လားရှိုးမြို့တွင်းတိုက်ပွဲဖြစ်၊ ပြည်သူများ လုံခြုံရေး အထူးသတိပြုသင့်

သျှမ်းမြောက်၊ လားရှိုးမြို့တွင်း တိုက်ပွဲများ ယမန်နေ့ (ဇူလိုင်လ ၂၆ ရက်) ညပိုင်းက စတင်ဖြစ်ပွားနေပြီဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ (ဇူလိုင် ၂၆)ရက် နံနက်ပိုင်းမှ စတင်ကာ လားရှိုးမြို့ကို စိုးမိုးထားသည့် အမြင့်ပိုင်းနေရာများတွင် ကိုးကန့်တပ် နေရာယူထားကြောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်- ရမခ အနီးရှိ ဆေးတပ်နှင့် လေဆိပ်ကို ကိုးကန့်တပ် သိမ်းပိုက်ထားပြီး စစ်မြေပြင် အင်ဂျင်နီယာတပ်နှင့် မော်တော်ယာဥ◌်တင်တပ် ကို ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း ၎င်းကပြောသည်။ ။

ထို့အပြင် ရပ်ကွက် (၁) (၄) (၅) (၇) (၁၀) (၁၁) (၁၂) များအတွင်း ကိုးကန့်တပ် ဝင်ရောက်နေပြီး မြို့တွင်းတိုက်ပွဲများ စတင်ဖြစ်ပွားနေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

“ရမခ မကျသေးဘူးဆိုပေမယ့် အုပ်ချုပ်ကွက်ကဲမှု ရှုပ်ထွေးနေတယ်။ တပ်ဘက်က မြို့တော်ခန်းမှာရှိတယ်၊ မြို့ထဲမှာ အုပ်စုငယ်လေးတွေ ပြန့်ကျဲနေတဲ့ ပုံစံဖြစ်နေပါတယ်။ စနိုက်ပါတွေ နေရာယူထားတာလည်း ရှိပါတယ်။ တိုက်ပွဲ ပြင်းထန်နိုင်တယ်၊ မြို့ထဲမှာ ကျန်နေတဲ့ ပြည်သူတွေ သတိနဲ့ နေကြပါ” ဟု စစ်ရေးသတင်းရင်းမြစ်က သတိပေးသည်။

ဇူလိုင် ၂၆ရက် ညပိုင်း တိုက်ပွဲ စတင်ပြီးနောက် ရပ်ကွက်ကြီး (၁) တွင် ပြည်သူတစ်ဦး၊ ရပ်ကွက်ကြီး (၁၂) နယ်မြေ ၂၀ တွင် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း၊ နေ့လယ်ပိုင်းက ရပ်ကွက်ကြီး (၈) မဟာဗျူဟာလမ်း အတွင်း လက်နက်ကြီးကျသဖြင့် လူထိခိုက်မှုရှိကြောင်း တိုက်ပွဲ ပြင်းထန်လာနိုင်သဖြင့် ထိခိုက်ဒဏ်ရာရသူ များပြားလာနိုင်ကြောင်း မြို့ခံ တစ်ဦးက ဆိုသည်။

“ခုည လေယာဉ်က ဗုံးကြဲတယ်။ ည ၈ နာရီလောက်က။ မြို့တော်ခန်းမကို ကိုးကန့်တပ် ဝင်တိုက်တယ်။ တိုက်ပွဲက မြို့လယ်ကို ရောက်လာပြီ ။ထောင်ကြီးနားကတော့ တစ်နေကုန် ပစ်နေတာ။” ဟု ယနေ့ညပိုင်း အခြေအနေနှင့် ပတ်သက်၍ တခြားမြို့ခံ တဦးက ရှင်းပြသည်။

လက်ရှိ လူမှုကူညီရေးအသင်းများ၏ အ‌ခြေအနေနှင့် ပတ်သက်၍ “ပရဟိတ ခိုင်ခိင်မြဲမြဲဆိုလို့ လက်ရှိ ၃ ဖွဲ့ပဲရှိတာကို တဖွဲ့ကို ဥက္ကဌကိုဖမ်း၊ တဖွဲ့ကိုကျ စနိုက်ပါနဲ့ပစ်၊ တဖွဲ့ပဲကျန်တယ်” ဟု မြို့တွင်း ပြည်သူလူထုကို ကူညီနေသည့် Freedom Youty Volunteers အဖွဲ့၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

