လားရှိုး-သီပေါလမ်းမကြီးပေါ်ရှိ ဆွတ်လန်းရွာတံတား ဖျက်ဆီးခံရ

သျှမ်းပြည် လားရှိုး-သီပေါပြည်ထောင်စုလမ်းမပေါ်ရှိ ဆွတ်လန်းရွာတံတားတစ်စင်း ယနေ့ (ဇွန်လ ၂၅) ရက် နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် ဖျက်ဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။

အဆိုပါ တံတားကို မိုင်းခွဲဖျက်ဆီးလိုက်ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ခရီးသည်ကားများလည်း သွားလာ၍မရကာ ပိတ်မိနေကြကြောင်း သီပေါမြို့ကားဆရာတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တံတားကို ပလောင်စစ်သားတွေကလာခွဲတာ။ ခဏကတော့ အလယ်မှာပဲ ပေါက်သွားတာ ကားလေးတွေ သွားလို့ရသေးတယ်။ ၉ ခွဲလောက်က နောက်တစ်လုံးခွဲတာ အကုန်ကျိုးပီနဲ့တူတယ်။ သွားလို့မရတော့ဘူး။ ကားတွေလည်း အကုန်ပြန်လှည့်ကြပြီ။ လွတ်တဲ့ဆိုင်မှာ သွားရပ်ထားကြတယ်” ဟု ၎င်းကပြောသည်။

ဆွတ်လန်းရွာကတံတားကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဘက်က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ဒေသခံများကပြောဆိုသော်လည်း သျှမ်းသံတော်ဆင့်က သီခြားအတည်ပြု၍ မရပေ။

လက်ရှိ ဆွန်လန်းကျေးရွာအနီးတဝိုက်တွင်လည်း သေနတ်ပစ်ခတ်သံများ တစ်ချက်ချက် ကြားနေရသည်ဟု ဆွတ်လန်းရွာဒေသခံက ပြောသည်။

“မနေ့ ည ကတည်းက ဆွန်လန်းရွာမှာ ပလောင်စစ်သားတွေရောက်နေတာ။ ရွာသူရွာသားတွေ တရွာလုံးနီးပါး ရှောင်ရတယ်။ အခုလည်း လက်နက်သံတွေ တစ်ချက်ချက်ကြားနေရတယ်။ လက်နက်ကြီးသံတော့ စိပ်တယ်။ ကျနော်တို့လည်း ဘယ်ပြေးရမှန်းမသိတော့ဘူး။ ဒီတံတားဖျက်ရင် ဘယ်လိုမှသွားလို့မရတော့ဘူး” ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက် သီပေါမြို့နယ် ကွန်စံလိတ်ရွာအနီးရှိ သီပေါ-နမ္မတူလမ်းမကြီးပေါ်တွင် စစ်ကောင်စီက မြောင်းတူးပြီး လမ်းကြောဖြတ်တောက်ထားသည်။

ထို့အပြင် ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲ ဖြစ်ပွားနေပြီး၊ လားရှိုးမြို့နယ်တွင်လည်း စစ်ကောင်စီနှင့် MNDAA တို့ တိုက်ပွဲ ဖြစ်ပွားနေလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...