ရက်ပေါင်း(၁၀၀)အတွင်း ငြိမ်းချမ်းရေးဆွေးနွေးရန် အာဏာသိမ်းစစ်ခေါင်းဆောင် ဉီးမင်းအောင်လှိုင် ဖိတ်ခေါ်

အရပ်ဝတ်အသွင်ပြောင်း စစ်အစိုးရ ဖွဲ့စည်းပေးထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) အားလုံးကို လာမည့် ဇူလိုင် ၃၁ ရက် နောက်ဆုံးထား၍ ရက်ပေါင်း (၁၀၀) အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်လိုက်သည်။

ဧပြီလ ၂၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လာသော အဆိုပါထုတ်ပြန်ချက်တွင် EAO များကို အုပ်စုသုံးစုခွဲ၍ ဖိတ်ခေါ်ထားပြီး NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၊ NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့များနှင့် အကြောင်းအမျိုးမျိုးကြောင့် NCA လမ်းကြောင်းမှ သွေဖယ်နေသည့် အဖွဲ့များအနေဖြင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်လုပ်ဆောင်ရန် တိုက်တွန်းထားသည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အထူးလိုအပ်သည်ဟု ယုံကြည်ကြောင်း အတုအယောင်ရွေးကောက်ပွဲမှတဆင့် သမ္မတရာထူး ရယူထားသည့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုသော်လည်း တော်လှန်ရေးအင်အားစု (PDF) များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ထားခြင်း မရှိသည်ကို တွေ့ရသည်။

“အတုအယောင် ရွေးကောက်ပွဲ တစ်ရပ်ကနေ တက်လာတဲ့ အတုအယောင် သမ္မတက ဖိတ်ခေါ်တဲ့ ကမ်းလှမ်းချက်တွေက အတုအယောင် ဖိတ်ခေါ်ချက်၊ အတုအယောင် ငြိမ်းချမ်းရေးပဲ ဖြစ်မှာပါ” သျှမ်းတောင်အမျိုးသားများ ကာကွယ်ရေးတပ် (SSNLO/ SSNDF) ၏ နိုင်ငံရေးမှူး စိုင်းပန်ဖက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် ဧပြီလ ၂၁ ရက်နေ့မှစ၍ ဇူလိုင်လ ၃၁ ရက်အထိ ရက်ပေါင်း (၁၀၀) အတွင်း အချိန်ကန့်သတ်ချက် ပေးထားပြီး အရပ်ဝတ်အသွင်ပြောင်း စစ်အစိုးရ၏ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ဆက်သွယ် ဆောင်ရွက်ရန်လည်း အကြောင်းကြားထားသည်။

အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် စစ်အစိုးရအပြောင်းအလဲ ဖြစ်ပေါ်ခဲ့သော်လည်း မြေပြင်တွင် ပြည်သူများမှာ နေ့စဉ် ဗုံးကြဲတိုက်ခိုက်ခံရမှုနှင့် ဒုက္ခဆင်းရဲများကို ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း၊ ထို့ကြောင့် အပြောင်းအလဲအပေါ် ယုံကြည်မှု ကင်းမဲ့နေကြောင်း မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စဝ်ရွှေသိုက်၏ သားလည်းဖြစ်သူ၊ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ထဲထဲဝင်ဝင် ပါဝင်ဦးဆောင်ခဲ့သည့် ဥရောပ-မြန်မာ (EBO) အမှုဆောင် ဒါရိုက်တာလည်းဖြစ်သူ စဝ်ဟန်ယောင်ဟွေက ပြောသည်။

“ကျနော်တစ်ယောက်တည်း အမြင်ကတော့ ဆွေးနွေးချင်တယ်၊ အဖြေရှာချင်တယ်ဆိုရင် ယုံကြည်မှု တည်ဆောက်ရမယ်။ အခုက ဘယ်သူမှ မယုံဘူး၊ ဘယ်လိုပြောပြော မယုံဘူး။ ဘာကြောင့်လဲဆိုရင် ဗုံးက ဆက်ကြဲနေသေးတယ်ဆိုတော့ ဘယ်သူက ငြိမ်းချမ်းရေး ဆွေးနွေးမယ်လို့ ယုံကြည်မလဲ” ဟု သျှမ်းသံတော်ဆင့်နှင့် သီးသန့်အင်တာဗျူးတွင် စဝ်ဟန်ယောင်ဟွေက ပြောဆိုထားသည်။

