Friday, February 13, 2026

CATEGORY

သတင်း

ဆီဆိုင်မြို့နယ် နေရပ်ပြန်သူများ ကြွင်းကျန် လက်နက်နှင့် မိုင်းကြောင့် သေဆုံးသူ တစ်ဒါဇင်ကျော်ရှိ

သျှမ်းပြည် ဆီဆိုင်မြို့နယ် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေသော စစ်ဘေးရှောင်များကို စစ်ကောင်စီနှင့် ပအိုဝ်း ပြည်သူ့စစ်( PNO) တို့ဖိအားပေး နေရပ်ပြန်ခိုင်းပြီးနောက် ကြွင်းကျန် စစ်လက်နက်ပစ္စည်းနှင့် မိုင်းကြောင့် သေဆုံးသူ တစ်ဒါဇင်ရှိကြောင်း သတင်းရရှိသည်။  စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ဖိအားပေးခြင်းကြောင့် ဇွန်လနောက်ဆုံးအပတ်မှစ၍  ဆီဆိုင်မြို့နယ်သို့ နေပြန်လာကြသည့်ခန့်မှန်းခြေ အရပ်သား (၃၀,၀၀၀) အထိ ရှိကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ထုတ်ပြန်သည့် သုတေသနစာတမ်းအရ သိရသည်။ ထိုသို့ နေရပ်ပြန်လာကြစဉ် စစ်လက်နက် အကြွင်းကျန်ပစ္စည်းများနှင့် မြေမြုပ်မိုင်းနင်းမိ ပေါက်ကွဲမှုများကြောင့် အရပ်သား တဒါဇင်ကျော်သေဆုံးပြီး တဒါဇင်ကျော် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ၎င်း ထုတ်ပြန်ချက် တွင်ရေးသားထားသည်။   မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူအများစုသည် ကျေးရွာနှင့် လူအများဖြတ်သန်းသွားလာ အသုံးပြုသည့် လမ်းများ၊ စားကျက်နေရာများ၊စိုက်ပျိုုးရေလုပ်သည့် တောင်ယာများတွင် အများဆုံးကြုံရသည်ဟု ပအိုဝ်းလူငယ်အစည်း PYO ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။ ထို့အပြင် နေရပ်သို့ပြန်လာကြသည့် စစ်ဘေးရှောင်အများစုသည်လည်း ပြန်လည်ထူထောင်ရေးအတွက် ခက်ခဲဆဲဟု နေရပ်ပြန်သွားသည့် ဆီဆိုင်မြို့ဘုရားကျေးရွာမှ ဒေသခံတစ်ဦး ကပြောသည်။ “အခုကျနော်တို့ပြန်လာတော့ ဘာမှလုပ်စားလို့အဆင်မပြေဘူး။ ကိုယ်လည်းခြေထောက်နာနေတော့ အလုပ်မရှိတာ။ လူမှုအဖွဲ့အစည်း တစ်ခုဆီက လာပေးတဲ့ ဆန်တွေနဲ့ပဲ စားနေရတယ်”...

လွိုင်လင်ခရိုင်နှင့် တောင်ကြီးခရိုင်အတွင်း စက်သုံးဆီပြတ်လပ် ထောက်ခံစာဖြင့်သာဝယ်နေရ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်နှင့် တောင်ကြီးခရိုင်တို့ဘက်တွင် စက်သုံးဆီများပြတ်လပ်နေပြီး ထောက်ခံစာဖြင့်ဝယ်နေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၃၁)ရက် ညနေပိုင်းတွင် စက်သုံးဆီရောင်းချနေသည့် ဆိုင်ကြီးများတွင် တန်းစီပြီး ထောက်ခံစာဖပါလာသည့် သူများကိုသာ ရောင်းချပေးနေကြောင်း တောင်ကြီးမြို့နယ် မှ ဒေသခံ အမျိုးသမီးတစ်ဦး ကသျှမ်းသံတော်ဆင့်ကိုပြောသည်။ ‘’၂ပိဿာပုံးနဲ့သွားဝယ်တာတောင် ထောက်ခံစာပါမှ ရောင်းပေးတာ ။ အိမ်က...

မိုးမိတ် စစ်ကောင်စီတပ် ဗျူဟာကုန်းနှင့် တပ်ရင်းအားလုံးကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်လက်ကျန် ဗျူဟာကုန်းနှင့် တပ်ရင်းအားလုံးတို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၁၁ နာရီခန့်မှ စတင်ပြီး မိုးမိတ်မြို့အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက်ခံ...

