Saturday, April 27, 2024

CATEGORY

သတင်း

ပုံးအင်းဒေသ သျှမ်းရိုးရာလှေလှော်ပြိုင်ပွဲကို ပမပျောက်အောင် ပြန်လည်ကျင်းပ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ပုံးအင်းဒေသ ဟိုတပ်ကျေးရွာတွင် သျှမ်းရိုးရာ ဓလေ့ထုံးစံလှေလှော် ပြိုင်ပွဲကို ပြန်လည် ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပုံးအင်းဒေသ လှေလှော်ပြိုင်ပွဲကို စက်တင်ဘာ ၁၈ရက်နှင့် စက်တင်ဘာ ၁၉ရက် တွင် ၂ရက်သာ ကျင်းပခဲ့သည်။ သျှမ်းရိုးရာလှေလှော်ပြိုင်ပွဲ ပြုလုပ်ရခြင်းမှာ ခေတ်အဆက်ဆက်မှ ရိုးရာဓလေ့ ထုံးစံကို ပမပျောက်ရန်၊ မျိုးဆက်လူငယ်များအတွက်...

Kpayအကောင့် မှ တစ်ဆင့် ငွေလိမ်လည်မှုများရှိနေ

စစ်အာဏာသိမ်းပြီး ၁နှစ်ကျော်ကာလ မှာ သျှမ်းပြည်အတွင်း Kpay အကောင့်မှတဆင့် ငွေလိမ်လည်မှုရှိနေကြောင်း စုံစမ်းသိရသည်။ ယခုနောက်ပိုင်း နည်းမျိုးစုံ ငွေလိမ်လည်မှုရှိလာပြီး၊ ဖုန်းမှ တဆင့် ငွေလွှဲခိုင်းခြင်း၊ Kpay မှ တဆင့် ငွေကိုလိမ်ညာ ထုတ်ယူမှုများ ရှိလာကြောင်း သိရသည်။ စက်တင်ဘာ တတိယပတ်အတွင်းတွင် သျှမ်းပြည် တောင်ပိုင်း ပင်လုံမြို့ထဲတွင်...

မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦး ထပ်မံသေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦး တိုက်ပွဲတွင် ဒဏ်ရာပြင်းထန်မှုကြောင့် ယမန်နေ့ (စက်တင်ဘာ ၂၀)ရက် ညပိုင်း၌ သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ မွန်းလွဲပိုင်း ၃ နာရီမှ ၅ နာရီအထိ စစ်ကောင်စီ နှင့် မိုးဗြဲ PDF တို့လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF...

မိုးမိတ်မြို့နယ် စစ်ကောင်စီ နှင့် SSPP ပြင်းထန်စွာ တိုက်ပွဲထပ်မံဖြစ်ပွားနေ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA )တို့ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းသိရသည်။ ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၁၁ နာရီခွဲဝန်းကျင်မှ မွန်းလွဲပိုင်း ၁ နာရီကျော် အထိ အာဏာသိမ်း စစ်ကောင်စီ...

ရုရှားငွေ နဲ့ မြန်မာကျပ်ငွေ တိုက်ရိုက်သုံးနိုင်ရန် စကစ ခြေလှမ်းနေသည်

ရုရှား ရူဘယ်ငွေ နှင့် မြန်မာကျပ်ငွေ ကို တိုက်ရိုက် အသုံးပြုနိုင်ရေး အတွက် စစ်ကောင်စီဘက်က ခြေလှမ်းနေကြောင်းသိရသည်။ စီးပွားရေး နှင့် ကုန်သွယ်မှုဆိုင်ရာ ဆက်စပ်လုပ်ငန်းများတွင် ရူဘယ်ငွေ နှင့် ကျပ်ငွေ တိုက်ရိုက်ပေးချေရန်လုပ်ဆောင်ကြောင်း၊ ရုရှားငွေ ပေးချေမှုစနစ်သုံးကဒ် MIR ကို ပြည်တွင်း၌ အသုံးပြုနိုင်ရန်အတွက် ခြေလှမ်းနေကြောင်း...

မိုင်းယော် အမျိုးသားတစ်ဦးက (၁) လ ကျော်ကြာ ပျောက်ဆုံးနေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စု လုံမွန်းကျေးရွာတွင် အသက် (၅၆) နှစ်ရှိ အမျိုးသားတစ်ဦးက (၁) လကြာ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ပျောက်ဆုံးသူမှာ အသက် (၅၆) နှစ်ရှိ ဦးဆန်စံဖြစ်ပြီး လယ်ထဲသို့ လယ်သွား လုပ်ရင်း (၄-၅) ရက် အကြာမှာ အိမ်ကိုတစ်ကြိမ်...

ကျောက်မဲမြို့တွင်း TNLA လူဖမ်းဆီးပြီးနောက် ညမထွက်ရ အမိန့် ထုတ်ပြန်လာ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) မှ ကျောက်မဲမြို့ အခွန်လွတ်ဈေးဘက်ရှိ လက်ဘက်ရည်ဆိုင်အတွင်း လူဝင်ဖမ်းဆီးမှု ပြုလုပ်ပြီးနောက် စစ်ကောင်စီမှ ညမထွက်ရအမိန့် ထုတ်ပြန်လာကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၉) ရက် ည ၇ နာရီဝန်းကျင်တွင်...

မိုးမိတ်မြို့တွင်း စာသင်ကျောင်းများ သုံးလကျော်ကြာထိ ပြန်မဖွင့်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ စစ်ရေးတင်းမာမှု အကြောင်းပြပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မှ ပိတ်ခိုင်းထားသည့် စာသင်ကျောင်းများသည် သုံးလကျော်ကြာသည်အထိ ပြန်မဖွင့်နိုင်သေးကြောင်း သတင်းသိရသည်။ မိုးမိတ်မြို့နယ်ရှိ အထက်ညောင်နီရွာ၊ အောက်ညောင်နီရွာ၊ သရက်ချိုရွာ၊ စင့်ကင်ကျေးရွာ၊ ပန်ဆားကျေးရွာတို့မှ စာသင်ကျောင်းများသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှ စတင်ပိတ်ခဲ့ရပြီး ယနေ့...

သျှမ်းပြည် COVID -19 ရောဂါကူးစက်မှုမြင့်တက် သေဆုံးသူ (၂) ဦးရှိ

သျှမ်းပြည်အတွင်းမှာ စက်တင်ဘာ (၁) ရက်နေ့မှ စပြီး ယနေ့ စက်တင်ဘာ (၂၀) ရက်နေ့ထိ COVID-19 ကူးစက်မှုနှုန်းမြင့်တက်လာသလို ကူးစက်ခံရ၍ သေဆုံးသူ (၂) ဦး ရှိကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာ (၁) ရက်နေ့မှစပြီး ယနေ့အထိ လာရှိုးမြို့နယ် ပြည်သူ့ဆေးရုံမှ COVID-19...

မိုးမိတ်မြို့နယ် အတွင်း စစ်ကောင်စီ လက်အောက်ခံ နေရာများ ဗုံးပေါက်ကွဲ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်းရှိ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံဌာန ဖြစ်ကြသည့် ခရိုင်ရုံးနှင့် မြို့နယ် ထွေအုပ်ရုံးတို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၉ ) ရက် ညနေ ၃ နာရီခွဲကျော်တွင် မိုးမိတ်မြို့ရှိ ခရိုင်ရုံးဝန်းအနီး ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီးနောက်...

Latest news