ဓာတ်ပုံအဟောင်းကို အသုံးပြုပြီး လားရှိုးအရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မကျသေးဟု သတင်းအမှားဖြန့်

လက်ရှိအချိန်တွင် လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) က မကျသေးဘဲ လုံခြုံရေးဂိတ်မှာ စစ်ကောင်စီတပ်သားတွေ လုံခြုံရေးလုပ်နေသေးတယ်ဆိုတဲ့ သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။

စစ်ကောင်စီဝါဒဖြန့် နေပြည်တော် တယ်လီဂရမ်ချယ်နယ်ကနေ ဖြန့်ချိခဲ့ပြီး လုံခြုံရေးဂိတ်စောင့်နေတဲ့ စစ်သားပုံနဲ့အတူ ဖော်ပြထားပါတယ်။

၎င်းက “ရမခတိုင်းနားသီနိုင်ဖို့ အဝေးကြီး၊ အမှတ် ၂ ရဲစခန်းနားထောင် မကပ်နိုင်ဘူး ရပ်ကွက် ၁၂ ထဲဝင်လာတဲ့ ကိုးကန့်တွေလည်း အသေထွက်ချည်းပါဘဲ” လို့ (မူရင်းအတိုင်း) ရေးသားဖော်ပြထားတာပါ။

အဆိုပါ သတင်းအမှားကို ကြည့်ရှု့သူပေါင်း ၈၀၀၀ ထောင်ကျော်ပြီး နေပြည်တော်တယ်လီဂရမ်ချယ်နယ်အပြင် အခြားတယ်လီချယ်နယ်ကပါ ဖြန့်ဝေထားကြပါတယ်။

မူရင်းလင့်ခ် – https://archive.ph/v1rEF

သတင်း စစ်ဆေးခြင်း

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးကြည့်တဲ့အခါမှာ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့်သတင်းအတုဖြစ်နေတာကို တွေ့ရပါတယ်။

သတင်းမှားဖြန့်ချိသူက “လုံခြုံရေးဂိတ် သက်သေမြင်အောင်သာကြည့်လိုက်ကြ”လို့ ဖော်ပြထားတဲ့ ဓာတ်ပုံဟာ ဓာတ်ပုံအဟောင်းသာဖြစ်ပါတယ်။

လုံခြုံရေးဂိတ်စောင့်နေတဲ့ စစ်သားပုံဟာ မဇ္ဓျိမသတင်းဌာနက ဇန်နဝါရီလ ၁၀ ရက်နေ့မှာ တင်ထားတဲ့ “ကွတ်ခိုင်မြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရဲ့ စစ်ဗျူဟာအဖွဲ့ (အခြေချ) တပ်စခန်းကြီးကို တအာင်း (ပလောင်)အမျိုးသားလွတ်မြောက်ရေးက အပြီးသတ်သိမ်းပိုက်နိုင်တဲ့ ဓာတ်ပုံသာ ဖြစ်ပါတယ်။”

မဇ္ဓျိမသတင်းက ဖော်ပြထားတဲ့ဓာတ်ပုံကို ဒီမှာကြည့်ပါ – https://shorturl.at/H48v7

ဒါ့အပြင် လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) မကျသေးဘူးလို့ ဖြန့်ချိမှုမှာလည်း မှားယွင်းနေပါတယ်။

ဒေသအတွင်း သတင်းဌာနနဲ့ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းဌာန ဖော်ပြချက်အရ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) အား ယနေ့ နံနက် ၄ နာရီမှာ အပြီးသတ်သိမ်းပိုင်နိုင်ခဲ့ပြီလို့ ဖော်ပြထားပါတယ်။

ဆက်စပ်ဖတ်ရှု့ရန် – https://shorturl.at/18Qh5
သျှမ်းပြည် မြောက်ပိုင်းမှာ အကြီးဆုံးမြို့ဖြစ်တဲ့ လားရှိုးမြို့ရှိ စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်တိုင်းပိုင်း စစ်ဌာနချုပ်ကို ကိုးကန့်တပ်မတော်က ထိုးစစ်ဆင်ပြီး ယနေ့ နံနက် ၄ နာရီမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း Myanmar Now က ဖော်ပြထားပါတယ်။

