Tuesday, January 27, 2026

သီပေါ စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် အရပ်သား ၁၉ ဦးသေဆုံး SHRF ထုတ်ပြန်

သျှမ်းပြည် သီပေါမြို့နယ်အတွင်း စစ်ကောင်စီ၏ ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သား (၁၉) ဦးသေဆုံးကာ (၁၉) ဦးဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်ကို သြဂုတ်လ ၂၆ရက်တွင်ထုတ်ပြန်ခဲ့ပြီး SHRF ၏ ဇူလိုင်လ ၁၉ ရက်မှ သြဂုတ်လ ၁၉ ရက်ထိ တစ်လတာအတွင်း မှတ်တမ်းကောက်ယူခဲ့သည့် သီပေါမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ဖြစ်သည်။

သီပေါမြို့တွင်းလက်နက်ကြီးထိမှန်သေဆုံးသူ

ထိုအထဲတွင် အရပ်သားသေဆုံးမှု ၁၉ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၉ ဦးရှိကာ တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအနီးရှိ အဆောက်အဦးအပါအဝင် အရပ်သား အဆောက်အဦး (၁၁၀) ကျော် ပျက်စီးခဲ့ကြောင်း SHRF ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် အရပ်သား ၁၉ ဦးထဲတွင် အမျိုးသမီး ၇ ဦးပါဝင်ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသည့် ၁၉ ဦးထဲတွင်လည်း အမျိုးသမီး ၆ ဦးပါရှိကြောင်း ရေးသားထားသည်။

SHRF

ပြီးခဲ့သည့် ဇူလိုင်လတွင်လည်း သိန္နီမြို့တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၃ ဦး သေဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၄ ဦးနှင့် အဆောက်အဦး ၄၀ကျော် ပျက်စီးခဲ့ကြောင်း SHFR မှ ထုတ်ပြန်ခဲ့သည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...
Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...