ပင်လောင်း စစ်ဆေးရေးဂိတ် ထောက်ခံစာမပြလျှင် သယ်ဆောင်လာသည့် စားနိပ်ရိက္ခာသိမ်းဆည်း

သျှမ်းပြည် ပင်လောင်းမြို့နယ်ရှိ စစ်‌ကောင်စီ စစ်ဆေးရေးဂိတ်တွင် ထောက်ခံစာမပါသည့် လူသုံးကုန်ပစ္စည်းများ၊ စားသုံးကုန်များကို သိမ်းဆည်းမှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇွန်လမှ စတင်ပြီး ပင်းလောင်းမြို့နယ် စစ်ကောင်စီ၏ ရင်းမှီး စစ်ဆေးရေးဂိတ် ဖြတ်သန်းသွားလာသည့် ဒေသခံများ တင်ဆောင်လာသည့် လူသုံးကုန်ပစ္စည်းများ၊စားသုံးကုန်ပစ္စည်းများ အတွက် ထောက်ခံစာ မပြနိုင်ပါက သိမ်းဆည်းမှု ပြုလုပ်ကြကြောင်း စစ်ဘေးရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အဓိကတော့ ရွာမှာနေထိုင်ကြောင်း လက်မှတ် ထောက်ခံစာပါ။ အဲ့ထောက်ခံစာမပြနိုင်ရင် ဆန်တွေ၊ ဆီတွေ ပေးမတင်ဘူး။ စက်သုံးဆီဆိုရင်လုံးဝကို ပေးမတင်ဘူး။ စားသောက်ကုန်တွေကိုလည်း ထောက်ခံစာမပြနိုင်ရင် သူတို့သိမ်းတယ်။ ပြန်လိုချင်ရင် သူတို့ သိမ်းတဲ့နေရာမှာ ပိုက်ဆံပေးပြီး ပြန်သွားရွေးရတယ်” ဟု စစ်ဘေးရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ် တစ်နေရာ

စစ်ကောင်စီ၏ နည်းမျိုးစုံ ငွေညှစ်တောင်းဆိုမှုနှင့် တဖက်တွင်လည်း ကုန်စျေးနှုန်းမြှင့်တက်နေမှုကြောင့် ပင်လောင်းမြို့နယ် ဝါးလီကျေးရွာ စစ်ဘေးရှောင်များသည် စားဝတ်နေရေး ပိုမိုကြပ်တည်းလာကြောင်း ၎င်းက ဆိုသည်။

ထိုဒေသတွင် ၂၄ပြည့်ဆံ့ ဆန်တစ်အိတ်လျှင် မြန်မာကျပ်ငွေ တစ်သိန်း ၃သောင်း (၁၃,၀၀၀၀) ပေးဆောင်ရပြီး၊ စစ်ဘေးရှောင်များအတွက် အလှူရှင် ရှားပါးမှုကြောင့် ဆန်တစ်အိတ်ကို ဝယ်ယူနိုင်မှုမရှိသဖြင့် မကြာမီ စားနပ်ရိက္ခာ ပြတ်လပ်နိုင်ကြောင်း စစ်ဘေးရှောင် အမျိုးသားက ပြောသည်။

“ အခု အလုပ်က နေ့စားပဲလုပ်နေရတာ။ တစ်ရက်ကို တစ်သောင်းကျပ်ရပေမယ့် နေ့တိုင်း အလုပ်မရှိဘူးလေ။ လူတိုင်းကလည်း နေ့စားလိုက်နေရတာမဟုတ်ဘူး။ အလှူရှင်ကလည်းမရှိ ကုန်စျေးနှုန်းလည်း မြင့်တက်တော့ စားဝတ်နေရေး ပိုခက်ခဲလာမယ်” ဟု စစ်ဘေးရှောင် အမျိုးသားက ထပ်လောင်းပြောသည်။

ထိုစစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာ ၁၁ ရက်ဖြစ်သည့် “၁၁.၁၁စစ်ဆေးရေး”ကြောင့် စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစု တို့တိုက်ပွဲများကြောင့် ပင်လောင်းမြို့နယ် ဆောင်းပြောင်းရွာနှင့် ကရင်နီနယ်စပ်တကြော မှ ထွက်ပြေးတိမ်းရှောင်လာကြကြောင်း သိရသည်။

ပင်လောင်း

လက်ရှိ ပင်လောင်းမြို့နယ် ဝါးလီကျေးရွာတွင် ယခင် အိမ်‌ထောင်စုစာရင်း ၈၀၀ ခန့် နှင့် တိုက်ပွဲကြောင့် ရောက်ရှိလာသည့် စစ်ဘေးရှောင် လူဦးရေ ၅ထောင်ကျော်ရှိသည်။

ထိုနေရာသည် ပင်လောင်းမြို့နှင့် ၁၄ မိုင်ဝန်းကျင်သာကွာဝေးသော်လည်း လမ်းပန်းဆက်သွယ်ရေး၊ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ် တင်းကြပ်မှုကြောင့် သွားလာရ ခက်ခဲသည့် နေရာဖြစ်သည်။

သျှမ်းပြည်အတွင်း ရောက်ရှိနေသော ကရင်နီစစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ဇူလိုင်လမှစတင်ပြီး နေရပ်ပြန်နေကြကြောင်း စစ်ဘေးရှောင်များက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အယုဒ္ဓယတွင် ချစ်သူမိန်းကလေးထံ ကျောင်းရန်ပုံငွေ ဘတ် ၉၂ သန်းကျော်လွှဲပေးသည့် ကျောင်းထိုင်ဘုန်းကြီးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင် ဘုန်းကြီးကျောင်းတစ်ခုတွင် သက်တော် ၆၆ နှစ်အရွယ််ရှိ ကျောင်းထိုင်ဆရာတော်ဖြစ်သူမှ ဘုန်းကြီးကျောင်း ရန်ပုံငွေ ဘတ် ၉၂ သန်းကျော် (မြန်မာကျပ် ၁၂ ဘီလီယံ နီးပါး) အလွဲသုံးစားလုပ်မှုဖြင့် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (စက်တင်ဘာ ၁၀ ရက်) မနက်အစောပိုင်းတွင် ထိုင်းနိုင်ငံ...

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

မာရီဂိုးလ်ပန်းစက်ရုံထွက်အနံ့ကြောင့် ဒေသခံများ ခေါင်းမူး၊ အော့အန်မှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ‌ ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ...

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

ထိုင်း မူလတန်းကျောင်းတခုတွင် ရဲအရာရှိမှ သေနတ်ဖြင့်ဝင်ပစ်၊ အမျိုးသမီးတဉီးသေဆုံး

0
ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် စည်ပင်သာရေးဌာန၏ ကလေးထိန်းကျောင်းတခုအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတဉီးသေဆုံးကြောင်း သတင်းရရှိသည်။ ယနေ့ (စက်တင်ဘာ ၉ ရက်) မနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်အတွင်းရှိ၊ နောင်ပလာလိုင် (Nong Pla Lai) ကလေးထိန်းကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတဉီး သေဆုံးခဲ့ပြီး...