Wednesday, January 28, 2026

ရပ်စောက်တွင် သျှမ်းတပ် (၂)တပ် အချင်းချင်း တိုက်နေဆဲ

သျှမ်းပြည် ရပ်စောက်မြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ တိုက်ပွဲဆက်ဖြစ်နေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ ဇွန်လ ၂၄ ရက် နံနက် ၈ နာရီအချိန်မှစ၍ ရပ်စောက်မြို့နယ် မိုင်းပျဉ်းကျေးရွာအုပ်စုအတွင်း RCSS နှင့် SSPP တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဟုတ်တယ်။ သူတို့အချင်းချင်း တိုက်ပွဲထပ်ဖြစ်ပြန်ပြီဗျာ။ မနေ့ညကလည်း မြို့ရဲ့အရှေ့ဘက် တောင်တန်းတကြောမှာ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေ အဆက်မပြတ်ကြားနေရတယ်” ဟု ရပ်စောက်မြို့ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

RCSS နှင့် SSPP တို့ တိုက်ပွဲသည် ရပ်စဲသွားခြင်းမရှိဘဲ ယနေ့ (ဇွန်လ ၂၅) ရက် မွန်းလွှဲပိုင်း ၂ ဝန်းကျင်မှစ၍ ရပ်စောက်မြို့နယ် နမ့်ဟူး၊ နမ့်လင်းနှင့် မြို့ရဲ့ အရှေ့ဘက် တောင်တကြောအထိ တိုက်ပွဲဆက်ဖြစ်နေသည်ဟု ရပ်စောက်မြို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

“မနေ့ကလည်း တိုက်ပွဲဖြစ်တယ်။ ဒီနေ့ နေ့လည် ၂ နာရီလောက်ကလည်း တိုက်ပွဲဆက်ဖြစ်တယ်။ နမ့်ဟူး၊ နမ့်လင်းနဲ့ အရှေ့ဘက် တောင်တကြောမှာ ဒီနေ့ထိ လက်နက်သံတွေကြားနေရတယ်” ဟု ၎င်းကပြောသည်။

ရပ်စောက်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် RCSS နှင့် SSPP တို့ သျှမ်းတပ်မတော်အချင်းချင်းတိုက်ပွဲသည် ယခုဇွန်လပိုင်းမကုန်ခင် ၂၅ ရက်နေ့အထိ ၅ ကြိမ်တိုင် ဖြစ်ပွားခဲ့ပြီဟု သိရသည်။

အလားတူ ယမန်နေ့ ဇွန်လ ၂၄ ရက် ညနေပိုင်းတွင်လည်း ရပ်စောက်မြို့နယ် ဘုရားကုန်းရွာ၏ မြောက်ဘက်ရှိ တံတားပေါ်၌ အမျိုးသား ၆ ဦး မိုင်းနင်းမိပြီး ၂ ဦးပွဲချင်းသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သို့သော် မိုင်းနင်းမိပြီး ထိခိုက်သေဆုံးသည့် ကိစ္စနှင့်ပတ်သက်ပြီး သျှမ်းသံတော်ဆင့်အနေဖြင့် ဆက်လက်စုံစမ်းနေသေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...