လားရှိုးမြို့ ပရဟိတ အဖွဲ့ဝင်တစ်ဦး စနိုက်ပါပစ်ခံရပြီး ညာခြေထောက် ကျည်ဖောက်ထွက်

သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ ရွှေသံလွင် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦး စနိုက်ပါပစ်ခံရပြီး ညာဘက်ခြေထောက်ကို ကျည်ဖောက်ထွက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၈ နာရီကျော်တွင် လားရှိုးမြို့ပေါ်ရှိ ရွှေသံလွင် ပရဟိတ လူမှုကူညီရေးအသင်းတွင် ကူညီနေသူတစ်ဦးဖြစ်သည့် ကိုစိုင်း(လားရှိုး)သည် ကူညီရေးလုပ်ဆောင်နေစဉ် စနိုက်ပါပစ်ခတ်ခံရပြီး ညာဘက်ခြေထောက် ကျည်ဖောက်ထွက်ဒဏ်ရာ ရရှိခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

“စနိုက်ပါပစ်ခံရတာ၊ ဘယ်သူပစ်မှန်းလည်း မသိဘူး။ ညာဘက်ခြေထောက် လှုပ်လို့မရတော့ဘူး။ သူက တစ်မြို့လုံး အခက်အခဲ ရှိတဲ့နေရာ လှည့်ပတ်ကူညီပေးနေတာ၊ လူတင်ပဲမဟုတ်ဘူး အိမ်ခြံဝင်းထဲ ပိတ်လှောင်ခံထားရတဲ့ ခွေးတွေပါ ကူညီပေးနေတဲ့လူတစ်ယောက်ပါ။ အခု ပေါင်မှာ ပစ်ခံရတာ ကျည်ဖောက်ထွက်သွားလို့ သွေးထွက်လွန်နေတယ်”ဟု ပစ်ခတ်ခံရသူနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ဇူလိုင်လ ၂၃ ရက်နေ့ကလည်း လားရှိုးမြို့ Freedom Youth Volunteers (FYV) အဖွဲ့မှ အဖွဲ့သားတစ်ဦးလည်း ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ် သေနတ်ပစ်ခတ်ခံရပြီး ခြေထောက်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

ဇူလိုင်လ (၇) ရက်တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ လာရှိုးမြို့စောင့်တပ် ဖြစ်သည့် ခမရ (၅၀၇) တပ်ရင်းကို MNDAA သိမ်းပိုက်နိုင်သည့် သတင်းများ ထွက်ပေါ်လာပြီးနောက် မြို့အခြေပြု ခံစစ်သေဖြင့် ခုခံရန် စနိုက်ပါသမားများ ပါဝင်သည့် တပ်ဖွဲ့ငယ် အများအပြား ဖြန့်ကျက်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ဇူလိုင်လ ၈ ရက်တွင် ပြောကြားထားသည်။

စစ်ကောင်စီတပ် အနေဖြင့် တပ်ဖွဲ့ငယ်များစွာ ဖြန့်ခွဲ၍ မြို့တွင်းပြောက်ကျား နည်းဗျူဟာ အသုံးပြု ခံစစ်ဆင်ရန် ပြင်ဆင်ပြီး အထပ်မြင့် အဆောက်အအုံများနှင့် မြို့ကို စိုးမိုးထားသည့် တောင်ကြောများတွင် စနိုက်ပါများဖြင့် နေရာယူထားကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိတွင် လားရှိုးမြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ – (၄၁)၊ (၆၈) နှင့် ခြေမြန်တပ်ရင်း ခမရ – (၅၀၇) တို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း လားရှိုးဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

မေ့လာတာ အသက်ကြီးလာလို့ပဲလား

0
အပြင်သွားရင် အိမ်သော့ယူခဲ့မယူခဲ့ မေ့တတ်ကြလား။ အိမ်တံခါး သော့ခတ်၊ မခတ်ခဲ့ မသေချာလို့ အိမ်ပြန်ပြီး သွားကြည့်ဖူးကြလား။ အိမ်သော့အထဲမှာကျန်ခဲ့လို့ သော့ပြင်ဆရာ ခဏခဏ ခေါ်ရတဲ့ဖြစ်ရပ်လည်း ရှိတယ်မလား။ မေ့လွန်းလို့ ဟင်းအိုးတူးသွားတာ၊ ကြက်ဥပြုတ်ထားပြီး မီးပေါ်မှာ မေ့ထားမိတာမျိုးရော ရှိဖူးကြလား။ ဒီနေ့မနက် ဘာစားခဲ့တယ်ဆိုတာ ညရောက်တော့ ပြန်စဉ်းစားလို့ မရတော့တာမျိုးရော...

ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများကို အာဏာသိမ်းသမ္မတ ဖိတ်ခေါ်

0
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုနှင့် တိုက်ပွဲဖြစ်ပွားမှုကြောင့် စီးပွားရေး အကြီးအကျယ် ကျဆင်းနေချိန်တွင် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ကာ မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဗီယက်နမ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်လိုက်သည်။ ယမန်နေ့ စက်တင်ဘာလ ၆ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Melia Hotel တွင်...

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...