Sunday, February 15, 2026

CATEGORY

သတင်း

လားရှိုးရဲတပ်ဖွဲ့က မူးယစ်ဆေးစွဲ လက္ခဏာရှိသူ ၁၀၅ ယောက်ကို ဖမ်းဆီးပြီး မိုင်းရယ်သို့ ထပ်မံပို့ဆောင်

သျှမ်းပြည် လားရှိုးမြို့နယ်မှ မူးယစ်ဆေးစွဲ လက္ခဏာရှိသူများကို လားရှိုးရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မိုင်းရယ်မြို့သို့ ကားတင်ပို့ဆောင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၉ ရက်) တွင် လားရှိုးမြို့အနီးတဝိုက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် မူးယစ်ဆေးစွဲ လက္ခဏာရှိသူ အမျိုးသား စုစုပေါင်း ၁၀၅ ယောက်ကို ၁၂...

ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် PNO တို့က စစ်အသုံးစရိတ်ကောက်ခံခြင်းမရှိဟု လိမ်လည်ဝါဒဖြန့်နေ

သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့ စစ်အသုံးစရိတ် ကောက်ခံမှုမရှိဟု လိမ်လည်ဝါဒဖြန့်နေသည်။ စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ် ချယ်နယ်တစ်ခုဖြစ်သည့် Mawshan Myay Media မှ “ ဆီဆိုင်မြိုမှာ စစ်တပ်နဲ့ PNO ပြည်သူ့စစ်အဖွဲက စစ်အသုံးစရိတ်ခေါင်းစဥ်ဖြင့် ငွေကြေးကောက်ခံနေကြောင်း သတင်းအမှားတွေကို Khit...

လွိုင်ဆမ်ဆစ်ဘုန်းကြီးကျောင်းသို့ သွယ်တန်းသည့် လျှပ်စစ်မီးကြိုးများ ခိုးယူခံရ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် လွိုင်ဆမ်ဆစ် တောင်ပေါ်ဘုန်းကြီးကျောင်း ဗုဒ္ဓကောလိပ်သို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ ခိုးယူခံခဲ့ရကြောင်း စုံစမ်းသိရသည်။ ကွက်ခိုင်မြို့နယ်အတွင်း မိုင်းဖုန်း‌ဆရာတော် တည်ထားသည့် လွိုင်ဆမ်ဆစ် တောင်ပေါ်ရှိ ဗုဒ္ဓကောလိပ် ဘုန်းကြီးကျောင်းသို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်၌ ခိုးယူခံခဲ့ရကြောင်း ဘုန်းကြီးကျောင်းစောင့်သည့် အမျိုးသားတစ်ဦးက...

ပင်လောင်း တိုက်ပွဲကြား ဦးပဉ္ဇင်းတစ်ပါး လက်နက်ကြီးထိမှန်ပြီး ပျံလွန်၊ အရပ်သား ထိခိုက်မှုရှိ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် လွယ်ကျိုင်းကျေးရွာမှ ဦးပဉ္ဇင်းတစ်ပါးသည် တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်၍ ပွဲချင်းပြီး ပျံလွန်တော်မူခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန် ၁၉ ရက်) ညနေပိုင်းတွင် ပင်လောင်းမြို့နယ် လွယ်ကျိုင်းကျေးရွာ အနီး စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး အင်အားစုတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လွယ်ကျိုင်းကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့၍ ဦးပဉ္ဇင်းတစ်ပါး...

လားရှိုး ဗုံးပေါက်ကွဲမှုကြောင့် ကလေး ၃ ဦး ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် ကလေး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့(ဇွန်လ ၂၀ ရက်) နေ့လည် ၁၂ နာရီကျော်တွင် လားရှိုးမြို့ ရပ်ကွက် (၇) တွင် မပေါက်ကွဲသေးသည့် ဗုံးကို ကိုင်တွယ်မိရာမှ ဗုံးပေါက်ကွဲမှုကြောင့် ကလေး ၃...

စစ်ကောင်စီတပ်မှ လေကြောင်းအပြင် ဒရုန်းဗုံးကြဲမှုကြောင့် အရပ်သားအပါအဝင် TNLA တပ်သား ထိခိုက်ကျဆုံး

သျှမ်းပြည် ကျောက်မဲနှင့် မိုးကုတ်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ကလေးတစ်ဦး အပါအဝင် ၃ ဦး ဒဏ်ရာရခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၉ ရက်) နေ့လယ် ၃ နာရီခွဲခန့်တွင် ကျောက်မဲနှင့် မိုးကုတ်မြို့နယ် အစပ်ရှိ တောင်နီကျေးရွာသို့...

ပင်လောင်းမြို့နယ် တိုက်ပွဲကြောင့် အရပ်သား ၅ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်တောင်ဖက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန် ၁၉ရက်တွင် ပင်လောင်းမြို့နယ် အတွင်း တိုက်ပွဲပြင်ထန်ပြီး ဒေသခံ တစ်ဦးနှင့် ကလေး နှစ်ဦးထိမှန်ခဲ့သည်။ ထို့ပြင် ဇွန် ၁၇ ရက်တွင်လည်း စစ်ကောင်စီဘက်မှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့်...

ရပ်စောက် သျှမ်းတပ် (၂)တပ် ပစ်ခတ်မှုဖြစ်၊ ပဒေသာမိုင်းကြောင့် အမျိုးသမီးတစ်ဦး အပါအဝင် နှစ်ဦးဒဏ်ရာရ

သျှမ်းပြည် ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့အချင်းချင်း နှစ်ဘက်ထိတွေ့ ပစ်ခတ်မှုဖြစ်ပြီး၊ ပဒေသာမိုင်းကြောင့် အမျိုးသမီးတစ်ဦး အပါအဝင် နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၆) ရက် နံနက် ၈ နာရီကျော်တွင် ရပ်စောက်မြို့နယ် ကျောက်ဂူတိုက်နယ်ရှိ...

နောင်ချို TNLA စခန်းချနေရာကို စစ်ကောင်စီ ဒရုန်းဗုံးကြဲ၊ TNLA တပ်သား ထိခိုက်ကျဆုံးမှုရှိ

စိုင်းခွမ်မိန်း၊ ၂၀၂၄ ဇွန်လ ၁၉ ရက် သျှမ်းပြည် နောင်ချိုမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA စခန်းချနေရာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ TNLA တပ်သား ထိခိုက်ကျဆုံးမှု ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၈ ရက်) ညနေ ၃...

ပင်လောင်းမြို့နယ် တိုက်ပွဲပြင်းထန်၊ ဒေသခံနှင့် စစ်ဘေးရှောင်များ ထပ်မံထွက်ပြေးရ

သျှမ်းပြည် ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့တို့ တိုက်ပွဲပြန်လည် ပြင်းထန်လာသည့်အတွက် ဒေသခံများနှင့် စစ်ဘေးရှောင်များ ထပ်မံ နေရာပြောင်းရွှေ့ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) နံနက်ပိုင်းမှစ၍ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့တို့ တိုက်ပွဲတဖန် ပြန်လည်ပြင်းထန်လာသည့်အတွက် နမ်းဖာမူ၊...

Latest news