်မြို့နယ်ထဲက အသက် ၁၂ နှစ်အောက် လူမျိုးဘာသာမရွေး ကလေးငယ်တွေ ပါဝင်တဲ့ အားကစားပြိုင်ပွဲ လုပ်ပေးဖြစ်တာ။ ကလေးတွေအနေနဲ့ ကိုယ်ကာယ ဖွံ့ဖြိုးပြီးတော့ မူးယစ်ဆေးဝါးနဲ့ လောင်းကစား အန္တရာယ်ကနေ ကင်းလွတ်နိုင်အောင် ရည်ရွယ်ပါတယ်”ဟု မူဆယ်မြို့မှ ပြိုင်ပွဲဦးဆောင်ကျင်းပသူ လူငယ်တစ်ဦးက သျှမ်းသံ‌တော်ဆင့်ကို ပြောသည်။

မူဆယ်မြို့တွင် ပြုလုပ်ခဲ့သည့် အားကစားပြိုင်ပွဲတွင် အသက် ၁၂ နှစ်အောက် ကလေးငယ်များအတွက် ဘောလုံးပြိုင်ပွဲနှင့် အသက် ၁၂ နှစ်အထက် လူငယ်များအတွက် ပိုက်ကျော်ခြင်းပြိုင်ပွဲတို့ကို ကျင်းပပေးခဲ့ကြောင်း မူဆယ်မြို့မှ ၎င်းလူငယ်ဒေသခံက ဆက်ပြောသည်။

အလားတူ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဌာနချုပ်ရှိရာ ဝမ်ဟိုင်းတွင်လည်း သျှမ်းအမျိုးသားနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး ဗိုလ်ချုပ်ကြီးဆေထင်က လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေများနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားခဲ့ကာ တက်ရောက်သူ ၂၀၀၀ နီးပါးရှိကြောင်း သိရသည်။

ထို့အပြင် လားရှိုး၊ တောင်ကြီး၊ လင်းခေးနှင့် တာချီလိတ်မြို့တို့တွင် သျှမ်းအမျိုးသားနေ့ အခမ်းအနားကို အကျဉ်းချုံး ကျင်းပပြုလုပ်ခဲ့ပြီး ကရင်ပြည်နယ် ဖာပွန်မြို့တွင်လည်း အားကစားပြိုင်ပွဲများဖြင့် ကျင်းပခဲ့ကြကြောင်း ‌ဒေသခံများက ပြောသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဌာနချုပ်ရှိရာ လွိုင်တိုင်းလျန်းတွင် သျှမ်းပြည်အမျိုးသားနေ့ကို နှစ်စဉ်နှစ်တိုင်း ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ဂုဏ်ပြုညစာစားပွဲ အနေဖြင့်သာ ကျင်းပပြုလုပ်ခဲ့သည်။

သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနား မကျင်းပနိုင်သည့် မြို့နယ်အသီးသီးမှ ပြည်သူများကလည်း မိမိနေအိမ်ရှေ့တွင် သျှမ်းပြည်အလံ လွှင့်ထူခြင်းဖြင့်လည်း ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

နှစ်စဉ် ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သည့် သျှမ်းပြည်အမျိုးသားနေ့ကို ၁၉၄၇ ခုနှစ် ပင်လုံညီလာခံတွင် စော်ဘွားကိုယ်စားလှယ် ၇ ပါး ၊ လူထုကိုယ်စားလှယ် ၇ ဉီး တန်းတူထိုင်ပြီး လွတ်လပ်ရေး အတူတကွ ရယူရန် ဖက်ဒရယ်သျှမ်းပြည်ကောင်စီကို သဘောတူ ဖွဲ့စည်းနိုင်ခဲ့သောကြောင့် ထိုနေ့ကို သျှမ်းပြည်အမျိုးသားနေ့အဖြစ် သတ်မှတ်ထားခဲ့သည်။

ထို့အပြင် သျှမ်းပြည်အတွက် အသုံးပြုမည့် ဝါ၊ စိမ်း၊ နီ သုံးရောင်ခြယ် အလယ် လဝန်း ကို ဖက်ဒရယ်သျှမ်းပြည် အလံတော်နှင့် နိုင်ငံတော်သီချင်းအဖြစ် ဖက်ဒရယ်သျှမ်းပြည်ကောင်စီ ဉက္ကဋ္ဌ တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန် က ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် လက်မှတ်ရေးထိုး သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း လေ့လာသိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...