ကျောက်မဲမြို့ စာသင်ကျောင်းထဲ စစ်ကောင်စီတပ် လေကြောင်းထပ်မံဗုံးကြဲ

သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်က အထက(၂) စာသင်ကျောင်းထဲသို့ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် စာသင်ဆောင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) ည ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ရပ်ကွက် (၉) တိလင်ရပ်ရှိ အထက-(၂) စာသင်ကျောင်းသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘော်လုံးကွင်းအတွင်း ကျရောက်ပေါက်ကွဲပြီး စာသင်ဆောင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

“မနေ့ည ၁၁ နာရီကျော်မှာ တိလင်ထဲကို လေယာဉ်နဲ့ နှစ်ခါ ဗုံးလာကြဲတာ။ ဂျက်ဖိုက်တာနဲ့ နှစ်ခါကြဲတာ၊ တစ်ခါကို ဗုံးနှစ်လုံးကျတယ်။ ဘော်လုံးကွင်းထဲ ကျတာဆိုတော့ လူထိခိုက်တာတော့ မသိသေးဘူး။ မြောက်ဘက်က စာသင်ဆောင်တွေလည်း ထိတယ်။ မြို့ခံတွေကတော့ ကြောက်လို့ တစ်ညလုံး မအိပ်ရဲတော့ဘူး”ဟု ကျောက်မဲမြို့မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့မစျေး

စစ်ကောင်စီတပ်က ယခုလာရောက်ဗုံးကြဲခဲ့သည့် ကျောက်မဲမြို့ အထက-(၂) စာသင်ကျောင်းသည် စည်ပင်သာယာရေးရုံးအနီး တည်ရှိသောကြောင့် ၎င်းစည်ပင်ရုံးကို လာရောက်ဗုံးကြဲခြင်းလည်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

ထို့အတူ ဩဂုတ်လ စတုတ္ထပတ်အတွင်းက ကျောက်မဲမြို့ မင်္ဂလာဈေးတွင် ကားလမ်းမပေါ် ဈေးဆိုင်ခင်းပြီး ရောင်းချနေသည့် ပျံကျဈေးသည်များကို TNLA နှင့် PDF တာဝန်ရှိသူများမှ သေနတ်ပစ်ဖောက်ကာ မောင်းထုတ်ခဲ့ကြောင်း ကျောက်မဲဒေသခံများထံမှ သိရသည်။

ကျောက်မဲမြို့ပေါ် စစ်ကောင်စီဗုံးကြဲ

“ရှေ့ရက်က လမ်းပေါ်မှာ ဈေးခင်းတဲ့လူတွေကို သေနတ်ဖောက်ပြီး မောင်းထုတ်တာ၊ TNLA နဲ့ PDF က စည်ပင်ကော ရဲကော ရှိနေတဲ့ ဈေးမှာလေ။ သေနတ်သံကြားတော့ ဈေးဝယ်တွေ လန့်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်ကြတာပေါ့”ဟု ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ စကခ-(၁)၊ ခြေမြန်တပ်ရင်း ခမရ-(၅၀၁၊ ၅၀၂) တို့ကို TNLA နှင့် ကျောက်မဲခရိုင် PDF ပူးပေါင်းတပ်ဖွဲ့တို့က ဩဂုတ်လ (၆) ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

၎င်းနောက် ကျောက်မဲမြို့ပေါ်တွင် တိုက်ပွဲများ ငြိမ်သက်နေခြင်းကြောင့် ဩဂုတ်လ တတိယပတ်မှ စတင်၍ စစ်ဘေးရှောင်အချို့ နေရပ်ပြန်နေကြပြီး ယနေ့ (ဩဂုတ်လ ၂၈ ရက်) နံနက်ပိုင်းမှ စတင်၍ ဗဟိုဈေးကြီးကို ပြန်လည်ဖွင့်လှစ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်ကလည်း ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဟူးကွက်ကျေးရွာ ဘုန်းကြီးကျောင်းသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် (၂) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဇရပ်နှင့် ဆွမ်းစားကျောင်းဆောင် (၂) ဆောင် ထိခိုက်ပျက်စီး၍ ကိုရင်တစ်ပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...