နောင်ချိုမြို့တွင်း အထင်ကရ ဌာနဆိုင်ရာရုံးများကို TNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ထား

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့၏ နှစ်ဘက်ထိတွေ့ တိုက်ပွဲပြင်းထန်းပြီး နောင်ချိုမြို့တွင်း အထင်ကရ ဌာနဆိုင်ရာရုံးများကို TNLA သိမ်းပိုက်ထားကြောင်း သတင်းရရှိသည်။

ယနေ့ (ဇွန်လ ၂၅ ရက်) နံနက် ၅ နာရီခန့်မှ စတင်ပြီး နောင်ချိုမြို့နယ် အုမ္မတီးလမ်းခွဲနှင့် ရွှေညောင်ပင်ကျေးရွာတို့တွင် စခန်းချတပ်စွဲထားသည့် စစ်ကောင်စီတပ်များကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မွန်းလွဲ (၁) နာရီခန့်တွင် မြို့အနီးရှိ ပြည်သူ့ဆေးရုံ အနီးသို့ တိုက်ပွဲပြင်းထန်လာကြောင်း နောင်ချိုဒေသခံများက ပြောသည်။

လက်ရှိမှာ နောင်ချိုမြို့အဝင်ရှိ ပြည်သူ့ဆေးရုံ၊ မီးသတ်ဌာန၊ ရဲစခန်းတို့ကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်ထားကြောင်း သိရသည်။

“မနက်က ၁၁၅ တပ်ရင်းနားမှာ ပစ်နေတာ၊ ခုက မြို့ထဲဘက် ရောက်လာပြီ။ နေ့လယ် ၁ နာရီလောက် စမယ်ထင်တယ် TNLA ၊ PDF ပူးပေါင်းအဖွဲ့နဲ့ စစ်တပ်နဲ့ ဆေးရုံအနောက်ဘက် မိုးဇလရုံးထိ ပစ်နေကြတာ။ TNLA စုပေါင်းအဖွဲ့ အင်အားများတယ်လို့ ကြားတယ်။ ဆေးရုံ၊ မီးသတ်နဲ့ ရဲစခန်း ပါသွားပြီ”ဟု နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိသတင်းရေးသားနေသည့်အချိန်အထိ နောင်ချိုမြို့တွင်းရှိ စစ်ကောင်စီ၏ အထင်ကရ ဌာနဆိုင်ရာ ရုံးများဖြစ်သည့် ပြည်သူ့ဆေးရုံ၊ မီးသတ်စခန်းနှင့် ရဲစခန်းတို့က TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာတွင် ယနေ့ (ဇွန်လ ၂၅ ရက်) နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် နှစ်ဘက်ထိတွေ့ တိုက်ပွဲအတွင်း ကားတစ်စီး ပစ်ခတ်ခံရပြီး ကားပေါ် လိုက်ပါလာသူ၏ လည်ပင်းကို ထိမှန်ကာ ဘန့်ဘွေးကျေးရွာအရောက်တွင် ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ကြောင်း နောင်ချိုဒေသခံများထံမှ သိရသည်။

အလားတူ နောင်ချိုမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLA ကလည်း ပါဝင်တိုက်ခိုက်နေကြောင်း ထုတ်ပြန်လာပြီး မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် MDY-PDF လည်း ပါဝင်ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြသည်။

ယနေ့ နံနက် ၇ နာရီခန့်က နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားနေရာ စစ်ကောင်စီတပ် စခန်းချထားသည့် ပြည်ထောင်စုလမ်းမပေါ်ရှိ အုမ္မတီး၊ အုမ္မခါး၊ ရေမောင်းတန်းနှင့် ကျောက်ကြမ်းကျေးရွာတို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်လေယာဉ် ပျံဝဲနေကြောင်း နောင်ချိုဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...