သီပေါ စစ်ကောင်စီတပ်နှင့် TNLA ပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေ

သျှမ်းပြည် သီပေါမြို့တွင် စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည် ယနေ့ (ဇွန် ၂၅)ရက် ညပိုင်းအထိ အပစ်အလှန် ပစ်ခတ်မှုဖြစ်ပွားနေပြီး တိုက်ပွဲပြင်းထန်လာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။

သီပေါမြို့တွင် ယနေ့ (ဇွန် ၂၅)ရက် ညနေ (၅)နာရီမှစတင်ကာ လက်ရှိသတင်းရေးသားနေသည့် အချိန်ထိ စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်နေကြသဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်မှု ဖြစ်ပွားနေကြောင်း သီပေါမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ညနေ ၅နာရီက စကြားရတာ။ အခုထိပဲ ၁၅မိနစ် တကြိမ် ပစ်နေတာ။ ညပိုင်းကျတော့ စက်သေနတ်ဆွဲတာ တောက်လျှောက်ပဲ ရမ်းပစ်တာ၊ ညဆိုတော့ လန့်တာပေါ့။ တံတားတွေလည်း ကျိုးထားတော့ တိုက်ပွဲပြင်းလာရင် ထွက်ပြေးလို့လည်း အဆင်မပြေဘူး။ ဘယ်ကို ပြေးရမှန်းလည်း မသိဘူး”ဟု ၎င်းဒေသခံအမျိုးသားက ဆိုသည်။

ယနေ့ (ဇွန်လ ၂၅ ရက်) နံနက်အစောပိုင်းက သီပေါမြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ-၂၃ တပ်ရင်းအနီးတဝိုက်တွင် TNLA တပ်ဖွဲ့နှင့် နှစ်ဘက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ညနေ ၅ နာရီကျော်ခန့်မှ စတင်ပြီး ဒုဋ္ဌဝတီတံတားကြီး ထိပ်မှနေ၍ စစ်ကောင်စီတပ်က တိမ်တောင်ဘက်သို့ လက်နက်ကြီးအပြင် စက်သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သီပေါဒေသခံများက ပြောသည်။

“ညနေပိုင်းတုန်းက တောက်လျှောက် လက်နက်ကြီးကော၊ လက်နက်ငယ်ကော ပစ်နေကြတာ သံတံတားကြီးမှာ။ ဒုဋ္ဌဝတီတံတားကြီးနဲ့ ညနေရှုခင်းကြည့်တဲ့ တိမ်တောင်ကနေ ပစ်ကြတာ။ တံတားကြီးကနေ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်နေတာ၊ ၇ နာရီခွဲလောက်မှာ ခဏရပ်သွားပြီး အခုလောလောဆယ် ၁ လုံးချင်း ပစ်နေတယ်။ မြို့ထဲတော့ ငြိမ်နေသေးတယ်”ဟု ၎င်းသီပေါဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ဒုဋ္ဌဝတီတံတားကြီး ထိပ်မှနေ၍ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များသည် တိမ်တောင်အထိ မရောက်ဘဲ ပန်စောက်မိန်းနှင့် မြို့ဟောင်းရပ်ကွက်ဘက်ရှိ ဓာတ်ဆီဆိုင်၊ ဝပ်ရှော့ စသည့် ဆိုင်တန်းဘက်သို့ ကျရောက်ခဲ့ရာ ထိခိုက်ပျက်စီးမှု ရှိနေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အလားတူ သီပေါ-လားရှိုး ပြည်ထောင်စုလမ်းမပေါ် ဆွတ်လန်းရွာအနီးရှိ တံတားတစ်စင်းလည်း ယနေ့ (ဇွန်လ ၂၅) ရက် နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် မိုင်းခွဲဖျက်ဆီးခံလိုက်ရပြီး ခရီးသည်ကားများလည်း သွားလာ၍မရကာ ပိတ်မိနေကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...