ထို့အပြင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ)အစည်းအဝေးကို ယမန်နေ့ (ဧပြီလ ၂၁ ရက်) တွင် နေပြည်တော်၌ ကျင်းပခဲ့ရာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းပြည်တည်ငြိမ် အေးချမ်းရေးအတွက် PDF အဖွဲ့များအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ပါဝင်လာရန် ပြောဆိုခဲ့သည်။

စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ မိန့်ခွန်းထဲတွင် PDF အဖွဲ့များသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုအပေါ် အခြေခံသည့် နိုင်ငံရေးသဘောထား ကွဲလွဲမှုများမှတစ်ဆင့် ပြည်တွင်း၊ ပြည်ပ သွေးထိုးလှုံ့ဆော်မှုများကြောင့် လက်နက်ကိုင်လမ်းစဉ်ကို မှားယွင်းစွာ ရွေးချယ်ခဲ့ကြခြင်း ဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။

ထို့အပြင် ၂၀၂၄ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတော်နှင့် တပ်မတော်၏ သဘောထားအမှန်ကို နားလည်လာကာ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူ များပြားလာခြင်းသည် ကောင်းမွန်သည့် လက္ခဏာဖြစ်ကြောင်းလည်း စစ်ခေါင်းဆောင်က ပြောဆိုသည်။

ပြီးခဲ့သည့် ကာလများအတွင်း အချို့သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး၍ နှစ်ဖက်သဘောတူညီချက်များ ရရှိခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ သဘောတူညီချက်များကို ပိုမိုခိုင်မာစေရန်အတွက် ပြည်ထောင်စုလွှတ်တော်တွင် ထည့်သွင်းဆွေးနွေး အတည်ပြုသွားမည်ဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် NCA လက်မှတ် ရေးထိုးထားသည့် အဖွဲ့များနှင့်သာမက NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့များနှင့်ပါ ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး အချို့အဖွဲ့များသည် ၎င်းတို့၏ ကိုယ်ကျိုးအတွက် လက်နက်ကိုင် ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စွပ်စွဲခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ညီနောင် EAO တစ်ဖွဲ့ချင်း ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးနှင့် ဟန်ချက်ညီရန် 7 EAO Alliance ကြိုးပမ်းထိန်းညှိနေ

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့နှင့် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ နေပြည်တော်တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၀ နှင့် ၂၁ ရက်တို့တွင် နေပြည်တော်ရှိ M...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

ထင်ယောင်ထင်မှား ငြိမ်းချမ်းရေးနှင့် ကျရှုံးရန်ဇာတာပါလာသော “ရက် ၁၀၀ စီမံချက်”

0
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဇွန်လ လယ်ပိုင်းတွင် သျှမ်းပြည်သို့ လာရောက်ခဲ့သည်။ ထိုကိုယ်စားလှယ်အဖွဲ့သည်  ဇွန် ၁၇ရက်တွင် မိုင်းလားမြို့၌ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) နှင့် တွေ့ဆုံကာ အစိုးရသစ်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့်...

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်နိုင်အောင် အခုမှ ကျနော်တို့ ပြန်ပြီး လမ်းစရှာတာ ဖြစ်ပါတယ်”

0
အသွင်ပြောင်းစစ်အစိုးရ ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် ပထမဆုံးအကြိမ် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် 7 EAO Alliance ဆွေးနွေးညှိနှိုင်းရေးအဖွဲ့မှ ကိုယ်စားလှယ် (၈) ဦးတို့သည် ဇွန်လ ၉ ရက်နှင့် ၁၀ ရက်တို့တွင် နေပြည်တော်သို့ သွားရောက်ခဲ့သည်။ အလားတူ...