သိန္နီမြို့ပေါ် စစ်ကောင်စီလေကြောင်းဖြင့် ဗုံးကြဲပြုလုပ်နေ

သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) သိမ်းပိုက်ထားသည့် သိန္နီမြို့ကို စစ်ကောင်စီက  ယနေ့ (ဇူလိုင် ၂၅)ရက် ညနေ ၅နာရီခွဲမှ စတင်ကာ လေကြောင်းဖြင့် ဗုံးကြဲနေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ သည် ယနေ့ (ဇူလိုင် ၂၅)ရက် ညနေ ၅နာရီခွဲမှ လက်ရှိ သတင်းရေးသားချိန်ထိ လေကြောင်းဖြင့် ဗုံးကြဲခြင်း နှင့် စက်သေနတ်ပစ်ခြင်းတို့ ပြုလုပ်နေကြောင်း သိန္နီမြို့ တွင်း ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အခု လေကြောင်းနဲ့ ဗုံးကြဲတဲ့အပြင် စစ်သေနတ်နဲ့ပါပစ်နေတာ။ ဗုံးက ၅လုံးလောက်ရှိပြီး၊ သိန္နီဟော်တယ်နားနဲ့ ရဲစခန်းနားကို ပစ်နေတာ။ ဟော်နန်း နဲ့လည်း နီးတယ်။ အပျက်အစီးတော့ရှိတယ်။ လူထိခိုက်မှုတော့မသိသေးဘူး။  ဘယ်သူမှ အပြင်ထွက်မကြည့်ရဲဘူး” ဟု သိန္နီမြို့ခံ က ဆိုပြန်သည်။

သိန္နီထိခိုက်ပျက်စီးမှု

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇူလိုင် ၁၈ရက် ညနေ ၄နာရီတွင်လည်း သိန္နီမြို့ရှိ မြို့မစျေးကို  လေကြောင်းဖြင့် ဗုံးကြဲမှုခဲ့ပြီး လူအသေအပျောက် (၁၀)ဦးခန့်ရှိပြီး ဒဏ်ရာရရှိသူ (၂၀)ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုရက်မှ စတင်ပြီး စစ်ကောင်စီသည် သိန္နီမြို့ပေါ်သို့ ရက်ဆက်တိုက် လေကြောင်းဖြင့် ပျံ့ဝဲပြီး၊ ယမန်နေ့ (ဇူလိုင် ၂၄)ရက်တွင်လည်းလေကြောင်းဗုံးကြဲမှု ထပ်မံပြုလုပ်ခဲ့သည်။

“ ကျမ တို့ အခု သိန္နီမြို့ အနီးပတ်ဝန်းကျင်က ရွာကိုရှောင်လာတယ်။ ဒီကနေ့ သူတို့ လေယာဥ်ဝဲနေတာ ဗုံးချနေတာမြင်ရတယ်။ အပျက်အစီးကိုတော့ ဘယ်သူမှ မကြည့်ရဲသေးဘူး။ နေ့တိုင်း လေကြောင်းလာတော့ စိုးရိမ်မှုတော့ ရှိရတယ်။ ဘယ်ကို ပြေးလို့ ပြေးရမှန်းမသိဘူး” ဟု သိန္နီမြို့ခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ လဆန်းပိုင်းတွင် သိန္နီမြို့ကို MNDAA နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ပူးပေါင်းတပ်ဖွဲ့တို့မှ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သဖြင့် စစ်ဘေးရှောင်များ နေရပ်ပြန်ရန် MNDAA က ပြန်လည်ခေါ်ယူခဲ့သည်။

စစ်ဘေးရှောင်များ နေရပ်မပြန်ပါက MNDAA မှ သိမ်းဆည်းသွားမည်ဆိုသည့်သတင်းကြောင့် အများအပြား နေအိမ်ပြန်နေထိုင်ကြကာ ယခုကဲ့သို့လေကြောင်းဖြင့် ထပ်မံဗုံးကြဲခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် MNDAA အနေဖြင့် လားရှိုးမြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ – (၄၁)၊ (၆၈) နှင့် ခြေမြန်တပ်ရင်း ခမရ – (၅၀၇) တို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ ကိုလည်း ယနေ့ (ဇူလိုင် ၂၅)ရက် နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု မီဒီယာများက ရေးသားဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

ညောင်ရွှေမြို့နယ် အတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်ကော်မရှင်က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၉ ဖြင့် ပြဌာန်းခဲ့ပြီးနောက် ထိုဥပဒေအထဲတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို...

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...