တောင်ကြီး အားကစားကွင်းဘေး ဖြိုလက်စ တိုက်ခန်းများထဲ စည်းကမ်းမဲ့ အညစ်အကြေးစွန့်ပစ်

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း ဘေးပတ်ပတ်လည်တွင် ဖြိုလက်စ တိုက်ခန်း၊ ဆိုင်ခန်းများထဲတွင် စည်းကမ်းမဲ့ အမှိုက်နှင့် မစင်စွန့်ပစ်မှုများကြောင့် အနီးပတ်ဝန်းကျင်မှ ဒေသခံများ အနှောင့်အယှက် ဖြစ်နေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် မတ်လ(၂၁)ရက်နေ့မှ စတင်ပြီး စစ်ကော်မရှင်လက်အောက်ခံ သျှမ်းပြည်‌နယ် အစိုးရအဖွဲ့မှ ဦးဆောင်ပြီး တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း ပတ်လည်ရှိ ဆိုင်ခန်း၊ တိုက်ခန်းများကို အင်အားသုံးကာ ဖြိုချ ဖျက်ဆီးခဲ့သည်။

ထိုသို့ ဖြိုဖျက်ထားသည့် ဆိုင်ခန်းများထဲတွင် အိမ်ခြေရာမဲ့များနှင့် လမ်းသွားလမ်းလာများမှ မစင်စွန့်ခြင်း၊ အပေါ့သွားခြင်းနှင့် အမှိုက်များ စည်းကမ်းမဲ့ လာရောက်စွန့်ပစ်ခြင်းတို့ကြောင့် အနီးပတ်ဝန်းကျင်ရှိ မြို့ခံများမှာ အနံဆိုးများ အနှောက်အယှက် ဖြစ်နေကြောင်း သိရသည်။

“ဖြိုမယ်ဆိုလည်း အကုန် ဖြိုလိုက်ပေါ့နော်၊ အခုက အမိုးပဲဖြို ဘေးက နဲနဲပဲ ဖြိုပြီး ဒီတိုင်းထားခဲ့တော့ လမ်းဘေးနေသူတွေက အဲထဲမှာ ဝင်အိပ်လိုက် မစင်စွန့်လိုက် အမှိုက်လာပစ်သွားလိုက်ဆိုတော့ အရမ်းနံတယ်။ အဆင်မပြေဘူး ကြာကြာနေရင် ရောဂါရနိုင်တယ်”ဟု တောင်ကြီးမြို့ခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် မြို့ခံများ ကြုံတွေ့နေရသည့် အနံ့ဆိုးပြဿနာကို သက်ဆိုင်ရာ အဖွဲ့အစည်းများက လာရောက်ရှင်းလင်းမှုများ လုပ်ဆောင်ပေးစေလိုကြောင်း အဆိုပါ အမျိုးသမီးက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် မတ်လ (၂၀)ရက်နေ့က အပြီးပြောင်းရွှေ့ခဲ့ရသော အားကစားကွင်းဘေး ပတ်ပတ်လည်မှ ဆိုင်ခန်းပိုင်ရှင်များနှင့် တိုက်ခန်းနေ ပင်စင်စားများမှာ သက်ဆိုင်ရာဌာနမှ စီစဉ်ပေးသော တိုက်ခန်းများတွင် ပြောင်းရွှေ့နေထိုင်နေရပြီး အဆင်မပြေမှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

“တချို့ကျတော့လည်း တောင်ကြီးမြို့တွင်းပဲ ဆိုတော့ အဆင်ပြေတာပေါ့၊ ကျနော်တို့က မြို့အစွန်ရောက်သွားတော့ အဆင်မပြေဘူး၊ သူတို့ပေးနေမယ့် တိုက်ခန်းကလည်း ခုထိ ဆောက်လို့ မပြီးသေးတော့ နေစရာက ဖြစ်သလို ရှာနေရတာပေါ့။ မြို့ထဲမှာလည်း အခန်းငှားခတွေက ဈေးအရမ်းကြီးတယ်”ဟု နေရာပြောင်းရွှေ့ခဲ့ရသည့် ဆိုင်ခန်းပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ဈေးဆိုင်ခန်း၊ တိုက်ခန်းများ နေရာတွင် နိုင်ငံတကာ အဆင့်မီ အားကစားကွင်း၊ အားကစားရုံနှင့် ရေကူးကန်၊ လူငယ်ရေးရာ စင်တာများ တည်ဆောက်သွားမည်ဟု အကြောင်းပြပြီး တိုက်ခန်းနေ ပင်စင်စားများကို မတ်လအတွင်း အတင်းအဓမ္မ ဖယ်ရှားခိုင်းခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...