ကျောက်မဲမြို့ တိုက်ပွဲကြား မသယ်ထုတ်နိုင်သည့် အရပ်သားအလောင်းများ ပုပ်ပွနေ

သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ နှစ်ဘက်တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှု ထုတ်ယူသင်္ဂြိုလ်ရန် ခက်ခဲနေသဖြင့် အလောင်းပုပ်ပွနေကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လ ၂၀ ရက်မှ ၂၂ ရက်အတွင်း ကျောက်မဲမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ရာ နှစ်ဘက်တိုက်ပွဲအတွင်း လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရမှုအပြင် သေနတ်ဒဏ်ရာများဖြင့် အရပ်သားသေဆုံးမှု နေ့စဉ် မြှင့်တက်နေသည်။

နေအိမ်အတွင်း သေဆုံးနေသည့် ထိုအလောင်းများကို သင်္ဂြိုလ်ရန် မကောက်ယူနိုင်သေးသဖြင့် အလောင်းများ ပုပ်ပွသည်အထိ များပြားနေကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

“အလောင်းတွေကတော့ ရှေ့ရက်က ဆုံးထားတဲ့ဟာတွေ၊ ပုပ်ပွတာမျိုးတွေတောင် ရှိတယ်။ တချို့နေရာကလည်း အခြေအနေ အမျိုးမျိုးကြောင့် ဝင်မရတာမျိုးဖြစ်တယ်။ ဒီနေ့လည်း နမ့်စစ်လင်းဘက်မှာ ၂ လောင်း ရှိတယ်။ လွယ်ပေါင်းမှာ ၂ ယောက် ဒဏ်ရာရတယ်။ မနေ့က ၈ လောင်း၊ ရှေ့ရက်က ၁၅ လောင်းရှိသွားပြီ၊ နေ့တိုင်းနီးပါး သေတာရှိနေတယ်”ဟု ကျောက်မဲမြို့ လူမှုကူညီရေးအသင်းတွင် ကူညီနေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့ပေါ် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့ တိုက်ပွဲကာလ တစ်လနီးပါးအတွင်း အရပ်သားထိခိုက်သေဆုံးမှု (၁၀၀) နီးပါးအထိ မြှင့်တက်လာကြောင်း ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အလားတူ ဇူလိုင်လ (၂၀) ရက် ညနေ ၆ နာရီခွဲတွင် ကျောက်မဲဒေသခံ (၄) ဦးသည် ဆိုင်ကယ်(၂)စီးဖြင့် မောင်းနှင်လာစဉ် ဂိတ်စောင့်စစ်ကောင်စီတပ်မှ တားဆီးမေးမြန်းမှုမရှိဘဲ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ထိုနေရာတွင် (၄)ဦးလုံး ပွဲချင်းပြီး သေဆုံးသွား၍ ၎င်းတို့၏ ရုပ်အလောင်းများကို အခင်းဖြစ်ရာ လမ်းဘေးတွင် စုပုံစွန့်ပစ်ထားခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။

ထို့အပြင် ဇူလိုင်လ (၂၀)ရက်မှ (၂၂) ရက်အတွင်း TNLA ၊ ကျောက်မဲခရိုင် PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ တပ်မ (၁၁) လက်အောက်ခံ ခလရ-၂၀၂/၂၀၃ တို့ နမ့်စစ်လင်းဘုန်းကြီးကျောင်းနှင့် အေးရှားဝေါ တိုးဂိတ်ဘက်တွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်။

၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက် MA1 (၂၆) လက်၊ MA3(၁၆)လက်၊ MA4(၄)လက်၊ MA11(၁၂)လက်၊ MA2(၁၀)လက် ငကျည်းမီး (၁)လက်၊ 45MM (၂)လက် 120MM (၁)လက် နှင့်အတူ စစ်အသုံးအဆောင်ပစ္စည်း (၈၅) လက် သိမ်းဆည်းရမိပြီး ရန်သူ့အလောင်း (၅၄) လောင်းနှင့် စစ်သုံ့ပန်း (၄၀) ဦးတို့ပါ ဖမ်းဆီးရမိခဲ့ကြောင်း TNLA ဘက်မှ ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်ကလည်း ကျောက်မဲမြို့အခြေစိုက် စကခ(၁) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၇) ဦးလည်း TNLA တပ်ဖွဲ့ထံ လက်နက်ချ အညံ့ခံခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

ညောင်ရွှေမြို့နယ် အတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်ကော်မရှင်က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၉ ဖြင့် ပြဌာန်းခဲ့ပြီးနောက် ထိုဥပဒေအထဲတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို...

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...