လားရှိုးမြို့ကို အလုံးစုံ သိမ်းပိုက်ပြီးဖြစ်၍ အုပ်ချုပ်ရေး ကော်မတီ ဖွဲ့စည်းကြောင်း ကိုးကန့်တပ်က ယနေ့ မွန်းလွဲပိုင်းက ထုတ်ပြန်သည်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက လားရှိုး ရမခ ကျဆုံးခြင်းမရှိသေးဟု ပြောဆိုကြောင်း ယနေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် ပြည်တွင်းအ‌ခြေစိုက် မီဒီယာ တစ်ခုကို ပြောဆိုထားသည်။ ည ၈ နာရီတွင် ရမခ မကျသေးကြောင်း စစ်တပ် ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက စစ်တပ်ပိုင် ရုပ်သံက တစ်ဆင့် ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး သင်္ကြန်မဏ္ဍပ် (၉)ခုထက်မနည်း ဆောက်လုပ်ထားသော်လည်း စိတ်ဝင်စားသူ နည်းပါး

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန် မဏ္ဍပ်(၉)ခုထက်မနည်း ဆောက်လုပ်ထားသော်လည်း စိတ်ဝင်စားသူ နည်းပါးကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်းဘက်တွင် အတာသင်္ကြန် မဏ္ဍပ် (၉) ခုထက်မနည်း ဆောက်လုပ်ထားပြီး စစ်ကော်မရှင်က စက်သုံးဆီချွေတာရန်ဟုဆိုကာ လမ်းလျှောက်သင်္ကြန် မဏ္ဍပ်လည်း ပြုလုပ်ထားသည်။ ထိုသို့ သင်္ကြန်ပွဲတော် ဆင်နွှဲရန် တောင်ကြီးမြို့တွင် စိတ်ဝင်စားသူ...

ဆိုင်ကယ်ဆူညံကြောင့် ချင်းမိုင်ရှိ အလုပ်သမား ၁၂ ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Chan Phueak ဈေးအတွင်း အလုပ်လုပ်ကိုင်နေသည့် သျှမ်း (တိုင်ယိုင်) အလုပ်သမား ၁၂ ဦးကို အများပြည်သူအား စိတ်အနှောင့်အယှက်ဖြစ်စေမှုနှင့် အလုပ်သမားဥပဒေ ဖောက်ဖျက်မှုတို့ဖြင့် ဧပြီလ ၈ ရက်နေ့က အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ Chan Phueak ဈေးအတွင်း...

မိုးဗြဲမြို့အနီး စစ်တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နေ့စဉ်နီးပါး နှစ်ဘက်ထိတွေ့မှုရှိနေ

0
သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့၏ ကာကင်းများကို စစ်ကော်မရှင်တပ်မှ စစ်ကြောင်းထိုးခြင်းကြောင့် ထိတွေ့တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ဧပြီလ ဒုတိယပတ်အတွင်း မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ ကရင်နီတော်လှန်ရေး တပ်ပေါင်းစု၏ ကာကင်းများကို စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ်တို့ စစ်ကြောင်းထိုးနေခြင်းကြောင့် နေ့စဉ်နီးပါး...

“တော်လှန်ရေးဆိုတာ သေနတ်တွေနဲ့ ပစ်နေရုံနဲ့လည်း ပြီးမှာမဟုတ်ဘူး။ တစ်ဖက်ကလည်း နိုင်ငံရေးရှိဖို့ လိုတာပဲလေ။”

0
ပြည်ထောင်စုနိုင်ငံရေးအင်အားစုတွေရဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (Political Coordination Body - PCB) ကနေပြီးတော့ ထုတ်ပြန်လိုက်တဲ့ အချက် (၉) ချက်နဲ့ ပတ်သက်ပြီးတော့ ဒီအဖွဲ့မှာပါဝင်နေတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ဥက္ကဌ ဦးစိုင်းညွန့်လွင်ကို သျှမ်းသံတော်ဆင့် မြန်မာပိုင်း အယ်ဒီတာ  နန်းဆိုင်နွမ် ကတွေ့ဆုံမေးမြန်းထားပါတယ်။  ။ နန်းဆိုင်နွံ။ ။ အဓိကကတော့ လက်ရှိ PCB အဖွဲ့ကနေပြီးတော့ ထုတ်ပြန်လိုက်တဲ့...

ရွာငံတွင် စစ်တပ်အရာရှိကြီး ခွင့်ပြုချက်ဖြင့် တရားမဝင် မြေနီတူးဖော်နေမှုကြောင့် တောင်သူများ အခက်တွေ့နေ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်နယ် ကဇက်ကျေးရွာအနီးတွင် စစ်တပ်အရာရှိကြီးများ၏ အကာအကွယ်ဖြင့် တရားမဝင် မြေနီတူးဖော်မှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသဖြင့် ဒေသခံတောင်သူများ၏ စိုက်ပျိုးမြေများ ပျက်စီးဆုံးရှုံးနေကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ မြေနီတူးဖော်မှုကို ကိုညီဆိုသူက ဦးဆောင်ကာ တူးဖော်နေခြင်းဖြစ်ပြီး ၎င်းသည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒု-တိုင်းမှုး၏ ခွင့်ပြုချက်ရရှိထားကြောင်း ဆိုကာ တားဆီးသည့်...