ရပ်စောက်တွင် သျှမ်းတပ် (၂)တပ် အချင်းချင်း တိုက်နေဆဲ

သျှမ်းပြည် ရပ်စောက်မြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ တိုက်ပွဲဆက်ဖြစ်နေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ ဇွန်လ ၂၄ ရက် နံနက် ၈ နာရီအချိန်မှစ၍ ရပ်စောက်မြို့နယ် မိုင်းပျဉ်းကျေးရွာအုပ်စုအတွင်း RCSS နှင့် SSPP တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဟုတ်တယ်။ သူတို့အချင်းချင်း တိုက်ပွဲထပ်ဖြစ်ပြန်ပြီဗျာ။ မနေ့ညကလည်း မြို့ရဲ့အရှေ့ဘက် တောင်တန်းတကြောမှာ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေ အဆက်မပြတ်ကြားနေရတယ်” ဟု ရပ်စောက်မြို့ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

RCSS နှင့် SSPP တို့ တိုက်ပွဲသည် ရပ်စဲသွားခြင်းမရှိဘဲ ယနေ့ (ဇွန်လ ၂၅) ရက် မွန်းလွှဲပိုင်း ၂ ဝန်းကျင်မှစ၍ ရပ်စောက်မြို့နယ် နမ့်ဟူး၊ နမ့်လင်းနှင့် မြို့ရဲ့ အရှေ့ဘက် တောင်တကြောအထိ တိုက်ပွဲဆက်ဖြစ်နေသည်ဟု ရပ်စောက်မြို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

“မနေ့ကလည်း တိုက်ပွဲဖြစ်တယ်။ ဒီနေ့ နေ့လည် ၂ နာရီလောက်ကလည်း တိုက်ပွဲဆက်ဖြစ်တယ်။ နမ့်ဟူး၊ နမ့်လင်းနဲ့ အရှေ့ဘက် တောင်တကြောမှာ ဒီနေ့ထိ လက်နက်သံတွေကြားနေရတယ်” ဟု ၎င်းကပြောသည်။

ရပ်စောက်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် RCSS နှင့် SSPP တို့ သျှမ်းတပ်မတော်အချင်းချင်းတိုက်ပွဲသည် ယခုဇွန်လပိုင်းမကုန်ခင် ၂၅ ရက်နေ့အထိ ၅ ကြိမ်တိုင် ဖြစ်ပွားခဲ့ပြီဟု သိရသည်။

အလားတူ ယမန်နေ့ ဇွန်လ ၂၄ ရက် ညနေပိုင်းတွင်လည်း ရပ်စောက်မြို့နယ် ဘုရားကုန်းရွာ၏ မြောက်ဘက်ရှိ တံတားပေါ်၌ အမျိုးသား ၆ ဦး မိုင်းနင်းမိပြီး ၂ ဦးပွဲချင်းသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သို့သော် မိုင်းနင်းမိပြီး ထိခိုက်သေဆုံးသည့် ကိစ္စနှင့်ပတ်သက်ပြီး သျှမ်းသံတော်ဆင့်အနေဖြင့် ဆက်လက်စုံစမ်းနေသေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

ရပ်စောက်တွင် အုပ်ချုပ်ရေးမှူး လုပ်မည့်သူမရှိ မဲနှိုက်ရွေးချယ်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးလုပ်မည့်သူများ မရှိသောကြောင့် မဲနှိုက်ပြီး ရွေးချယ်နေရကြောင်း သတင်းရရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ရပ်စောက်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများကို တော်လှန်ရေးအင်အားစုဘက်မှ စစ်တပ်သတင်းပေး ခေါင်းစဉ်ဖြင့် သတ်ဖြတ်ခြင်း၊ စစ်တပ်ဘက်မှလည်း တော်လှန်ရေးအင်အားစုနှင့် အဆက်အသွယ်ရှိသည်ဟု ဆိုကာ ရိုက်နှက် ဖမ်းဆီးမှုများ ပြုလုပ်ကြသည်။ ထိုသို့ အပြန်အလှန် လူသတ်မှုများကြားမှ ကျေးရွာအုပ်ချုပ်ရေးမှူးများသည်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...