သီပေါ အဝင်လမ်း၊ တံတားများပျက်စီး ဒေသခံများ စားနပ်ရိက္ခာ ပြတ်လပ်မှုရှိလာနိုင်

သျှမ်းပြည် သီပေါမြို့နယ်၏ လမ်းပန်းဆက်သွယ်ရေးနှင့် တံတားများ ပျက်စီးမှုကြောင့် ဒေသခံများအတွက် စားနပ်ရိက္ခာ ပြတ်လပ်လာနိုင်ကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် သီပေါ နှင့် ကျောက်မဲ ကြားရှိ ကျင်သီတံတားသည် စစ်ကောင်စီနှင့် ညီနောက်မဟာမိတ်တို့သည် “၁၀၂၇ စစ်ဆင်ရေး”တိုက်ပွဲများကြောင့် ပြီးသည့် ၂၀၂၃ နိုဝင်ဘာလ ၁၂ ရက်တွင် ဗုံးခွဲဖျက်ဆီးခဲ့ကြပြီး၊
ဇွန်လ ၂၅ ရက် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းတွင်လည်း သီပေါ-လားရှိုး ကြားရှိ ဆွတ်လန်ရွာရှိ တံတားကို ဆက်လက် ဗုံးခွဲဖျက်ဆီးခဲ့ရသည်။

ထိုကြောင့် ဇွန်လ နောက်ဆုံးပတ်မှ စတင်ပြီး သျှမ်းပြည် သီပေါမြို့ရှိ ဒေသခံများသည် လမ်းပန်းဆက်‌သွယ်ရေး နှင့် တံတားများ ပျက်စီးမှုကြောင့် ကုန်စည်စီးဆင်းမှု ခက်ခဲလာသဖြင့် စားနပ်ရိက္ခာများ မကြာခင် ပြတ်လပ်မှု ရှိလာနိုင်ကြောင်း သီပေါမြို့ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အခု က ဘယ်ဘက်ကိုမှ ထွက်ပြေးလို့မရတဲ့အခြေအနေပါ။ ကျောက်မဲနဲ့ လားရှိုးဘက် တိုက်ပွဲတွေဖြစ်တယ်။ ဘယ်လမ်းမှ သွားလို့မရဘူး။ စားသောက်ကုန်တွေလည်း စျေးတက်နေတယ်။ ရေရှည် ဆိုရင်တော့ စားနပ်ရိက္ခာ အတွက်က အရမ်းခက်ခဲလာမှာကို စိုးရိမ်ရတယ်” ဟု သီပေါမြို့ ဒေသခံအမျိုးသမီး က ပြောသည်။

လက်ရှိတွင် သီပေါမြို့နယ်၌ ခရမ်းချဉ်သီး တစ်ပိဿလျှင် မြန်မာကျပ်ငွေ တစ်သောင်းကျပ်ပေးဆောင်ရကြောင်း၊ ထို့ပြင် လမ်းကြောင်းများ တံတားများဖျက်ဆီးခံရသည့်အတွက် ဒုဌဝတီမြစ်ကြောင်းကို အဓိက အားထားကာ စားသောက်ကုန်များကို သယ်နေရကြောင်း သိရသည်။

စစ်ကောင်စီဝင်ရောက်မွှေနှောက် ပစ္စည်းသိမ်းယူသွားသည့် ကျင်သီတံတားအနီးရှိရွာပုံ

“ အခုက ရေကြောင်းကိုပဲ အားကိုးပြီး ဆန်တွေ စားသောက်ကုန်တွေသယ်နေရတာ။ ပြဿနာက လှေနဲ့ဆိုတော့ အများကြီးမသယ်နိုင်ဘူးလေ” ဟု ၎င်းက ဆိုပြန်သည်။

ဇွန်လ နောက်ဆုံးပတ်တွင် စစ်ကောင်စီနှင့်TNLA တို့သည် သီပေါမြို့ ဆွတ်လန်ရွာရှိ တံတားအနီးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာရှိ ဒေသခံ နှစ်ထောင်ကျော်သည် သီပေါမြို့အတွင်းရှိ ဖိုးတော်ဘုရားကျောင်းနှင့် ဆွေမျိုးအိမ်တို့တွင် ထွက်ပြေးတိမ်းရှောင်နေကြသည်။

သီပေါ ကျင်သီးတံတား ပျက်စီး

ထိုသီပေါမြို့ရှိ တံတားအနီးတဝိုက်တွင်နေထိုင်သော စစ်ဘေးရှောင်များကိုလည်း ယခုအချိန်ထိ နေရပ်ပြန်ခြင်း ကို တားမြစ်ခံထားပြီး၊ ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဒေသခံများသည် စိုးရိမ်မှုများရှိကြောင်း သီပေါမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“တချို့ သီပေါတံတားနဲ့ နီးတဲ့အိမ်က လူတွေကို အခုထိ စားစရာတွေ ယူဖို့ မပြန်ရဘူး။ မြို့ပြင်ကို ထွက်မယ်ဆိုရင် လက်နက်ကိုင်တွေရှိတော့ အန္တရာယ်များတယ်။ လမ်းတွေကလည်းအကုန်ပိတ်ပြီလေ။ အိမ်ကိုထားခဲ့ မယ်ဆိုလည်း သူခိုးတွေကို ကြောက်ရပြန် ရော” ဟု သီပေါမြို့ ဒေသခံအမျိုးသမီးတစ်ဦး ကပြောသည်။

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် လားရှိုးမြို့နယ်၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ် နောင်ချိုမြို့နယ်တို့တွင် စစ်ကောင်စီနှင့် TNLA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ စစ်ရေးပြင်းထန်နေဆဲဖြစ်ပြီး၊ စစ်ကောင်စီဘက်မှ လေကြောင်း ဗုံးကြဲမှု ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

ထို့ပြင် သျှမ်းပြည်မြောက်ပိုင်း လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုနှင့် မိုးမိတ်၊ မိုးကုတ်မြို့နယ်တွင် စစ်ရှောင် ၃သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အကူအညီ အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

ညောင်ရွှေမြို့နယ် အတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်ကော်မရှင်က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၉ ဖြင့် ပြဌာန်းခဲ့ပြီးနောက် ထိုဥပဒေအထဲတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို...

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...