သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ရပ်ရွာဒေသတည်ငြိမ် အေးချမ်းရေးအတွက်ဟုဆိုကာ ဒေသခံများကို အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၁) ဖွင့်လှစ်သင်ကြားပေးနေကြောင်း စုံစမ်းသိရသည်။
အဆိုပါ အခြေခံစစ်ပညာသင်တန်း အမှတ် (၁) အတွင်း သင်တန်းသား (၈၀) ကျော်တက်ရောက်ခဲ့သည်ဟု ပြည်သူ့စစ် PNO ကဇွန်လ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။

ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲကြောင့် ပြည်သူလူထုများ များစွာနစ်နာဆုံးရှုံးခဲ့ရပြီးသည့်နောက် ယခုကဲ့သို့ ဖျက်ဆီးခြင်း မခံရအောင် မြန်မာ့တပ်မတော်အနေဖြင့် ပြည်သူလူထုများနှင့် လက်တွဲဆောင်ရွက်ကာ နိုင်ငံတော်တည်ငြိမ်းအေးချမ်းရေးကို ဆောင်ရွက်နေလျက်ရှိကြောင်း အမှတ် (၇) စစ်ဆင်ရေး ကွပ်ကွဲမှုဌာနချုပ် ဗိုလ်မှူးချုပ်ကျော်သူရက သင်တန်းအတွင်းပြောဆိုထားသည်။
သို့သော် သျှမ်းပြည်တောင်းပိုင်းတွင် စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှု စုစုပေါင်း (၃၄) ဦးထိရှိလာသည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး PYO က ဇွန်လ ၁၂ မှာထုတ်ပြန်ထားသည်။

ဆီဆိုင်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက “စစ်ကောင်စီက ပအိုဝ်းလူမျိုးကို သူတို့သုံးချင်သလိုသုံးပြီး၊ လုပ်ချင်ရာလုပ်လို့ရအောင် ဖန်းတီးနေတာ။ ပအိုဝ်းလူကြီးတွေကလည်း စစ်ကောင်စီကို သိပ်အလိုမလိုက်ပါနဲ့။ မကြာဘူး ပအိုဝ်း PNA ယူနီဖောင်းကတဖြည်းဖြည်းပျောက်ကွယ်သွားတော့မယ်” ဟု ပြောသည်။
ထို့အပြင် ပြည်သူ့စစ် PNO ၏ စစ်ဒေသမှူး (ဒု) ဗိုလ်မှူးကြီး ခွန်ကျော်သူက စစ်ပညာရပ်ကို တပ်ထားမှ ပအိုဝ်းဒေသကို ဖျက်ဆီးသည့် အဖျက်သမားများကို တိုက်ထုတ်နိုင်မည်ဟု ပြောသည်။












Leave a Comments