Thursday, April 25, 2024

CATEGORY

သတင်း

ကျေးသီးမြို့နယ် သျှမ်းတပ် ၂ တပ်တိုက်ပွဲပြန်ဖြစ်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းတွင် သျှမ်းလက်နက်ကိုင် တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်သည့် SSPP/SSA နှင့် RCSS/ SSA တို့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ သျှမ်းတပ် (၂)တပ် တိုက်ပွဲ ၁နှစ်နီးပါးရပ်နားခဲ့ရာမှ ယနေ့ (စက်တင်ဘာ ၂၁ )ရက် နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ကျေးသီးမြို့နယ် မိန်းရဲကျေးရွာအုပ်စု ပန်ဟိုက်...

PDF တပ်ဖွဲ့ကိုအားပေး၊ ထောက်ခံ၊ ကူညီပါက ပုဒ်မ (၅) ခုနှင့် သေဒဏ်ချမှတ်မည်ဟု စစ်ကောင်စီပြော

ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ကို ငွေကြေးထောက်ပံ့ပေးခြင်း၊ တစ်ကျပ်တစ်ပြား လှူသန်းပေးခြင်းများ ပြုလုပ်ပါက ပုဒ်မ (၅) ခုနှင့် သေဒဏ်အထိချမှတ်နိုင်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ယမန်နေ့ စက်တင်ဘာ (၂၀) ရက်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ပါသည်။ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်တောင်စု...

PNLO တပ်သား (၅) ဦး သတ်ခံရသည့်ကိစ္စ ပအိုဝ်းလက်နက်ကိုင် (၂) ဖွဲ့ တွေ့ဆုံညှိနှိုင်း

PNLO တပ်ဖွဲ့ (၅) ဦး သတ်ဖြတ်ခံရသည့်ကိစ္စ နှင့်ပတ်သတ်ပြီး ပအိုဝ်းပြည်သူ့စစ် (PNO/PNA) နှင့်) ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ တောင်ကြီးမြို့ ပအိုဝ်းစာပေ နှင့် ယဉ်ကျေးမှုရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၉ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်တွင်...

ပုံးအင်းဒေသ သျှမ်းရိုးရာလှေလှော်ပြိုင်ပွဲကို ပမပျောက်အောင် ပြန်လည်ကျင်းပ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ပုံးအင်းဒေသ ဟိုတပ်ကျေးရွာတွင် သျှမ်းရိုးရာ ဓလေ့ထုံးစံလှေလှော် ပြိုင်ပွဲကို ပြန်လည် ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပုံးအင်းဒေသ လှေလှော်ပြိုင်ပွဲကို စက်တင်ဘာ ၁၈ရက်နှင့် စက်တင်ဘာ ၁၉ရက် တွင် ၂ရက်သာ ကျင်းပခဲ့သည်။ သျှမ်းရိုးရာလှေလှော်ပြိုင်ပွဲ ပြုလုပ်ရခြင်းမှာ ခေတ်အဆက်ဆက်မှ ရိုးရာဓလေ့ ထုံးစံကို ပမပျောက်ရန်၊ မျိုးဆက်လူငယ်များအတွက်...

Kpayအကောင့် မှ တစ်ဆင့် ငွေလိမ်လည်မှုများရှိနေ

စစ်အာဏာသိမ်းပြီး ၁နှစ်ကျော်ကာလ မှာ သျှမ်းပြည်အတွင်း Kpay အကောင့်မှတဆင့် ငွေလိမ်လည်မှုရှိနေကြောင်း စုံစမ်းသိရသည်။ ယခုနောက်ပိုင်း နည်းမျိုးစုံ ငွေလိမ်လည်မှုရှိလာပြီး၊ ဖုန်းမှ တဆင့် ငွေလွှဲခိုင်းခြင်း၊ Kpay မှ တဆင့် ငွေကိုလိမ်ညာ ထုတ်ယူမှုများ ရှိလာကြောင်း သိရသည်။ စက်တင်ဘာ တတိယပတ်အတွင်းတွင် သျှမ်းပြည် တောင်ပိုင်း ပင်လုံမြို့ထဲတွင်...

မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦး ထပ်မံသေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦး တိုက်ပွဲတွင် ဒဏ်ရာပြင်းထန်မှုကြောင့် ယမန်နေ့ (စက်တင်ဘာ ၂၀)ရက် ညပိုင်း၌ သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ မွန်းလွဲပိုင်း ၃ နာရီမှ ၅ နာရီအထိ စစ်ကောင်စီ နှင့် မိုးဗြဲ PDF တို့လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF...

မိုးမိတ်မြို့နယ် စစ်ကောင်စီ နှင့် SSPP ပြင်းထန်စွာ တိုက်ပွဲထပ်မံဖြစ်ပွားနေ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA )တို့ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းသိရသည်။ ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၁၁ နာရီခွဲဝန်းကျင်မှ မွန်းလွဲပိုင်း ၁ နာရီကျော် အထိ အာဏာသိမ်း စစ်ကောင်စီ...

ရုရှားငွေ နဲ့ မြန်မာကျပ်ငွေ တိုက်ရိုက်သုံးနိုင်ရန် စကစ ခြေလှမ်းနေသည်

ရုရှား ရူဘယ်ငွေ နှင့် မြန်မာကျပ်ငွေ ကို တိုက်ရိုက် အသုံးပြုနိုင်ရေး အတွက် စစ်ကောင်စီဘက်က ခြေလှမ်းနေကြောင်းသိရသည်။ စီးပွားရေး နှင့် ကုန်သွယ်မှုဆိုင်ရာ ဆက်စပ်လုပ်ငန်းများတွင် ရူဘယ်ငွေ နှင့် ကျပ်ငွေ တိုက်ရိုက်ပေးချေရန်လုပ်ဆောင်ကြောင်း၊ ရုရှားငွေ ပေးချေမှုစနစ်သုံးကဒ် MIR ကို ပြည်တွင်း၌ အသုံးပြုနိုင်ရန်အတွက် ခြေလှမ်းနေကြောင်း...

မိုင်းယော် အမျိုးသားတစ်ဦးက (၁) လ ကျော်ကြာ ပျောက်ဆုံးနေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စု လုံမွန်းကျေးရွာတွင် အသက် (၅၆) နှစ်ရှိ အမျိုးသားတစ်ဦးက (၁) လကြာ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ပျောက်ဆုံးသူမှာ အသက် (၅၆) နှစ်ရှိ ဦးဆန်စံဖြစ်ပြီး လယ်ထဲသို့ လယ်သွား လုပ်ရင်း (၄-၅) ရက် အကြာမှာ အိမ်ကိုတစ်ကြိမ်...

ကျောက်မဲမြို့တွင်း TNLA လူဖမ်းဆီးပြီးနောက် ညမထွက်ရ အမိန့် ထုတ်ပြန်လာ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) မှ ကျောက်မဲမြို့ အခွန်လွတ်ဈေးဘက်ရှိ လက်ဘက်ရည်ဆိုင်အတွင်း လူဝင်ဖမ်းဆီးမှု ပြုလုပ်ပြီးနောက် စစ်ကောင်စီမှ ညမထွက်ရအမိန့် ထုတ်ပြန်လာကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၉) ရက် ည ၇ နာရီဝန်းကျင်တွင်...

Latest news