Friday, February 13, 2026

CATEGORY

သတင်း

လားရှိုး ကုတင် ၁၀၀ စစ်ဆေးရုံ တိုက်ခိုက်ခံရ စစ်ကောင်စီ တပ်သားအများစု သေဆုံး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ် (၉) စစ်ကောင်စီ၏ ကုတင်၁၀၀ စစ်ဆေးရုံ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဆေးကုသနေသည့် စစ်ကောင်စီ ၏ စစ်သားအများစု သေဆုံးကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( သြဂုတ်လ ၁ရက်) တွင်စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့(MNDAA) တို့ကြား နှစ်ဘက်တိုက်ပွဲကြောင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)...

ကျေးသီးမြို့နယ်အတွင်း စစ်ရေးတင်းမာနေမှုကြောင့် ဒေသခံများ တောင်ယာမသွားရန် SSPP သတိပေး

သျှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ် ဝမ်စိမ်းကျေးရွာအုပ်စုအတွင်း နေထိုင်သူများကို တောင်ယာ မသွားကြရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က သတိပေးထားကြောင်း စုံစမ်းသိရသည်။ ကျေးသီးမြို့နယ် ဝမ်စိမ်းကျေးရွာအုပ်စုအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့သည် ဇူလိုင် လလယ်မှ စတင်ကာ စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေပြီး ပြည်သူများကို...

တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် ရေကြီး၊ ရေလျှံဖြစ်

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ယခုရက်ပိုင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး အနိမ့်ပိုင်းရပ်ကွက်များ ရေကြီးရေလျှံမှု ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ တာချီလိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ ( သြဂုတ်လ ၁) ရက်မှ စတင်၍ မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး အနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် မယ်ခေါင်ရပ်ကွက်၊...

လောက်ကိုင် ပြည့်သူ့ဆေးရုံ လေကြောင်းဗုံးကြဲခံ ကိုယ်ဝန်ဆောင်နှင့် ကလေးများ အပါအဝင် အရပ်သားသေဆုံးမှုများ

သျှမ်းပြည် လောက်ကိုင်မြို့သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေး အပါအဝင် အရပ်သားသေဆုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂ ရက်) နံနက် ၁ နာရီခန့်တွင်‌ လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ရှိ မျှော်စင်နှင့် ပြည့်သူ့ဆေးရုံအနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်...

နမ့်လန်မြို့တွင်း တစ်ရက်တည်း သူခိုး (၃၄) ဦး ဖမ်းဆီးရမိ

သျှမ်းပြည် မြောက်ပိုင်း နမ့်လန်မြို့တွင်း သူခိုးများ သောင်းကျန်းနေသဖြင့် ဒေသခံများ ဝိုင်းဝန်း ဖမ်းဆီးရာ တစ်ရက်တည်း သူခိုး (၃၄)ဦး ဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့ (ဇူလိုင် ၃၁)ရက်ညနေပိုင်း တွင် နမ့်လန်မြို့တွင်း တစ်အိမ်လျှင် အမျိုးသားတစ်ဦးစုကာ မြို့တွင်း သောင်းကျန်း နေသည့် သူခိုးများကို ဝိုင်းဝန်းဖမ်းဆီးရာ...

နမ့်လန်မြို့သို့ စစ်မီးကူးလာမည်ကို ဒေသခံများ စိုးရိမ်၊ ကြိုတင်တိမ်းရှောင်နေကြ

သျှမ်းပြည် သီ‌ပေါမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး နမ့်လန်မြို့ဘက်သို့ စစ်မီးကူးလာမည်ကို ဒေသခံများ စိုးရိမ်သဖြင့် ကြိုတင် တိမ်းရှောင်နေကြကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ၂၈ ရက် မှစတင်ပြီး နမ့်လန်မြို့ နှင့် သီပေါမြို့ကြား နောင်ကော်ကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-(၁၄၇) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA...

ပင်လောင်းစစ်ရှောင် တွေ ဝမ်းပျက်ဝမ်းလျော ဖြစ်ပြီး သေဆုံးမှုများရှိနေ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်းရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ဝမ်းပျက်ဝမ်းလျောဖြစ်ပြီး အသက်သေဆုံးမှုရှိနေသော်လည်း ငှက်ပျောအူ ဆန်ပြုတ်ဖြင့် ဖြေရှင်းနေရကြောင်း စုံစမ်းသိရသည်။ ဇူလိုင် လလယ်မှ စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပင်လောင်းမြို့နယ် ဆောင်းပြောင်း စစ်ဘေးရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျောရောဂါကို စတင်ကြုံလာရပြီး စစ်ဘေးရှောင် (၆)ဦး အသက်ဆုံးရှုံးသည့်အထိ ဖြစ်နေကြောင်း စစ်ရှောင်ကူညီနေသူ...

လားရှိုးအကျဉ်းထောင်မှ ဝန်ထမ်းနှင့်မိသားစုများကို UWSA ကယ်ထုတ်ပြီး မိုင်းရယ်သို့ ပို့ဆောင်ဟုဆို

သျှမ်းပြည် လားရှိုးမြို့ရှိ အကျဉ်းထောင်မှ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းနှင့် မိသားစုများကို ‘ဝ’တပ်ဖွဲ့ UWSA မှ ကယ်ထုတ်ပြီး မိုင်းရယ်မြို့သို့ ပို့ဆောင်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၃၁ ရက်) နေ့လယ်ပိုင်းတွင် လားရှိုးမြို့ ရပ်ကွက်(၁၂) ရှိ လားရှိုးအကျဉ်းထောင်မှ ဝန်ထမ်းနှင့် မိသားစုဝင် (၁၂၀)...

လားရှိုးသို့ စစ်အင်အားဖြည့် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံမှုမဟုတ်ကြောင်း စစ်ကောင်စီပြောင်လိမ်

သျှမ်းပြည် တန့်ယန်းမြို့မှ လားရှိုးမြို့နယ် နမ့်ပေါ်ဘက်သို့ စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA ကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းအပေါ် မဟုတ်မမှန်ကြောင်း စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ်တွေက ဝါဒဖြန့်ချိနေပါတယ်။ စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် Kyaw Swar ချယ်နယ်က ဖြန့်ချိခဲ့ပြီး ယာဉ်တန်းပစ်ခတ်ခံရခြင်းမရှိဘဲ အိန္ဒိယနိုင်ငံက စစ်တပ်ကားတွေ၊ ပုံဟောင်းတွေပါလို့ ရေးသားဖော်ပြထားပါတယ်။ ၎င်းက “ဒီကားတွေက...

ပင်လောင်းမြို့ မကြုံစဖူး ရေကြီးမှု ဖြစ်ပေါ်

သျှမ်းပြည် ပင်လောင်းမြို့တွင် ၂ ပတ်ကျော်ကြာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မကြုံစဖူး ရေကြီး၊ ရေလျှံမှု ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ပင်လောင်းမြို့နယ်အတွင်း နှစ်ပတ်ကျော်ကြာ မိုးအဆက်မပြတ် ရွာသွန်းလာပြီး ဇူလိုင် ၃၀ ရက်မှ စတင်ကာ မထင်မှတ်ထားသည့် တောင်ကျရေကြောင့် မင်္ဂလာရပ်ကွက်၊ စျေးတန်းရပ်ကွက်၊ အနောက်ရပ်ကွက်ရှိ နေအိမ်များထဲသို့...

Latest news