လားရှိုးမြို့သို့ ဦးဆောင်ချီတက်လာသည့် ဗိုလ်မှူးချုပ်သန်းထွန်းအောင် ခိုလမ် စစ်ဆေးရုံ ရောက်သွား

သျှမ်းပြည်၊ တန့်ယန်းမြို့မှ လားရှိုးမြို့သို့ အင်အားဖြည့်တင်းမည့် စစ်ကောင်စီယာဉ်တန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA က ကြားဖြတ်တိုက်ခိုက်ရာ ဦးဆောင်သူ ဗိုလ်မှူးချုပ် သန်းထွန်းအောင် ဒဏ်ရာအပြင်းအထန် ရရှိသဖြင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်-ရလခ ခိုလမ် စစ်ဆေးရုံတွင် ဆေးကုသနေရကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇူလိုင်လ ၃၁ ရက်)...

သမဝါယမ စနစ် ထုတ်ပြန်ပြီးနောက် မန္တလေးတွင် စက်သုံးဆီများ ပြတ်လပ်သည်အထိ တိုးဝှေ့ဝယ်ရ

စစ်အာဏာရှင် ခေတ်အဆက်ဆက် ကျင့်သုံးခဲ့သော သမဝါယမ စနစ်ကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြန်လည်ကျင့်သုံးမည်ဟု ပြောဆိုပြီးနောက် မန္တလေးမြို့တွင် စက်သုံးဆီများ စတင်ပြတ်လပ်နေကြောင်း စုံစမ်းသိရသည်။ သမဝါယမစနစ်ကို ပြန်လည်ကျင့်သုံးမည်ဟု အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်မှ ဇူလိုင် ၂၉ ရက် နေပြည်တော် အစည်းအဝေးတွင် ပြောဆိုခဲ့ကြောင်း သိရသည်။ ထိုသို့...

သျှမ်းမြောက်တွင် စစ်ရှုံးနေသည့် အာဏာသိမ်းစစ်ကောင်စီက (၆) ကြိမ်မြောက် သက်တမ်းထပ်တိုး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို ညီနောင်မဟာမိတ်တပ်များထံ လက်လွတ်လိုက်ရစဉ် အာဏာသိမ်း စစ်ကောင်စီက အရေးပေါ်ကာလကို နောက်ထပ် (၆) လ သက်တမ်းတိုးလိုက်ကြောင်း ကြေညာခဲ့သည်။ ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးကို အကြောင်းပြပြီး စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ယာယီသမ္မတ ရာထူးကို ရယူပြီးနောက်...

သီပေါမြို့နယ် စစ်ကောင်စီတပ်နှင့် MNDAA ၃ ရက်တိုက်ပွဲအတွင်း နှစ်ဘက်သေဆုံးမှုများ

သျှမ်းပြည် သီပေါမြို့နယ် နောင်ကော်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA) တို့ ၃ ရက်တိုက်ပွဲအတွင်း နှစ်ဘက် သေဆုံးမှုများကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (ဇူလိုင်လ ၂၈ ရက်) မှစတင်ပြီး ယနေ့ (ဇူလိုင်လ ၃၁ ရက်) အထိ ၃ ရက်အတွင်း သီပေါမြို့နယ်...

ကျောက်မဲ စစ်ကောင်စီတပ်ကို လက်နက်ချဖို့ TNLA ဖိအားပေးတိုက်ခိုက်နေ

သျှမ်းပြည် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများ လက်နက်ချရန် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဖိအားပေး တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်မှ စတင်ပြီး ကျောက်မဲမြို့ရှိ စစ်ကောင်စီလက်အောက်ခံ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-(၁)၊ ခြေမြန်တပ်ရင်း ခမရ-(၅၀၁)၊ (၅၀၂) တို့ကို...

SSPP/SSA နာယက ဗိုလ်ချုပ်ကြီး ဆေထင်၏ လားရှိုးရှိနေအိမ် ဖျက်ဆီးခံရ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နာယက ဗိုလ်ချုပ်ကြီး ဆေထင်၏ နေအိမ် ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၃၀ ရက်)တွင် လားရှိုးမြို့ ရပ်ကွက် (၁)၊ နယ်မြေ (၆) မြဝတီလမ်းရှိ SSPP/SSA နာယက ဗိုလ်ချုပ်ကြီး...

ကွန်ဟိန်းမြို့နယ် ကျေးရွာတစ်ခုရှိ ဒေသခံများကို RCSS မှ နေရာပြောင်း‌ရွှေ့ခိုင်း

သျှမ်းပြည် ကွန်ဟိန်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ကျေးရွာတစ်ခုရှိ ဒေသခံများကို ၅ ရက်အတွင်း အပြီးပြောင်းရွှေ့ပေးရန် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) က အကြောင်းကြားထားကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်ကာ ယနေ့ထိတိုင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS / SSA) နှင့်...

Latest news