သျှမ်းပြည် သီပေါမြို့နယ် ဆောင်ကြဲကျေးရွာအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဝင်ရောက်နေထိုင်ပြီး လုံခြုံရေး ယူထားချိန် ဖုန်းဆိုင်တစ်ဆိုင် ဝင်ရောက် ဖောက်ထွင်းခိုးယူခံရကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက် သီပေါမြို့နယ် ဆောင်ကြဲကျေးရွာတွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့ ( MNDAA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ဆောင်ကြဲကျေးရွာအတွင်းကို MNDAA ထိန်းချုပ်နေရာ ယူထားခဲ့သည်။
ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဝင်ရောက်နေထိုင် လုံခြုံရေးယူထားသည့် ဆောင်ကြဲကျေးရွာကို ယနေ့ (ဇူလိုင်လ ၂၅ ရက်)တွင် SK mobile ဖုန်းဆိုင်တစ်ဆိုင် ဝင်ရောက်ဖောင်းထွင်းခိုးယူခံခဲ့ရကြောင်း အသက် ၃၀ ဝန်းကျင်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်သံတောဆင့်ကို ပြောသည်။

“တိုက်ပွဲတွေ ငြိမ်နေတော့ ဒီနေ့ဆိုင်ကို ပြန်လာကြည့်တော့ တံခါးတွေပွင့်နေတယ်။ရွာထဲမှာလည်း သူတို့ (MNDAA) ရှိတယ်။ ဖောက်ပြီးခိုးခံရတာတော့ Power bank၊ဖုန်း အလုံး ၃၀ နဲ့ ငွေတန်ဖိုး သိန်း ၁၀၀ ဝန်းကျင်လောက် ပါသွားတယ်”ဟု အသက် ၃၀ ဝန်းကျင်ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။
သီပေါမြို့နယ်ဆောင်ကြဲကျေးရွာတွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ဇူလိုင် ၂၀ ရက် တွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံများ မိုင်းရယ်၊မိုင်းခေး သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း အသက် ၃၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
လွန်ခဲ့သည့် ( ဇူလိုင် ၂၁)ရက်တွင်လည်း စစ်ဘေးရှောင်တစ်ဦး လားရှိုးမြို့ မှ ထွက်ပြေးတိမ်းရှောင်လာပြီး ဆောင်ကြဲကျေးရွာ သို့ ကားခေတ္တရပ်ဆိုင်းနေစဉ် ကားမှန်ဖောက်ခွဲပြီး အခိုးခံလိုက်ရကြောင်းသိရသည်။












Leave a Comments