Myanmar Now ကဖော်ပြထားတဲ့ သတင်းလင့်ခ်ကို ဖတ်ရန် – https://shorturl.at/YLBiD

သတင်းအမှားဖြန့်သူတွေဟာ မတူညီတဲ့နေရာက ဓါတ်ပုံတွေကို အသုံးပြုပြီး လက်ရှိအချိန်ထိ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) မကျေးသေးဘူးလို့ ဖြန့်ထားခြင်းသာ ဖြစ်ပါတယ်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ဘေးကင်းနေကြောင်း သက်သေပြရန် အာဆီယံလွှတ်တော်အမတ်များ တောင်းဆို

0
ဖိလစ်ပိုင်နိုင်ငံတွင် အစည်းအဝေး တက်ရောက်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရောက်နေချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ဘေးကင်းနေကြောင်း သက်သေပြရန် စစ်အစိုးရအား ဖိအားပေးရေး အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)က အာဆီယံခေါင်းဆောင်များကို စာပေးပို့ တိုက်တွန်းလိုက်သည်။ ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) ရက်စွဲဖြင့် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနှင့်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

ကြက်မွေးမြူရေးသုံး ကုန်စျေးနှုန်းမြင့်တက်လာမှုကြောင့် ကြက်ဉ တလုံး ၈၀၀ကျပ်ရှိ

0
သျှမ်းပြည်တောင်ပိုင်းတွင် နေ့စဉ်စားသုံးမှုများသည့် အခြေခံအစားအစားတမျိုးဖြစ်သော ကြက်ဉစျေးနှုန်းသည် တလုံးလျှင် ကျပ်ငွေ ၈၀၀ ထိမြင့်တက်လာကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်သည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှ တင်သွင်းလာသည့်ကုန်ပစ္စည်းများကို ပိတ်ပင်လိုက်ပြီး ထိုထဲတွင် တိရိစ္ဆာန်မွေးမြူရေးသုံးပစ္စည်းများလည်း အပါအဝင်ဖြစ်သည်။ ထို့ကြောင့် ကြက်မွေးမြူရေးလုပ်ငန်းတွင် အသုံးပြုသည့် အစာခြောက်များ၊ ကြက်ကာကွယ်ဆေးများ ရှားပါးလာပြီး တင်သွင်းလာသည့်...

ပေါင်းသတ်ဆေး မှားယွင်းသုံးစွဲမှုကြောင့် ပြောင်း ဧကထောင်ချီပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း မှ ပြောင်းစိုက်တောင်သူများ ပေါင်းသတ်ဆေး မှားယွင်းသုံးစွဲမှုကြောင့် ပြောင်းဧက ထောင်ချီ ပျက်စီးသွားကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ်နှင့် ပင်လောင်းမြို့နယ်မှ ပြောင်းစိုက်တောင်သူများသည် “ဟုန်းဟုန်းတောက်” တံဆိပ် ပြောင်းပေါင်းသတ်ဆေးကို သုံးပြီးနောက် ပြောင်းပင်များ ခြောက်လာပြီး သေဆုံးကုန်ကြောင်း ပြောင်းစိုက်ပျိုးသည့် တောင်သူများက ပြောသည်။ ထိုသို့ ပြောင်းပေါင်းသတ်ဆေး သုံးစွဲမှုကြောင့် တရွာလုံးအနေထားဖြင့်...

ညီနောင် EAO တစ်ဖွဲ့ချင်း ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးနှင့် ဟန်ချက်ညီရန် 7 EAO Alliance ကြိုးပမ်းထိန်းညှိနေ

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့နှင့် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ နေပြည်တော်တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၀ နှင့် ၂၁ ရက်တို့တွင် နေပြည်တော်ရှိ M...